• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

အမျိုးသမီးများ အရေးပေါ်အခြေအနေတွင် သုံးနိုင်မည့် အပလီကေးရှင်းထုတ်လုပ်

by လဲ့လဲ့
14 March 2019
in Women & Gender
A A
khayar application / အခရာ အဖွဲ့ / Facebook

khayar application / အခရာ အဖွဲ့ / Facebook

20.3k
VIEWS
Share on FacebookShare on Twitter

အမျိုးသမီးများအား အရေးပေါ်အခြေအနေတွင် အင်တာနက်အသုံးပြုပြီး ခလုတ် တချက် နှိပ်လိုက်ယုံဖြင့် ၎င်းတို့၏ ယုံကြည်စိတ်ချရသူများအားလုံးထံသို့ တပြိုင်တည်း အချက်ပြ အကူအညီတောင်း ခံနိုင်သည့် Mobile App တခု ကို အခရာမြန်မာအမျိုးသမီးအဖွဲ့က ထုတ်လုပ်လိုက်သည်။

အခရာမြန်မာအမျိုးသမီးအဖွဲ့နှင့် MSDT Company Limited တို့ ပူးပေါင်းထုတ်လုပ်ထားသော Mobile App သည် အမျိုးသမီးများအတွက် အဓိကရည်ရွယ်ပြီး အရေးပေါ်အခြေအနေများတွင် ဖုန်းထဲမှတဆင့် ၎င်းတို့ ၏ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများအား အကူအညီတောင်းခံနိုင်ရန် ခေတ်မီနည်းပညာအသုံးပြုထား သော လုံခြုံရေးဆိုင်ရာ Mobile App တခုဖြစ်သည်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
937
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
10k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
31.6k

“ဒါက တကယ်တော့ အစိုးရလုပ်ရမှာ။ ကျမတို့က ဖုန်းနှိပ်လိုက်ရုံနဲ့ သွားကူညီပေးနိုင်မယ့် အခြေအနေ၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ကျမတို့အပလီကေးရှင်းရဲ့ ရည်ရွယ်ချက်ကိုက ကိုယ်က အန္တရာယ်ရှိလို့ တယောက်ယောက်ကို မက်ဆေ့ချ်ပေးချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်တယ်” ဟု အခရာမြန်မာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ မထားထားက ဧရာဝတီသို့ ပြောကြားသည်။

ခရာ (Khayar)Appက မိမိယုံကြည်စိတ်ချရသူများ၏ ဖုန်းနံပါတ်များကို တနေရာ ထဲတွင် စုပြီး သိမ်းထား နိုင် ခြင်း၊ အရေးပေါ်အခြေအနေတွင် အင်တာနက်အသုံးပြုပြီး ခလုတ်တချက် နှိပ်လိုက် ယုံဖြင့် ၎င်းယုံကြည်စိတ် ချ ရသူများအားလုံးထံသို့ တပြိုင်တည်း အချက်ပြ အကူအညီတောင်းခံနိုင်ခြင်း၊ အကူအညီတောင်းခံရ သူများ မှ အကူအညီတောင်းခံသူ၏ တည်နေရာကို App မှတဆင့် အမြန်ဆုံးရှာဖွေနိုင်ခြင်းများကို လုပ်ဆောင်နိုင် သည်။

Mobile Appထုတ်လုပ်ရခြင်းက အမျိုးသမီးများအတွက် ရည်ရွယ်ခြင်းဖြစ်သော်လည်း လွန်စွာအန္တရာယ်ရှိနေသည့် အချိန်မျိုးတွင် အမျိုးသားအနေဖြင့် သုံးချင်သည့်ဆန္ဒရှိပါကလည်း သုံးစွဲနိုင်ကြောင်း သိရသည်။

Software developer မခင်စန္ဒာက “ခုက version 1 ထွက်တာ၊ နောက်versionက ၂လခြား၊ ၃လခြားတခါမှာ လုပ် ဖို့ှရှိတယ်။ errorပြင်တာကတော့ တလတခါ ဆော့ဝဲလ်က updateဖြစ်နေမှာပါ။ သုံးစွဲသူတွေရဲ့အကြုံပြု ချက် ယူပြီး နောက် versionမှာ သုံးမယ်။ ကျမတို့ရဲ့စနစ်ကိုက လူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆက်သွားမယ်” ဟု ရှင်းပြသည်။

လက်ရှိ ထွက်ရှိထားသည့် အပလီကေးရှင်း၏အားနည်းချက်သည် google map မရသည့်ဖုန်း၊ 4G မဟုတ်ပဲ အင်တာနက်မရှိသည့်နေရာ ၊noti မက်ဆေ့မရသည့် ဖုန်းများက ၎င်းအပီကေးရှင်းကို သုံးစွဲ၍ မရနိုင်ပါ။ ၎င်းက ခရာApp၏ အားနည်းချက်ဖြစ်သည်။

“အကြံပေးစာတွေ အပေါ်မှာ မူတည်ပြီးတော့ သုံးတဲ့သူတွေရဲ့ အချိုးအစားပေါ်မှာမူတည်ပြီး နောက်ထပ်ဗားရှင်း တွေမှာ ပိုမိုကောင်းမွန်အောင်လုပ်ပေးသွားမှာပါ” ဟု မခင်စန္ဒာက ပြောသည်။

ခရာApp၏ရည်ရွယ်ချက်သည် မြန်မာပြည်အနှံ့အပြားတွင် ခရာApp ကိုအသုံးပြုပြီး ပိုမိုကျယ်ပြန့် ထိရောက် သော လုံခြုံရေးစနစ်တခု ဖန်တီးပေးနိုင်ရန်၊ ခရာApp မှတဆင့် အမျိုးသမီးများ အတွက် ပိုမိုလုံခြုံစိတ်ချ ရသော ပတ်ဝန်းကျင်တခု ဖြစ်လာစေရန်၊ ခရာApp အသုံးပြု ခြင်းဖြင့် ယုံကြည်စိတ်ချရပြီး ပိုမိုကျယ်ပြန့်သော ခိုင်မာသည့် လူမှုကွန်ရက် ထူထောင်နိုင်ရန် ဖြစ်သည်။

အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်လူမူအသိုင်းအဝိုင်းက ပြီးပြည့်စုံသည့် ကာကွယ်မှု မလုပ်နိုင် သည့်အတွက် အခရာမြန်မာအမျိုးသမီးအဖွဲ့အနေဖြင့် လုပ်နိုင်သည့် အတိုင်းအတာ၊ ကွက်လပ် ဖြည့်နိုင်သော အတိုင်းအတာနှင့် ဖြည့်ဆည်းသွားမည်ဟု မထားထားက ဆိုသည်။

၎င်းအပီကေးရှင်းထုတ်ရုံမျှဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုလျော့နည်းသွားမည် မဟုတ်ကြောင်း၊ အကြမ်းဖက်မှုလျော့နည်းရန်အတွက်က ဥပဒေများ ခိုင်မာရမည်။ ဥပဒေများ အသက်ဝင်ရမည်ဖြစ်ပြီး ပြည်သူ လူထု၏အမြင်များပါ ပြောင်းလဲရမည်ဟု သူက ထောက်ပြထားသည်။

အခရာမြန်မာအမျိုးသမီးအဖွဲ့သည်မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ကာကွယ်တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော ပြည်တွင်းအဖွဲ့အစည်း တခု ဖြစ်သည်။

အခရာအဖွဲ့အနေဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်လျှော့ချရေးကို “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)” နှင့်အညီ ၂၀၁၃ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်ခံရသော အမျိုးသမီးများအား လိုအပ်သည့် ဝန်ဆောင်မှုများဖြင့် ကူညီပေး လျက်ရှိသည်။

အခရာအဖွဲ့၏ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်လျှော့ချရေး အတွေ့အကြုံများ အရ အမျိုးသမီးများအား အရေးပေါ်အခြေအနေများတွင် အကူအညီပေးနိုင်ရန် ရပ်ရွာလူထုတွင်း ကာကွယ်ရေး စနစ်တရပ် လိုအပ်နေသည်ကိုတွေ့ရှိရသည်ဟု မထားထားက ဆိုသည်။

မြန်မာနိုင်ငံလူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (Demographic Health Survey Myanmar) ၏ ၂ဝ၁၅-၂ဝ၁၆ခုနှစ်တွင် စစ်တမ်းကောက်ယူ ရရှိချက်များအရ စစ်တမ်းဖြေ ဆိုသူ အမျိုးသမီးများအနက် စစ်တမ်းမတိုင်မီ ကာလ ဖြစ်သည့် ၂၀၁၄ ခုနှစ် အတွင်း ၁၅ရာခိုင်နှုန်းသော အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားခဲ့ရပြီး ၃ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားရ ကြောင်း တင်ပြထားသည်။

ထို့အပြင် အိမ်ထောင်ရှင်အမျိုးသမီးများ၏ ၂၁ရာခိုင်နှုန်းသည် ခင်ပွန်းသည်၏အကြမ်းဖက်မှုကို ခံစားခဲ့ရ ကြောင်း၊ ခင်ပွန်းသည်၏ အကြမ်းဖက်မှုကို ခံစားခဲ့ရသူများအနက်မှ ၃၇ရာခိုင်နှုန်းသည် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇ရာခိုင်နှုန်းက ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်တမ်းတွင် ဆိုထားသည်။

ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရဖူးသူများထဲမှ ၂၂ရာခိုင်နှုန်းက အကြမ်းဖက်မှုကို ရပ်တန့်စေရန် အကူအညီများ ရယူခဲ့ပြီး ၃၇ရာခိုင်နှုန်းက ဖွင့်ဟပြောဆိုခြင်း မပြုခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။

၎င်းအကြမ်းဖက်မှုများသည် နိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးအစရှိသည့် နယ်ပယ် အသီးသီးအား ထိခိုက်နစ်နာမှုကို ဖြစ်စေသည့်အတွက်ကြောင့် အခရာ မြန်မာအမျိုးသမီး အဖွဲ့ အနေဖြင့်ခေတ်မှီနည်းပညာဖြင့် အချိန်တိုအတွင်း ထိရောက်နိုင်မည့် အမျိုးသမီးအပေါ် အကာအကွယ်ပေးသည့် စနစ်တရပ်ကို အသုံးပြုနိုင်ရန် လူထုနှင့် မိတ်ဆက်ပေးခြင်း ဖြစ်သည်။

ဆောဝဲလ်ထည့်ချင်ပါက google play store တွင် ခရာဟု ရိုက်နှိပ်ပြီး ဒေါင်းလော့ရယူနိုင်သည်ဟု သိရသည်။

Your Thoughts …
Tags: အခရာအပလီကေးရှင်းအမျိုးသမီးများအရေးပေါ်အခြေအနေ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

by Rajiv Bhatia
11 August 2023
7.6k

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

by ဧရာဝတီ
3 February 2024
5.2k

ဦးမြင့်ဆွေ၏ ပြောစကားအရ စစ်ကောင်စီသည် သြဂုတ်လတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမည် ဖြစ်သည်။

“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”

“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”

by ဧရာဝတီ
17 February 2024
4.5k

သူ့ကို အတင်းအကျပ် စစ်သားစုဆောင်းပါက စစ်တပ်သို့ဝင်မည့်အစား လက်ချောင်းအနည်းငယ် ဖြတ်ပစ်မည်ဟု ရန်ကုန်တွင် ငါးရောင်းသည့် အခြားသူ အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

by Maria Siow
10 August 2024
4.1k

"ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ရှောင်လမ်းဖြစ်တယ်လို့ တရုတ်က မြင်တယ်"

စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

by ဧရာဝတီ
3 August 2023
3.4k

ယခုတကြိမ်သည် စစ်ကောင်စီက အရေးပေါ်အခြေအနေ သက်တမ်းတိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်သည်မှာ လေးကြိမ်မြောက်ဖြစ်သည်။

Next Post
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ဆိုင်းဘုတ်  / htunmyintwinn.blogspot.com

လားရှိုးတွင် ပြည်သူ့စစ် နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရိုက်နှက်၍ စိတ်မနှံ့သူ တဦး သေဆုံး

လက်ရှိ NLD ပါတီမှ သမ္မတ ဖြစ်လာသူ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ လွှတ်တော်သို့ ရောက်ရရှိလာစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရန် NLD အဆိုပြု

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate