IT

Facebook, Instagram နဲ့ WhatsApp တို့ မှာ ချို့ယွင်းချက်များ ဆက်လက် ဖြစ်ပေါ်နေ

Want create site? Find Free WordPress Themes and plugins.

Facebook ၊ Instagram နဲ့ WhatsApp တို့ရဲ့ ဆာဗာတွေဟာ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၉ နာရီခွဲဝန်းကျင်မှာ တပြိုင်တည်း ချို့ယွင်းချက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ Instagram မှာ ပရိုဖိုင်တွေ ကြည့်လို့မရတာ၊ Facebook News Feed မှာ ဘာမှ မပေါ်လာတာ၊ Like လုပ်လို့မရတာ၊ WhatApp ကနေ မက်ဆေ့တွေ ပေးပို့၊ လက်ခံလို့ မရတော့တာ စတဲ့ ပြဿနာတွေကို တကမ္ဘာလုံးက အသုံးပြုသူအများအပြား ကြုံတွေ့ခဲ့ရပါတယ်။

Facebook ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Facebook, Instagram နဲ့ WhatsApp သုံးခုလုံး တပြိုင်တည်း ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့တာ အခုဆို တရက်နီးပါး ရှိသွားပါြပီ။ ဒါပေမယ့် ကမ္ဘာ့နေရာ အနှံ့အပြားက အသုံးပြုသူအချို့အနေနဲ့ ပြဿနာတွေ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်တာကို ဆက်သွယ်ရေးဝန်ဆောင်မှုတွေရဲ့ ဆာဗာချို့ယွင်းချက်ကို အချိန်နဲ့တပြေးညီ သတင်းပို့နေတဲ့ DownDetector ကနေတဆင့် သိရှိရပါတယ်။

ယနေ့ ကြာသပတေးနေ့ မနက်မှာ Facebook နဲ့ Instagram တို့ကို ပုံမှန်အတိုင်းနီးပါး ပြန်အသုံးပြုလို့ရလာပေမယ့်၊ Facebook.com, Instagram နဲ့ WhatsApp က တချို့ လုပ်ဆောင်ချက်တွေကို အသုံးပြုလို့ မရသေးကြောင်း အသုံးပြုသူတွေက ပြောကြားနေကြပါတယ်။ Messenger မှာ မက်ဆေ့နဲ့ ပုံတွေ မပို့နိုင်တာ၊ Post တင်လို့မရတာ စတဲ့ ပြဿနာလေးတွေ ဆက်ရှိနေတာပါ။ ဒါ့အပြင် Facebook အပိုင် Oculus VR မှာပါ ချို့ယွင်းချက်တွေ ဖြစ်ပေါ်နေတယ်လို့ The Verge က ရေးသားထားပါတယ်။

Facebook အကောင့်နဲ့ ချိတ်ဆက်ဝင်ရတဲ့ Tinder, Spotify စတဲ့ အခြား Apps တွေမှာပါ Facebook နဲ့ ဝင်မရ ဖြစ်နေတယ်လို့လည်း အသုံးပြသူအချို့က သတင်းပေးပို့ခဲ့ပါတယ်။ အကောင့် ဝင်ပြီးသားလူတွေမှာတော့ ပြဿနာ မရှိဘဲ၊ အကောင့်ထွက်လိုက်တာနဲ့ ပြန်ဝင်မရ ဖြစ်နေတာပါ။

Facebook ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ကုမ္ပဏီပိုင် Apps တွေကို ပိုမို ပေါင်းစည်းပြီး၊ တခုနဲ့ တခု အပြန်အလှန် မက်ဆေ့ ပေးပို့နိုင်စွမ်းတွေပါ လုပ်ပေးဖို့ ရှိကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ ဒီလို ပြောပြီး မကြာခင်မှာပဲ Apps အကုန်လုံး တပြိုင်တည်း ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့တာပါ။

ချို့ယွင်းချက် ဖြစ်နေတဲ့ ဝန်ဆောင်မှုတွေကို ဖော်ပြပေးနေတဲ့ Facebook ကိုယ်ပိုင် Bug Report ပလက်ဖောင်းပါ ဝင်မရဖြစ်ခဲ့တာကြောင့် Facebook Apps တွေမှာ ချို့ယွင်းချက် ရှိနေကြောင်းကို တခြားကုမ္ပဏီပိုင်ဖြစ်တဲ့ Twitter ကနေ ကြေညာခဲ့ရပါတယ်။

Ref: The Verge, NY Times

Did you find apk for android? You can find new Free Android Games and apps.
Loading