• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

by Surachanee Sriyai
10 August 2024
in Human Rights, ဆောင်းပါး
A A
စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပုံပါ နှာခေါင်းစည်းတပ်ထားပြီး ဖုန်းအသုံးပြုနေသူတဦးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ် / AFP

1.8k
VIEWS
Share on FacebookShare on Twitter

မြန်မာအတွက် အွန်လိုင်းသတင်းအချက်အလက် အသုံးပြုခွင့်သည် အမြဲတမ်း အကန့်အသတ်ရှိပြီး အခြား အရှေ့တောင်အာရှနိုင်ငံများနှင့် ယှဉ်လျှင် နှေးကွေးသော ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကြောင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နိုင်ငံရေးအရ ယှဉ်ကြည့်လျှင် ပွင့်လင်းသည့် ကာလအတွင်းမှာပင် အကန့်အသတ် ရှိသည်။

၂၀၂၃ ခုနှစ်က မြန်မာတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုကွန်ရက်အသုံးပြုသူ ၁၅ သန်းရှိသည်။ သို့သော် မြန်မာ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၈၅ ရာခိုင်နှုန်းနှင့် လူမှုကွန်ရက်အသုံးပြုသူ ၅၂ သန်းရှိသည်။ သို့သော် ၂၀၂၁ ခုနှစ် မြန်မာ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဆိုက်ဘာနယ်ပယ်ကို လုပ်ထုံးလုပ်နည်းများဖြင့် ထပ်မံကန့်သတ်လိုက်သည်။

အာဏာသိမ်းပြီး မကြာမီ စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန်နှင့် သတင်း စီးဆင်းမှုကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး Facebook, အခြားဝက်ဘ်ဆိုက်များနှင့် သတင်းစကားပို့ အပလီကေးရှင်းများ အသုံးပြုမှု ပိတ်ပင်သည်။ Facebook သည် မြန်မာတွင် နေရာတိုင်းတွင်ရှိပြီး လူကြိုက်များလွန်းသောကြောင့် ၎င်းကိုပင် ‘အင်တာနက်’ ဟု ရည်ညွှန်းခေါ်ဝေါ်ကြသည်။

ထို့ကြောင့် မြန်မာပြည်သူများသည် ထိုသို့ပိတ်ဆို့မှုကို ကျော်လွှားသည့် နည်းလမ်းအဖြစ် VPN များကို အားကိုးကြရသည်။ VPN များသည် မြန်မာမှ အသုံးပြုသူကို အခြားတနိုင်ငံမှ အင်တာနက်သုံးသူအဖြစ် သိရှိအောင် လုပ်ပေးရန် ကုဒ်လမ်းကြောင်း ဖန်တီးပေးသည်။

မြန်မာပြည်သူများအကြား VPN ရေပန်းစားခြင်းကို သရုပ်ဖော်သည့် ဟာသပုံများပင်ရှိသည်။

မြန်မာမှန်လျှင် VPN ၂၀ သုံးသည်ဟု ဟာသလုပ်ကြသလို ပြင်ပလောကတွင်လည်း အမှန်တကယ် များပြားသည်။ မြန်မာနိုင်ငံသားများသည် ၎င်းတို့ဖုန်းများတွင် ပျမ်းမျှ VPN ငါးခု ထည့်သွင်းထားကြောင်း ဒစ်ဂျစ်တယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ခန့်မှန်းသည်။

မြန်မာနိုင်ငံသား အမှတ်သင်္ကေတကို VPN အပလီကေးရှင်းဖြင့် သတ်မှတ်ပြီး မြန်မာမှန်လျှင် VPN ၂၀ သုံးသည်ဟု ဟာသလုပ်ကြသလို ပြင်ပလောကတွင်လည်း အမှန်တကယ် များပြားသည်။ မြန်မာနိုင်ငံသားများသည် ၎င်းတို့ဖုန်းများတွင် ပျမ်းမျှ VPN ငါးခု ထည့်သွင်းထားကြောင်း ဒစ်ဂျစ်တယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ခန့်မှန်းသည်။

VPN ကို ဖြိုခွဲခြင်း

စစ်ကောင်စီသည် VPN အသုံးပြုမှုကို အထူးအားထုတ် ပိတ်ပင်နေကြောင်း ကျွမ်းကျင်သူများနှင့် ဆိုက်ဘာသုတေသီများက ယခုနှစ် မေလလယ်နှင် ဇွန်လအစောပိုင်းတွင် တွေ့လာရသည်။ မေလကုန်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် Facebook, Instagram, X, WhatsApp နှင့် VPN ဝန်ဆောင်မှုများကို တနိုင်ငံလုံးတွင် ပိတ်ပင်ရန် အမိန့်ပေးကြောင်း VOA သတင်းတပုဒ်အရ သိရသည်။

ထိုဖြိုခွဲမှုသည် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီ မူကြမ်းရေးသားသော်လည်း အပြည့်အဝ ပြဋ္ဌာန်းခြင်း မရှိသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ၏ ပြင်ပ ဆောင်ရွက်ချက်များအနက် တခုဖြစ်သည်။ မြေပြင်တွင် စစ်ကောင်စီတပ်များသည် ပြည်သူများ၏ ဖုန်းများတွင် VPN တပ်ဆင်ထားခြင်း ရှိ၊ မရှိ ကြုံသလို စစ်ဆေးခြင်း၊ ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းပင် လုပ်သည်။

သို့သော် ရုပ်ပိုင်းဆိုင်ရာ ထိပါးမှု၊ ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုထင်မြင်မှုနှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်ကို ဗြောင်ကျကျချိုးဖောက်မှုများ ရှိသော်လည်း VPN ဝန်ဆောင်မှုများကို ပိတ်ပင်ရန် စစ်ကောင်စီ၏ အားထုတ်မှုကြောင့် အွန်လိုင်းချိတ်ဆက်ရာတွင် သုံးသည့် ကြားခံကိရိယာကို ပြည်သူများ အသုံးပြုမှုရပ်မည်ဟု စိတ်ပင်မကူးပါနှင့်။

လက်တွေ့တွင် VPN ပိတ်ပင်ခြင်းသည် သတင်းအချက်အလက် သို့မဟုတ် လူမှုအဆက်အသွယ် အပြင်းအထန် ရှာနေသည့် ပြည်သူများကို ဆိုက်ဘာခြိမ်းခြောက်မှု တွေ့ကြုံစေနိုင်သည့် မထင်ရှားသော ရင်းမြစ်များကဲ့သို့ အခြား နည်းလမ်းများရှာရန် တွန်းအားပေးသည်။

အမျိုးမျိုးသော အခမဲ့ VPN ဝန်ဆောင်မှုသစ်များအတွက် links များအဖြစ် ကြော်ငြာသည့်၊ ငွေကြေးလိမ်လည်ရန် အချက်အလက် ရယူသည့် phishing links အများအပြား တိုးလာသည်ကို ထောက်လှမ်းသိနေရကြောင်း အမည်မဖော်လိုသည့် ပြည်တွင်းကျွမ်းကျင်သူများက စာရေးသူကို ပြောသည်။

ငွေကြေးလိမ်လည်ရန် ကိုယ်ရေးအချက်အလက် ရယူတိုက်ခိုက်မှု

ပုဂ္ဂလိက အချက်အလက်များကို ပေးရန် သို့မဟုတ် ခိုးယူရန် လူအများကို လိမ်လည်သည့် phishing နည်းလမ်းများ အသုံးပြုခြင်းသည် အာဏာမသိမ်းမီက မြန်မာတွင် အတွေ့ရနည်းသော ကိစ္စမဟုတ်ပေ။ စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင်များသည် တယ်လီဂရမ်မှဖြစ်စေ၊ ၎င်းတို့၏ အီးမေးလ်များမှဖြစ်စေ ထိုသို့သော လိမ်လည်တိုက်ခိုက်မှုကို အမြဲတမ်း ခံနေရသည်။

ထိုသို့သော လိမ်လည်မှုများသည် ပစ်မှတ်၏ အကောင့်များနှင့် ကိရိယာပေါ်ရှိ ဖိုင်များသို့ ခွင့်ပြုချက်မရှိ ဝင်ပြီး ၎င်းတို့၏ ဒစ်ဂျစ်တယ် လုံခြုံရေးဆုံးရှုံးစေရန် ရည်ရွယ်သည်။

ယခုအခါ သာမန်နိုင်ငံသားများကိုပင် ပစ်မှတ်ထားသည့် အလေ့အထရှိလာပုံရပြီး သက်ရောက်မှုများသည် ပိုမိုကျယ်ပြန့်နိုင်သည်။

“အဲဒီလို လိမ်လည်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ အားသာချက်က ကျူးလွန်သူကို ဖော်ထုတ်ဖို့ အရမ်းခက်ခဲတာ ဖြစ်တယ်။ အဲဒီအချက်နဲ့ မြန်မာမှာ အချက်အလက်လုံခြုံရေး အသိအားနည်းတာနဲ့ ပေါင်းလိုက်တော့ ဆိုက်ဘာရာဇဝတ်သားတွေ လှုပ်ရှားဖို့အတွက် အကောင်းဆုံးပတ်ဝန်းကျင် ဖြစ်သွားတယ်”

“အဲဒီလို လိမ်လည်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ အားသာချက်က ကျူးလွန်သူကို ဖော်ထုတ်ဖို့ အရမ်းခက်ခဲတာ ဖြစ်တယ်။ အဲဒီအချက်နဲ့ မြန်မာမှာ အချက်အလက်လုံခြုံရေး အသိအားနည်းတာနဲ့ ပေါင်းလိုက်တော့ ဆိုက်ဘာရာဇဝတ်သားတွေ လှုပ်ရှားဖို့အတွက် အကောင်းဆုံးပတ်ဝန်းကျင် ဖြစ်သွားတယ်” ဟု စာရေးသူ တွေ့ဆုံမေးမြန်းခဲ့သည့် ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။

ပြည်သူလူထုတရပ်လုံး၏ ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှုကို တိုင်းတာရန် ခက်ခဲသော်လည်း အရှေ့တောင်အာရှ နိုင်ငံများမှ ကျောင်းများတွင် ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှု ပညာရေးဆိုင်ရာ UNICEF အစီရင်ခံစာတစောင်သည် နိုင်ငံသားများ၊ အထူးသဖြင့် လူငယ်များကို ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု သင်ကြားပေးသည့် အတိုင်းအတာ၏ အခြေခံမျဉ်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အစောပိုင်းက ထုတ်ပြန်သည့် ထိုအစီရင်ခံစာတွင် မြန်မာမှ ဖြေဆိုသူများ၏ ၂၅ ရာခိုင်နှုန်းသာ ကျောင်းများတွင် ဒစ်ဂျစ်တယ် နည်းပညာကျွမ်းကျင်မှု လေ့လာကြပြီး ဒေသတွင်း ကျန်နိုင်ငံများတွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ ရှိသည်။

ကိုဗစ်နိုင်တင်း ရိုက်ခတ်မှုနှင့် လူငယ်မျိုးဆက်အများအပြားကို ပညာရေးစနစ်ပြင်ပသို့ ရောက်သွားစေသည့် စစ်အာဏာသိမ်းမှုကြောင့် ယခုအခါ ထိုအရေအတွက်သည် ပိုမိုနိမ့်ကျနိုင်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
297
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

မသမာသူများ၏ အန္တရာယ်မှ နိုင်ငံသားများ ဆက်လက် အကာအကွယ်မဲ့နေ

အခြား တွေ့ဆုံမေးမြန်းမှုများတွင် ပိုမို ဒုက္ခရောက်နိုင်ခြေများကို ဖော်ပြသည်။ ယခင်က တက်ကြွလှုပ်ရှားသူများကိုသာ ပစ်မှတ်ထားသည့်အစား သာမန်ပြည်သူများထံသို့ ထို ဒစ်ဂျစ်တယ် လိမ်လည်မှု ပျံ့နှံ့လာခြင်းသည် တော်လှန်ရေးအင်အားစုများထံမှ စစ်ကောင်စီကို ခြိမ်းခြောက်မှုများအား စောင့်ကြည့်ရှင်းလင်းရန် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာ အစိတ်အပိုင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူတဦးက ပြောသည်။

စစ်ဆေးခဲ့သော အချို့ link များတွင် မြန်မာစာ သို့မဟုတ် တရုတ်စာဖြင့် သိမ်းဆည်းထားသည့် ကုဒ်များရှိသောကြောင့် စစ်ကောင်စီနှင့် တရုတ်အကြား ပူးပေါင်းကြံစည်မှု ဖြစ်နိုင်ခြေကို ပြသနေသည်ဟု အခြားကျွမ်းကျင်သူတဦးက ပြောသည်။

နိုင်ငံသား အားလုံးကို VPN, ဝက်ဘ်ဆိုက်များ၊ လူမှုကွန်ရက် ပလက်ဖောင်းများ ပိတ်ပင်ခြင်း၏ သက်ရောက်မှုကို တိုင်းတာရန် ခက်ခဲပြီး ဒစ်ဂျစ်တယ် လိမ်လည်မှု အကာအကွယ်မဲ့ခြင်းသည် မြန်မာတွင် ပြည်သူများ နေ့စဉ် ရင်ဆိုင်နေရသည် ခြိမ်းခြောက်မှုများအနက် တခုဖြစ်လာသည်။

နိုင်ငံသား အားလုံးကို VPN, ဝက်ဘ်ဆိုက်များ၊ လူမှုကွန်ရက် ပလက်ဖောင်းများ ပိတ်ပင်ခြင်း၏ သက်ရောက်မှုကို တိုင်းတာရန် ခက်ခဲပြီး ဒစ်ဂျစ်တယ် လိမ်လည်မှု အကာအကွယ်မဲ့ခြင်းသည် မြန်မာတွင် ပြည်သူများ နေ့စဉ် ရင်ဆိုင်နေရသည် ခြိမ်းခြောက်မှုများအနက် တခုဖြစ်လာသည်။

အမျိုးမျိုးသော နည်းလမ်းများဖြင့် ဆိုက်ဘာလုံခြုံရေး တင်းကျပ်ရန် တတ်နိုင်သည့် ထင်ရှားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့်မတူဘဲ နိုင်ငံသားများသည် ဆိုက်ဘာနယ်ပယ် မသမာသူများ၏ လိမ်လည်မှုမှ အကာအကွယ် မရမှု သို့မဟုတ် ၎င်းတို့ကို သတိမထားမိဘဲ ဖြစ်နေသည်။

သတင်းအချက်အလက်ရရန် လွန်စွာလိုအပ်ခြင်း၊ အွန်လိုင်းဆက်သွယ်ရေး နည်းလမ်းများနှင့် ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှု နိမ့်ပါးခြင်းတို့ ပေါင်းစပ်လိုက်သောအခါ စိန်ခေါ်မှုတခုကို သတိပေးစရာ ဖြစ်လာသည်။

ဥပမာအားဖြင့် ဆိုပါက Free VPN in Myanmar ဟုခေါ်သည့် Facebook စာမျက်နှာတွင် မျှဝေထားသည့် အောက်ပါ ပို့စ်တခုသည် အခမဲ့ VPN ၏ အန္တရာယ်ကို ဖော်ပြနေသည်။ ကံမကောင်း အကြောင်းမလှသည်မှာ ထိုပို့စ်ကို မြန်မာတွင် အလုပ်ဖြစ်နေဆဲ အခမဲ့နှင့် အခပေး VPN များကို ကြော်ငြာသည့် နောက်ထပ်ပို့စ်များက လွှမ်းမိုးနေသည်။

နောက်ဆုံးတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများ၏ အခွင့်အရေးများနှင့် လွတ်လပ်မှုများကို အကြိမ်ကြိမ် မည်သို့ ချိုးဖောက်သည်ဆိုသည့် ပိုမိုကြီးမားသော ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘဲ ဒစ်ဂျစ်တယ် အခွင့်အရေး ပြဿနာအတွက် လက်တွေ့ကျသည့် အဖြေရှိပုံမရပေ။ ထိုသို့လုပ်ရန် စစ်ကောင်စီကို ဖိအားပေးရေးအတွက် နိုင်ငံတကာ အသိုက်အဝန်း၏ စုပေါင်းကျယ်ပြန့်သည့် အားထုတ်မှု လိုအပ်နိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Surachanee Sriyai ၏ Myanmar Junta’s Internet Controls Expose Citizens to More Cyber Threats ကို ဘာသာပြန်သည်။ ဆူရာချာနီး ဆရီယိုင်သည် ISEAS- Yusof Ishak Institute မှ မီဒီယာ၊ နည်းပညာနှင့် လူ့အဖွဲ့အစည်း အစီအစဉ်မှ ဧည့်သုတေသီဖြစ်သည်။)

You may also like these stories:

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

VPN ကို ဖြုတ်စရာမလိုပါဘူး

Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာ

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

နည်းပညာမှန်သမျှ စစ်တပ်က ပိတ်နိုင်တဲ့ အနေထားမျိုး မမြင်ဘူး

အွန်လိုင်းမှ ဝေဖန်သူများကို နှိမ်နင်းရန် စစ်ကောင်စီ အရှိန်မြှင့်နေ

Your Thoughts …
Tags: FacebookVPNစစ်ကောင်စီစစ်အာဏာသိမ်းမှုဆက်သွယ်ရေးဆိုက်ဘာလိမ်လည်မှုတရုတ်တော်လှန်ရေးအင်အားစုဒစ်ဂျစ်တယ် အခွင့်အရေးနည်းပညာအင်တာနက်အွန်လိုင်း
Surachanee Sriyai

Surachanee Sriyai

ဒေါက်တာ ဆူရာချာနီး ဆရီယိုင်သည် ချင်းမိုင်တက္ကသိုလ် ပြည်သူ့ရေးရာမူဝါဒကျောင်းမှ ကထိကနှင့် ဒစ်ဂျစ်တယ်အုပ်ချုပ်ရေး လေ့လာစောင့်ကြည်သူ ဖြစ်သည်။ သူလေ့လာသော နယ်ပယ်များတွင် ဒစ်ဂျစ်တယ် နိုင်ငံရေး၊ နိုင်ငံရေးဆက်သွယ်ရေး၊ နိုင်ငံရေးစနစ်များကို နှိုင်းယှဉ်လေ့လာခြင်းနှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ ပါဝင်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

သပိတ်ကျင်းက စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

သပိတ်ကျင်းက စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved