တနိုင်ငံလုံးမှ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖိနှိပ်ရန် သို့မဟုတ် ဝေဖန်သူများ နှုတ်ပိတ်သွားစေရန် ပြည်သူ များကို သတ်ဖြတ်နေခြင်းသည် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီအတွက် လုံလောက်မှု မရှိပေ။
ထို့အတွက် စစ်ကောင်စီဆန့်ကျင်ရေး အွန်လိုင်းသတင်းစကားများကို လျှို့ဝှက် သို့မဟုတ် သွယ်ဝိုက်၍ ထောက်လှမ်း ရန် နိုင်ငံသားများအား တပတ် ၇ ရက်၊ တရက် ၂၄ နာရီ စောင့်ကြည့်ခြင်းကို ပိုမိုတက်ကြွစွာ လုပ်ဆောင်နေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဆန့်ကျင်သူ ၃,၆၀၀ ကျော်ကို သတ်ဖြတ်ပြီး လူ သောင်းနှင့်ချီ ၍ ဖမ်းထားသလို အင်တာနက် ပိတ်ပင်ခြင်း၊ Facebook လို လူမှုကွန်ရက် ပလက်ဖောင်းများ အသုံးမပြုအောင် ပိတ် ပင်ခြင်း၊ အင်တာနက် ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားနိုင်သည့် VPN ကွန်ရက်များကို ကန့်သတ်ခြင်းနှင့် အွန် လိုင်းလှုပ်ရှားမှုများကို ထိန်းချုပ်စောင့်ကြည့်ရန် အွန်လိုင်းထောက်လှမ်းရေးလုပ်ခြင်းနှင့် အခြားနည်းလမ်း များဖြင့် အွန်လိုင်း ပလက်ဖောင်းများနှင့် လူမှုကွန်ရက်များကို ပိုမိုပစ်မှတ်ထားလာသည်။
စစ်ကောင်စီ၏ အွန်လိုင်းစောင့်ကြည့် ထောက်လှမ်းမှုများကြောင့် ဖမ်းဆီးခံရသူ၊ ဖမ်းဝရမ်းထုတ်ခံရသူ၊ ပိုင်ဆိုင်မှု ဆုံးရှုံးသူ၊ တရားစီရင်ခံရသူနှင့် နေအိမ်မှထွက်ပြေးနေရသူ အရေအတွက် တိုးလာနေသည်။
“လူမှုကွန်ရက်မှာ ပို့စ်တင်တဲ့အခါ၊ မှတ်ချက်ပေးတဲ့အခါ အရင် အရပ်သား အစိုးရအောက်မှာလို မလုံခြုံဘူးလို့ ခံစား နေရတယ်” ဟု ရန်ကုန်မှ မဇင် (အမည်လွှဲ) ကပြောပြီး စစ်ကောင်စီ၏ အွန်လိုင်းစောင့်ကြည့် ထောက်လှမ်းရေး လုပ်ဆောင်မှုများ၏ ခြိမ်းခြောက်မှုကို ဖော်ပြသည်။
အခြားသူများကဲ့သို့ပင် မဇင်သည် ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖြုတ်ချသည့် စစ်အာဏာသိမ်းမှုနှင့် နောက်လများတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ရက်စက်စွာ သတ်ဖြတ်ခြင်းကို ဆန့်ကျင်ကြောင်း ဖော်ပြရန် လူမှု ကွန်ရက်၊ အထူးသဖြင့် မြန်မာတွင် လူသုံအများဆုံးဖြစ်သည့် Facebook ကို အသုံးပြုသည်။
သို့သော် စစ်ကောင်စီသည် လူမှုကွန်ရက်ပို့စ်များကို စောင့်ကြည့်ပြီး ဖမ်းဆီးမှုများ လုပ်သောကြောင့် အဖမ်းခံရမည်ကို စိုးရိမ်ကာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စ၍ ထိုသို့ မလုပ်တော့ကြောင်း အသက် ၃၆ နှစ်ရှိပြီဖြစ်သော မဇင်က ပြောသည်။

“မီးပြတ်တဲ့အခါ မီးပြတ်တဲ့အကြောင်း ပြောရင်တောင် အဖမ်းခံရနိုင်တယ်။ (အဆိုတော်) ဗျူဟာကိုဆိုရင် ချက်ချင်း ဖမ်းတာ။ အဲဒီတော့ ဘာအကြောင်း ပြောရတော့မလဲ” ဟု မဇင်က သူ၏စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားသည်။
“မီးပြတ်တဲ့အခါ မီးပြတ်တဲ့အကြောင်း ပြောရင်တောင် အဖမ်းခံရနိုင်တယ်။ (အဆိုတော်) ဗျူဟာကိုဆိုရင် ချက်ချင်းဖမ်းတာ။ အဲဒီတော့ ဘာအကြောင်း ပြောရတော့မလဲ” ဟု မဇင်က သူ၏စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားသည်။
ဟစ်ပ်ဟော့ အဆိုတော် ဗျူဟာသည် စစ်ကောင်စီ၏ အွန်လိုင်း ဖြိုခွဲများအတွင်း မကြာသေးမီက သားကောင်ဖြစ် သွားသည့် ထင်ရှားကျော်ကြားသူတဦး ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို စစ်ကောင်စီက ကိုင်တွယ် ပုံနှင့် ပတ်သက်ပြီး ဝေဖန်သော သူ၏ Facebook ပို့စ်များအတွက် လွန်ခဲ့သောလက ရန်ကုန်တွင် အဖမ်းခံရသည်။
မဇင်သည် စစ်ကောင်စီ၏ လူမှုကွန်ရက် စောင့်ကြည့်ထောက်လှမ်းမှုများကြောင့် ခြိမ်းခြောက်ခံရသည့် မြန်မာ လူမှုကွန်ရက်အသုံးပြုသူ အများအပြားအနက် တဦးမျှသာ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူများရေးသားသည့် ပို့စ် အဟောင်း၊ အသစ်များကို စစ်ကောင်စီလိုလားသည့် Telegram ချန်နယ်များတွင် ဖြန့်ချိပြီး ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီတပ်များကို သတင်းပေးသောကြောင့် Facebook တွင် ပို့စ်တင်ခြင်း ရပ်ဆိုင်းလိုက်ရုံသာမက နိုင်ငံရေးနှင့် ပတ်သက်သည့် ယခင်ပို့စ်အဟောင်းများကိုပင် ပြန်လည်ဖျက်ပစ်ကြောင်း ရန်ကုန်မှ ကိုသန့်ဇင် (အမည်လွှဲ) က ပြောသည်။
သူ၏နေ့စဉ်ဘဝတွင် နောက်ထပ် ခြိမ်းခြောက်မှုတခုလည်း ရှိသေးကြောင်း၊ သူ၏ မိတ်ဆွေများအနက် အချို့ကို စစ်ကောင်စီလိုလားသော ချန်နယ်များက ပစ်မှတ်ထားကြောင်း၊ တဦးမှာ သူ၏ရပ်ကွက်အနီးတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုအကြောင်း Facebook တွင် ရေးသားသောကြောင့် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံရကြောင်း ကိုသန့်ဇင်က ပြောသည်။
“အွန်လိုင်းမှာသာမက အော့ဖ်လိုင်း (အွန်လိုင်းမသုံးချိန်) မှာပါ ကျနော်တို့အတွက် မလုံခြုံဘူး” ဟု ၎င်းကပြောသည်။
သတင်းပေးခြင်း – အိမ်တံခါးဝအထိ ခြိမ်းခြောက်လာခြင်း
စစ်ကောင်စီနှင့် ထောက်ခံသူများသည် သတင်းအချက်အလက် ဖော်ထုတ်သတင်းပေးခြင်းကို ခြိမ်းခြောက်သည့် နည်းလမ်းတခုအဖြစ် ပိုမိုအသုံးပြုလာကြသည်။ သတင်းအချက်အလက် ဖော်ထုတ်သတင်းပေးခြင်း ဆိုသည်မှာ ခွင့်ပြုချက်မရဘဲ အခြားသူများ၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်ကာ လူသိရှင်ကြား ထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်ကောင်စီလိုလားသော Telegram အကောင့်များဖြစ်သည့် ဟန်ငြိမ်းဦး၊ ဘညွန့်၊ ကျော်စွာနှင့် သဇင်ဦးတို့သည် စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ စစ်ကောင်စီကို ဝေဖန်သည် သို့မဟုတ် အာဏာကို စိန်ခေါ်သည်ဟု ယူဆသူများ၏ ကိုယ်ရေးအချက်အလက်များကို ပုံမှန် ဖော်ထုတ် ဖြန့်ချိနေသည်။
၎င်းတို့သည် အမည်များ၊ လိပ်စာများ၊ မိသားစုနှင့်ပတ်သက်သည့် အချက်အလက်များ အပါအဝင် ၎င်းတို့ပစ်မှတ်ထား သည့် လူပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီကို ဆန့်ကျင်သည်ဟု ယူဆသည့် Facebook ပို့စ် စခရင်ရှော့များနှင့်အတူ ၎င်းတို့၏ ချန်နယ်များတွင် တင်ကြသည်။ ထို လူပုဂ္ဂိုလ်များကို တိုက်ခိုက်ရန် လှုံ့ဆော်သည်။
လှုံ့ဆော်ရာတွင် ထိုသူများကို ဖမ်းဆီးရန်နှင့် ပိုင်ဆိုင်မှုများကို သိမ်းရန် အာဏာပိုင်များကို တောင်းဆိုခြင်း၊ ထိုသူများ ကို သတ်ဖြတ်ရန် တောင်းဆိုခြင်းနှင့် အမျိုးသမီးဖြစ်ပါက လိင်ပိုင်းဆိုင်ရာ ထိပါးပုတ်ခတ်ခြင်းအထိ ပါဝင်သည်။ ၎င်းတို့ က ထိုသို့ဖော်ထုတ် လက်ထောက်ချခြင်းကြောင့် စစ်ကောင်စီက ဖမ်းဆီးဒဏ်ခတ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံ ရခြင်းများ မကြာခဏ ဖြစ်ခဲ့သည်။
ထို Telegram ချန်နယ်များအနက် အနည်းငယ်သည် Telegram ၏ စည်းမျဉ်းများကို ချိုးဖောက်သောကြောင့် ခဏတာ ဖျက်ချခံရသော်လည်း စစ်ကောင်စီလက်ပါးစေ အုပ်စုများသည် ယခင်အမည်ကို ပင်သုံးကာ Telegram ချန်နယ်သစ်များ မကြာမီ ပြန်လည် ဖန်တီးကြသည်။
ထို Telegram ချန်နယ်များအနက် အနည်းငယ်သည် Telegram ၏ စည်းမျဉ်းများကို ချိုးဖောက်သောကြောင့် ခဏတာ ဖျက်ချခံရသော်လည်း စစ်ကောင်စီလက်ပါးစေ အုပ်စုများသည် ယခင်အမည်ကို ပင်သုံးကာ Telegram ချန်နယ်သစ်များ မကြာမီ ပြန်လည် ဖန်တီးကြသည်။
အကြောက်တရား ဖြစ်ပေါ်စေရန်နှင့် တော်လှန်ရေး လှုပ်ရှားမှုများတွင် ပြည်သူ မပါဝင်အောင် တားဆီးရန် ယန္တရား အဖြစ် စစ်ကောင်စီသည် ကိုယ်ရေးအချက်အလက် ဖော်ထုတ်ဖွင့်ချခြင်းကို အသုံးပြုမှုတိုးချဲ့လာကြောင်း ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူနှင့် ကမာ္ဘတဝန်း ဒစ်ဂျစ်တယ် အခွင့်အရေးလုပ်ရှားမှုအုပ်စု Access Now မှ အာရှ-ပစိဖိတ် မူဝါဒ သုတေသီ မဝေဖြိုးမြင့် ပြောသည်။
“သူတို့က အော့ဖ်လိုင်းမှာနဲ့ လက်ကျန်အွန်လိုင်း လွတ်လပ်မှုကို တဖြည်းဖြည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်” ဟုလည်း ၎င်းကပြောသည်။
ထိုနည်းလမ်းသည် လူမှုလွတ်လပ်ခွင့်နယ်ပယ်ကို ထိန်းချုပ်ရန် စစ်ကောင်စီက အသုံးပြုသည့် နည်းလမ်းတခုဖြစ် ကြောင်းလည်း ပြောသည်။
ကနဦးတွင် ထိုသို့ ကိုယ်ရေးအချက်အလက်များ ဖော်ထုတ်ဖွင့်ချခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ၎င်း၏ ပါလီမန်ကော်မတီနှင့် လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူကာကွယ်ရေးတပ် (PDF)၊ ဆန္ဒပြခေါင်းဆောင်များနှင့် ပတ်သက်သူများကိုသာ ပစ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် ထိုကိုယ်ရေးအချက်အလက် ဖော်ထုတ်ဖွင့်ချမှုသည် အွန်လိုင်းတွင် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံသည်ဟုမြင်သည့် မည်သူ့ကိုမဆို ပစ်မှတ်ထားလာကြသည်။
မကြာသေးမီက ထိုသို့ ကိုယ်ရေးအချက်အလက် ဖော်ထုတ်ဖွင့်ချခံရသူများအနက် တဦးမှာ မော်ဒယ် မေပန်းချီ ဖြစ်သည်။ သူသည် ဧပြီလက စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာမှ လူ ၁၆၀ ကျော် သေဆုံးစေသည့် စစ်ကောင်စီ၏ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ခံရသူများအတွက် Facebook တွင် ဝမ်းနည်းကြောင်း ဖော်ပြသောကြောင့် ထောင် ၃ နှစ် ချခံရသည်။

ထိုလေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေ့တွင် အွန်လိုင်းမှ တိုက်ရိုက်လက်ဝတ်ရတနာ ရောင်းချခြင်းကို ရွှေ့ဆိုင်းလိုက် ပြီးနောက် စစ်ကောင်စီလိုလားသော ချန်နယ်များက မေပန်းချီ ယခင်က စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင် သည့် ဓာတ်ပုံကိုတင်ကာ သူ့ကို ဖမ်းဆီးရန်တောင်းဆိုသည်။ ထိုနေ့တွင်ပင် မြန်မာနိုင်ငံတဝန်းမှ ထိုလေကြောင်း တိုက်ခိုက်မှုကို Facebook တွင် ရှုတ်ချသည့်၊ သေဆုံးသူများအတွက် ဝမ်းနည်းသောကြောင့် ပရိုဖိုင်း အမဲရောင် ပြောင်းသည့် နိုင်ငံသား ဒါဇင်ပေါင်းများစွာလည်း ဖမ်းဆီးခံရသည်။
ထိုကိုယ်ရေးအချက်အလက်များ ဖော်ထုတ်ဖွင့်ချသူများသည် ကျော်ကြားသော စစ်ကောင်စီဆန့်ကျင်ရေး သမားများ၏ ရေးသားချက်များအောက်တွင် သို့မဟုတ် သတင်းဌာနများ၏ သတင်းအောက်တွင် Facebook အသုံးပြုသူများ၏ မှတ်ချက် စခရင်ရှော့များကို မျှဝေပြီး ထိုသူများကို ဖမ်းရန် စစ်ကောင်စီကို တိုက်တွန်းသည်။
ထိုကိုယ်ရေးအချက်အလက်များ ဖော်ထုတ်ဖွင့်ချသူများသည် ကျော်ကြားသော စစ်ကောင်စီဆန့်ကျင်ရေး သမားများ၏ ရေးသားချက်များအောက်တွင် သို့မဟုတ် သတင်းဌာနများ၏ သတင်းအောက် တွင် Facebook အသုံးပြုသူများ၏ မှတ်ချက် စခရင်ရှော့များကို မျှဝေပြီး ထိုသူများကို ဖမ်းရန် စစ်ကောင်စီကို တိုက်တွန်းသည်။
စစ်ကောင်စီကို အမာခံထောက်ခံသူ အမျိုးသားရေးဝါဒီ လီလီနိုင်ကျော် မေလ ၃၀ ရက်နေ့က ပစ်ခတ်ခံရပြီး ဇွန်လ ၆ ရက်နေ့တွင် သေဆုံးသည့် သတင်းအောက်တွင် မှတ်ချက် ရေးသားသောကြောင့် တေးရေးဆရာ အောင်နိုင်စန်းကို လွန်ခဲ့သော အပတ်က ရန်ကုန်မြို့၊ စမ်းချောင်းတွင် ဖမ်းဆီးခဲ့သည်။
“လူတယောက်ဟာ အချိန်မရွေး စောင့်ကြည့်ခံနေရနိုင်တယ်။ အဲဒါက စစ်ကောင်စီက လူတွေထဲမှာ ထည့်ပေးခြင်တဲ့ အရာပဲ” ဟု လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်ပြောင်းထားသော ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူ မစိန်က စစ်ကောင်စီ၏ အွန်လိုင်းစောင့်ကြည့်ထောက်လှမ်းမှုကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး ပြောသည်။
စစ်ကောင်စီ၏ အွန်လိုင်းဖိနှိပ်ရေးလှုပ်ရှားမှုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူခွင့် အပါအဝင် မြန်မာပြည်သူများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု မစိန်က ရှုတ်ချသည်။

ထိုသို့ စောင့်ကြည့်ထောက်လှမ်း ဖိနှိပ်သည့်နည်းလမ်းများ ရှိနေသော်လည်း ပြည်သူများသည် ဆန့်ကျင်ခုခံရန် နည်း လမ်းများ ဆက်လက်ရှာဖွေနေကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူ မစိန်က ပြောသည်။ အချို့သည် ကန့်သတ်ချက်များကို ဖြတ်ကျော်ရန် စာများကို သင်္ကေတအဖြစ် ပြောင်းလဲပေးသည့် ကိရိယာများကို အသုံးပြုပြီး သတင်းများကို လုံခြုံစွာ မျှဝေကြသော်လည်း ပြည်သူများအနေဖြင့် ၎င်းတို့၏ ဒစ်ဂျစ်တယ် လုံခြုံရေးကို ပိုမိုသတိထားရန်နှင့် မိမိတို့ ကိုယ်ရေးအချက်အလက်များကို အင်တာနက်တွင် မမျှဝေရန် ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့အသစ်ရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် ပိုမိုတင်းကျပ်ထားသည့် အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေများဖြင့်လည်း ဝေဖန်သူများအပေါ် ဒစ်ဂျစ်တယ် ဖိနှိပ်မှုကို တရားဝင်အောင် လုပ်ဆောင်ရန် လည်း ကြိုးစားနေကြောင်း မစိန်က ပြောသည်။
ထိုဥပဒေများသည် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကို တင်းကျပ်စွာထိန်းချုပ်ရန် ပိုမိုအားထုတ်ရေးအတွက် စစ်ကောင်စီက သံသယရှိသူများ၏ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခြင်း၊ အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းနှင့် အသုံးပြုသူ အချက်အလက်များ ရယူခြင်းတို့ကို တရားဝင်အောင်လုပ်ပေးသော ဥပဒေများဖြစ်သည်။
စစ်ကောင်စီသည် စောင့်ကြည့်ထောက်လှမ်းရေး နိုင်ငံတော်တခု တည်ထောင်ရန် ကြိုးစားနေကြောင်း ဒစ်ဂျစ်တယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက သတိပေးနေပြီး မြန်မာပြည်သူများကို ထောက်ခံ ရန်နှင့် စစ်အာဏာသိမ်းမှုကို ရုပ်ပိုင်းအရသာမက ဒစ်ဂျစ်တယ်စနစ်အရပါ ခုခံရန် နိုင်ငံတကာ အသိုက်အဝန်းနှင့် နည်း ပညာကုမ္ပဏီများကို တိုက်တွန်းလိုက်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Myanmar Junta Steps Up Efforts to Monitor, Silence Perceived Online Critics ကို ဘာသာပြန်သည်။)
ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ် အစ္စရေးကုမ္ပဏီက မြန်မာသို့ ရောင်းချခဲ့
အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား
နည်းပညာသပိတ်များက စစ်ကောင်စီကို အထိနာစေသဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ရေးဆွဲ ဟုဆို
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ
ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော် ကန့်ကွက် ရှုတ်ချ














