• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီခန့် UEC ကို NLD နှင့် SNLD အာခံ

by ဧရာဝတီ
24 February 2022
in သတင်း
A A
စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြခဲ့စဉ် / ဧရာဝတီ

စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြခဲ့စဉ် / ဧရာဝတီ

4.7k
VIEWS
Share on FacebookShare on Twitter

ပါတီ၏ စာရင်းများအား အစစ်ဆေးခံရန် စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြေညာချက်ကို လက်မခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ က အသီးသီးတုံ့ပြန် အာခံခဲ့ကြသည်။

UEC က NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ ၄ ပါတီ၏ စာရင်းများအား ဖေဖော်ဝါရီလ ၁၄ ရက်တွင် လာရောက်အစစ်ဆေးခံရန် Email ဖြင့်သော်လည်းကောင်း ၊ နိုင်ငံပိုင်မီဒီယာများမှ သော်လည်းကောင်း ကြေညာခဲ့သော်လည်း NLD နှင့် SNLD သည် လာရောက်စစ်ဆေးခံခြင်း မရှိကြောင်း UEC က မီဒီယာအချို့သို့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဖြေကြားသည်။

အဆိုပါဖြေကြားချက် လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် NLD နှင့် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူများက တုံပြန်ပြောကြားခြင်းဖြစ်သည်။

NLD နှင့် SNLD တို့သည် ၁၉၉၀ ရွေးကောက်ပွဲမှစ၍ စစ်အာဏာရှင်ခေတ်တိုင်းတွင် ပါတီခေါင်းဆောင်များ ဖမ်းခံရသည်အထိ ခက်ခဲစွာ ရပ်တည်ရလေ့ရှိပြီး ဝင်ပြိုင်သည့် ရွေးကောက်ပွဲများတွင် အပြတ်အသတ် အနိုင်ရလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲအများဆုံးရရှိခဲ့သည့် နိုင်ငံရေးပါတီများလည်းဖြစ်သည်။ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကလည်း တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီခန့် UEC အနေနှင့် နိုင်ငံရေးပါတီများကို ယခုကဲ့သို့စစ်ဆေးခွင့်မရှိကြောင်းဆိုသည်။

“ငွေစာရင်းစစ်ဖို့ အမှန်တကယ်ဥပဒေနဲ့အညီ တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်ဖို့လည်း လိုပါမယ်။ အခုရွေးကောက်ပွဲကော်မရှင်ဟာ အာဏာသိမ်းစစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတောင်မှပဲ ဖွဲ့စည်းပိုင်ခွင့်မရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ သူတို့မှာ နိုင်ငံရေးပါတီတွေကို စစ်ဆေးပိုင်ခွင့်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
21
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
676
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
45

NLD ပါတီ၏ ငွေစာရင်းကို စစ်ဆေးမည်ဆိုပါက ပါတီ၏ အဓိက တာဝန်ရှိသော စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ခေါင်းဆောင်များအား အမြန်ဆုံးပြန်လွှတ်ပေးရန် လိုကြောင်း ဦးကျော်ထွေးက ပြောသည်။ ၎င်းက “ငွေစာရင်းအစစ်ခံမယ် အစစ်မခံနိုင်ဘူး ဆုံးဖြတ်နိုင်တာက ဗဟိုအလုပ်အမှုဆောင် စုံညီ အစည်းအဝေးရဲ့ ဆောင်ရွက်ချက်နဲ့ပဲ ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့်တို့ကဲ့သို့ ခေါင်းဆောင်များအား ဖမ်းဆီးထားပြီး အချို့ခေါင်းဆောင်များကိုလည်း ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည်ထောင်ဒဏ်များချထားသည်။

NLD ပါတီထံမှ သိရသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းရှိ NLD ပါတီဗဟိုဌာနချုပ်ကို မီးလောင်စေတတ်သည့် အရာဖြင့် ပစ်ခတ်ခံခဲ့ရသလို နိုင်ငံတဝန်းရှိ ပါတီ ရုံးပေါင်း ၉၁ ရုံးမှာလည်း တိုက်ခိုက်မှုများ ခံထားရကြောင်း သိရသည်။

SNLD ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကလည်း SNLD အနေနှင့် စစ်ကောင်စီ၏ UEC ထံတွင် ပါတီ၏ ပစ္စည်းစာရင်း၊ ပါတီဝင်နှင့် ငွေစာရင်းများအား သွားရောက်အစစ်ဆေးမခံနိုင်ကြောင်း ပြောသည်။

“ကျနော်တို့ အရင်ကတည်းကလည်း နှုတ်နဲ့ လှမ်းပြောထားပြီးသားဖြစ်ပါတယ်။ လိုအပ်ရင် ရုံးကို လာစစ်ပါ။ သူတို့ညွှန်ကြားတဲ့ ဆီကို ကျနော်တို့ မသွားနိုင်ပါဘူး။ ဒီအတိုင်းပဲ ကျနော်တို့ ရပ်တည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ စိုင်းလိတ်က ပါတီစာရင်းများ အစစ်အဆေးမခံနိုင်ဟု ဆိုထားသည့် နိုင်ငံရေးပါတီ ၇ ပါတီထက်မနည်းရှိသည်ဟု ကြားသိရသည့် အနက် NLD နှင့် SNLD ကိုသာ ဦးတည် ဖိအားပေးနေခြင်းသည် မည်သည့် ရည်ရွယ်ချက်ကြောင့်နည်းဟု နားမလည်ဖြစ်ရကြောင်း ဆိုသည်။

UEC ၏ ကြေညာချက်တွင် အစစ်အဆေးခံရန် ပျက်ကွက်သည့် နိုင်ငံရေးပါတီ ၂ ပါတီအနေနှင့် လာမည့် မတ်လ ၉ ရက် နောက်ဆုံးထားကာ အစစ်ဆေးခံရန် ညွှန်ကြားကြောင်း ၊ ပျက်ကွက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (ဂ) ၊ (ဃ) ၊ (င) တို့နှင့် အညီ အရေးယူခံရနိုင်ကြောင်း ဆိုသည်။

UEC က ရည်ညွှန်းထားသည့် အဆိုပါဥပဒေပုဒ်မများအရ အရေးယူခံရပါက အရေးယူခံရသည့် ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ၃ နှစ်သော်လည်းကောင်း၊ ယာယီအားဖြင့်သော်လည်းကောင်း ၊ ပါတီဖျက်သိမ်းခံရသည် အထိသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရသိရသည်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကလည်း NLD နှင့် SNLD တို့ကဲ့သို့သော နိုင်ငံရေးပါတီများကို ပါတီစာရင်းများလာရောက်စစ်ဆေးခံရန် UEC က ဖိအားပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်မပြိုင်နိုင်ရန် ကြိုတင်ဟန့်တားသည့် ခြေလှမ်းကို ပြင်ဆင်လာသည့် သဘောဖြစ်ကြောင်း ဆိုသည်။

“ဒါတွေက သူတို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မှုမရှိခြင်းအားဖြင့် သူတို့အလေးပေးတဲ့ ပါတီ ဥပမာ USDP ပေါ့။ ကျွတ်ကျွတ်လွတ်လွတ် အနိုင်ရတဲ့ အစဉ်အလာကြီးတဲ့ လူထုထောက်ခံမှုများတဲ့ ပါတီတွေကို ယာယီရပ်ဆိုင်း၊ သို့မဟုတ် အမြဲတမ်းဖျက်သိမ်းမှသာလျှင် အခွင့်အလမ်းသာမယ်လို့ ဆိုတဲ့အတွက် ဒါသည် ကျနော့်တဦးတည်းအမြင်အရ‌တော့ ရိုးသားမှုမရှိဘဲ နိုင်ငံရေးရည်ရွယ်ချက် ရှိရှိနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်လိုက်တဲ့ ခြေလှမ်းလို့ မြင်ပါတယ်” ဟုဆိုသည်။

You may also like these stories:

မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ

စစ်ကောင်စီ၏ မဲမသမာမှု ဝါဒဖြန့်စာအုပ် သံဃာတော်များ လက်မခံ

UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ၂ ဦးကို အာမခံမပေးလို၍ ကျင့်ထုံးပုဒ်မဖြင့် တရားစွဲထား

ပြည်နယ်နှင့်တိုင်း ရွေးကော်အဖွဲ့ဝင်ဟောင်းများကို ပြစ်ဒဏ်များချနေ

PR စနစ် ပြောင်းရန်ကြိုးစားမှု စစ်အုပ်စု စဉ်ဆက်မပြတ် အာဏာချုပ်ကိုင်နိုင်ရေးလား

Your Thoughts …
Tags: NLD နှင့် SNLD အာခံစစ်ကောင်စီခန့် UECပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး / ဧရာဝတီ

မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ

by ခင်ထွန်း
16 February 2022
17.8k

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေ ဖြင့် ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို ပယ်ဖျက်ခွင့် ရှိ မရှိ မေးရမည်။

ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်  / ဧရာဝတီ

သမ္မတ ဦးဝင်းမြင့်ကို နိုင်ငံတကာက မေ့လျော့နေ

by ဧရာဝတီ
19 October 2022
4.9k

အဖမ်းခံထားရဆဲဖြစ်သည့် မြန်မာသမ္မတကို နိုင်ငံတကာအသိုက်အဝန်းနှင့် သံတမန်များက မေ့လျော့နေပုံရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ အားလုံး ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်ထားသည် / ဧရာဝတီ

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင့်နိုင်ငံရေး

by မင်းအောင်ခိုင် နှင့် ခိုင်ရိုးလ
19 October 2020
12.8k

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ အားလုံး ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း / ဧရာဝတီ

UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ၂ ဦးကို အာမခံမပေးလို၍ ကျင့်ထုံးပုဒ်မဖြင့် တရားစွဲထား

by ဧရာဝတီ
18 February 2022
8.3k

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က သည် အာမခံပေးနိုင်သည့် ပုဒ်မတခုဖြစ်ပြီး အခြားသော တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အရပ်သားကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ယင်း ပုဒ်မ ၁၃၀-က ဖြင့်ပင် တရားစွဲဆိုရာ၌လည်း အာမခံဖြင့်...

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စင်္ကာပူနိုင်ငံရောက် မြန်မာများ မဲပေးရန် တန်းစီနေကြစဉ် / စလုံး Blogger

မဲပေးပိုင်ခွင့် ရှိသူတွေ မဲပေးနိုင်အောင် သံရုံးက စောင့်နေမှာပါ

by ထွန်းထွန်း
29 September 2020
10k

ပြည်ပရောက် ကြိုတင်မဲပေးရေး လုပ်ငန်းစဉ်တွေအပေါ် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ဆောင်ရွက်ထားမှုတွေနဲ့ ပတ်သက်ပြီး စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းထံ ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲနေ့ မဲရေတွက်စဉ် / ဧရာဝတီ

PR စနစ်ကို အနိုင်ရ နိုင်ငံရေးပါတီများ ထပ်ကန့်ကွက်

by ဧရာဝတီ
9 November 2021
7k

PR ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများက လက်မခံဘဲ ကန့်ကွက်ကြောင်း ပြောကြားသည်။

Next Post
စစ်ကောင်စီ UEC ထံ  သွားရောက်အစစ်မခံနိုင်ဟု NLD နှင့် SNLD တုံ့ပြန် (ရုပ်/သံ)

စစ်ကောင်စီ UEC ထံ သွားရောက်အစစ်မခံနိုင်ဟု NLD နှင့် SNLD တုံ့ပြန် (ရုပ်/သံ)

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာကို PDF ‌တွေ နောက်ဆုတ်ပေးလိုက်ရ

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာကို PDF ‌တွေ နောက်ဆုတ်ပေးလိုက်ရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved