• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်

by ဧရာဝတီ
24 February 2022
in စီးပွားရေး
A A
စက်သုံးဆီ ဈေးနှုန်းများသည် ပြည်တွင်း ဒေါ်လာ လဲလှယ်ဈေးနှုန်းနှင့် ကမ္ဘာ့ရေနံဈေးများပေါ်တွင် အခြေခံသည် / ဧရာဝတီ

စက်သုံးဆီ ဈေးနှုန်းများသည် ပြည်တွင်း ဒေါ်လာ လဲလှယ်ဈေးနှုန်းနှင့် ကမ္ဘာ့ရေနံဈေးများပေါ်တွင် အခြေခံသည် / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာဈေးမှာလည်း စံချိန်တင်မြင့်တက်နေသည့် အချိန်တွင် ကမ္ဘာ့အရေးဖြစ်သော ရုရှား-ယူကရိန်း အရေးကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ပြည်တွင်း စက်သုံးဆီ လုပ်ငန်းရှင်များ ပြောသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က Octane 92 ၁ လီတာ ၁၆၀၅ ကျပ်၊ Octane 95 ၁လီတာ ၁၆၆၀ ကျပ်၊ ဒီဇယ် ၁ လီတာ ၁၆၃၀ ကျပ်ရှိခဲ့ရာမှ ယခု ဖေဖော်ဝါရီလ ၂၄ ရက်တွင် Octane 92 ၁ လီတာ ၁၇၁၅ ကျပ်၊ Octane 95 ၁လီတာ ၁၇၇၀ ကျပ်နှင့် ဒီဇယ် ၁လီတာ ၁၆၉၀ ကျပ် အထိ ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီ တခုမှ တာဝန်ရှိသူ တဦးက “စက်သုံးဆီဈေးကတော့ တက်မှာပဲ။ ရုရှား အရေးကြောင့် ပေါ့။ အခုလောလောက်ဆယ်ကတော့ ပြည်တွင်းကြောင့်တော့ မဟုတ်ဘူးပေါ့။ ရုရှားကြောင့်ပဲ ဖြစ်တယ်။ အခုကတော့ ဒီဇယ်ဈေးက အရမ်းတက်သွားတာပေါ့နော်။ ဒီဇယ်ဈေးက ၁ လီတာ ၁၆၉၀ လောက်ရှိတယ်။ ၁ လီတာကို ကျပ် ၃၀ လောက် အခု ထပ်တက်လာတယ်”ဟု ပြောသည်။

ရန်ကုန်ဆိပ်ကမ်းသို့ စက်သုံးဆီအဝင်မှာလည်း လက်ရှိတွင် နည်းပါးနေပြီး တချို့ စစ်တပ်နှင့် နီးစပ်သည့် ရွှေဗိုင်းဖြူ အစရှိသည့် စက်သုံးဆီကုမ္ပဏီများကို ယခုအခါ စင်ကာပူက ဆီရောင်းချပေးခြင်းမရှိတော့သဖြင့် ပြည်တွင်း စက်သုံးဆီ ရောင်းချသည့် ဆိုင်နည်းပါးသွားနိုင်ကာ ဈေးနှုန်းများ မြင့်တက်လာနိုင်သည့် အကြောင်းအရင်းများ ဈေးကွက်အတွင်း၌ ရှိနေကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ဆက်လက်၍ ၎င်းက “စက်သုံးဆီက တပေပါကို လက်ကားဈေး အခု ၅ ဒေါ်လာလောက်အထိ ထိုးတက်လာတယ်။ ဆိုင်မှာ အခုရောင်းနေတာကျတော့ စပါယ်ရှယ်ဈေးနဲ့ ရောင်းနေတာတွေလည်း ရှိတော့ အဲ့လောက်တော့ ထိုးမတက်သေးဘူးပေါ့”ဟု လက်ရှိ ဈေးကွက် အခြေအနေကို ရှင်းပြသည်။

စက်သုံးဆီ ဈေးနှုန်းများသည် ပြည်တွင်း ဒေါ်လာ လဲလှယ်ဈေးနှုန်းနှင့် ကမ္ဘာ့ရေနံဈေးများပေါ်တွင် အခြေခံသောကြောင့် စစ်ကောင်စီအနေနှင့် လက်ရှိ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မထိန်းချုပ်နိုင်လျှင် တခြားနိုင်ငံများထက် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုမှာ ယခုထက် ပို၍ ပို၍ ဆိုးရွားလာနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ထိုသို့ စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့် အတွက် ပြည်တွင်းရှိ ကုန်တင်ကား လုပ်ငန်းရှင်များ တချို့ လုပ်ငန်းရပ်နားခြင်းနှင့် ရန်ကုန်မြို့ရှိ အငှားတက်စီ ယာဉ်မောင်းများ တွက်ချေမကိုက်သဖြင့် ထက်ဝက်ခန့် ရပ်နားလာကြောင်း ယာဉ်မောင်းများထံက သိရသည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
139
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
480
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k

ရန်ကုန်မြို့ တက်စီ ယာဉ်မောင်းတဦးက “ကျနော်တို့ အခု တွက်ချေ ဆီဖိုးနဲ့ ဘယ်လိုမှ မကိုက်ဘူး။ အဲ့တော့ တချို့ လည်း ရပ်ထားပြီး ပုံမှန် ကိုယ့်ခရီးသည်လောက်ပဲ ဆွဲတယ်။ စက်သုံးဆီက တလီတာ ကျပ် ၁၀၀၀ ကျော် တက်လာပြီးထဲက ပြန်ကျတယ်မှ မရှိတာ။ တပတ် နှစ်ပတ်နေကျရင် ၁၀ ကျပ်လောက်ပဲ။ ပြန်တက်ရင် ကျပ် ၄၀ နဲ့ ၅၀ လောက် တက်တယ်။ အခုတော့ တက်စီ ယာဉ်မောင်း ထက်ဝက်လောက်က ရပ်သွားကြပြီ။ အုံနာကြေးနဲ့ ဆီဖိုးနဲ့ ဆွဲရတာက ဘယ်လို မမျှတတော့ မတက်နိုင်တော့ဘူး”ဟု ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်း အပါအဝင် ကမ္ဘာ ရေနံဈေး မြင့်တက်လာခြင်းတို့ကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး ယင်းနှင့် ဆက်စပ်သည့် သယ်ယူပို့ဆောင်ရေး စရိတ်များ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ အစရှိသည်တို့၏ ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူများ ခံနေရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့် အတွက် ဈေးနှုန်း ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာသန်း ၁၅၀ ကို ဈေးပြိုင် လေလံစနစ်နှင့် ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များကို ရောင်းချပေးခြင်းများ ရှိခဲ့သော်လည်း ယင်းက ဈေးကွက်အတွင်း ထိရောက်မှု မရှိလှကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း စက်တင်ဘာလအထိ စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ လက်ရှိအချိန်ထိ မြန်မာကျပ်ငွေတန်ဖိုးမှာ ဆိုးရွားစွာ ကျဆင်းလာနေ သောကြောင့် လောင်စာဆီအပါအဝင် တခြားသော ကုန်ကျစရိတ်များမှာ ယခင်ထက် ပိုမို ကုန်ကျမှု များလာနေသည်။

လက်ရှိ YBS ယာဉ်လိုင်းများကလည်း စက်သုံးဆီ ဈေးမြင့်တက်မှုကို အကြောင်းပြပြီး ယာဉ်စီးခများ တိုးတောင်းနေသလို အချို့ယာဉ်လိုင်းများတွင် ယာဉ် အကူနှင့် ခရီးစဉ်အလိုက် ငွေတောင်းခံမှုများ ရှိနေကြောင်း ခရီးသည်များက ပြောသည်။

You may also like these stories:

ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ

ရဲတံခွန် စီမံကိန်းမှ Petronas နှင့် Mitsubishi ကုမ္ပဏီတို့ နုတ်ထွက်မည်

MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ပြန်ထွက်

Your Thoughts …
Tags: ကျပ်ငွေတန်ဖိုးကျဆင်းစက်သုံးဆီဈေးနှုန်းများဆက်လက်မြင့်တက်နိုင်ရုရှား-ယူကရိန်း အရေးအမေရိကန်ဒေါ်လာဈေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဈေးကွက်အတွင်း ဒေါ်လာလဲလှယ်နေမှု / ဧရာဝတီ

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်း

by အောင်သီဟ
3 February 2021
50.5k

၁ ဒေါ်လာကို ကျပ် ၁၃၃၀ ဝန်းကျင်သာ ရှိခဲ့သော အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းသည် ယခု၂ ရက် အတွင်းတွင် တဒေါ်လာကျပ် ၇၀ ကျော်အထိ တရှိန်ထိုးမြင့်တက်လာလျက်ရှိပြီး ထိုင်းဘတ် ဈေးနှုန်းများသည် တဘတ် လျှင်...

စစ်အာဏာသိမ်း  ၆ လအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာသန်း ၉၀ နီးပါး ထုတ်ရောင်းခဲ့သည် / ဧရာဝတီ

ကျပ်ငွေတန်ဖိုး ကျဆင်းမှု ထိန်းရန် ဗဟိုဘဏ် ၆ လအတွင်း ဒေါ်လာသန်း ၉၀ နီးပါး ထုတ်ရောင်း

by ဧရာဝတီ
29 July 2021
16.2k

ဗဟိုဘဏ်က ပြည်တွင်းဘဏ်များကို လေလံထုတ်ရောင်းပေးသည် တဒေါ်လာ လဲလှယ်နှုန်းသည်ပင် ကျပ် ၁၆၄၅ ဖြစ် သည်။

Next Post
စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြခဲ့စဉ် / ဧရာဝတီ

စစ်ကောင်စီခန့် UEC ကို NLD နှင့် SNLD အာခံ

စစ်ကောင်စီ UEC ထံ  သွားရောက်အစစ်မခံနိုင်ဟု NLD နှင့် SNLD တုံ့ပြန် (ရုပ်/သံ)

စစ်ကောင်စီ UEC ထံ သွားရောက်အစစ်မခံနိုင်ဟု NLD နှင့် SNLD တုံ့ပြန် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved