• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နည်းပညာသပိတ်များက စစ်ကောင်စီကို အထိနာစေသဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ရေးဆွဲ ဟုဆို

by ဧရာဝတီ
25 January 2022
in သတင်း
A A
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါဘဲ VPN သုံးပါက အနည်းဆုံးထောင် ၁နှစ်မှ ၃နှစ် ချနိုင်သလို ကျပ်သိန်း ၅၀ထက်မပိုသော ငွေဒဏ် ဒဏ်နှစ်ရပ်လုံးချမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါဘဲ VPN သုံးပါက အနည်းဆုံးထောင် ၁နှစ်မှ ၃နှစ် ချနိုင်သလို ကျပ်သိန်း ၅၀ထက်မပိုသော ငွေဒဏ် ဒဏ်နှစ်ရပ်လုံးချမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။

13.6k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ပြည်သူများ၏ နည်းပညာသပိတ် (Digital Strike) များက စစ်ကောင်စီ အထိနာစေ သဖြင့် ၎င်းတို့ကို ဆန့်ကျင်သူများအား နှိပ်ကွပ်နိုင်ရန် ရည်ရွယ်၍ ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ကို ရေးဆွဲခြင်း ဖြစ်ကြောင်း နည်းပညာရှင်များက ဝေဖန် ပြောဆိုကြသည်။

အဆိုပါ ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းရန်အတွက် သဘောထား မှတ်ချက်အား ယခုလ ၂၈ ရက် နောက်ဆုံးထားပြီး အကြောင်း ပြန်ရန် အာဏာသိမ်း စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက်ကုမ္ပဏီများကို ၁၃ ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားသည်။

ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) တွင် ပုဒ်မ ၁၁၅ ခု ပါဝင်ပြီး ပုဒ်မ ၉၀ တွင် ဖော်ပြထားသော ဆက်သွယ်ရေး ဥပဒေ အရ လိုင်စင်ယူပြီး ဝန်ဆောင်မှု ပေးသည့် ကွန်ရက်ပေါ်တွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက် မပါဘဲ VPN (Virtual Private Network) သုံးမည်ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၁ မှ ၃ နှစ်အထိ ချမှတ်နိုင်သလို ကျပ်သိန်း ၅၀ ထက်မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည် ဆိုသည့် အချက်ကို ထည့်သွင်းထားသည်။

အဆိုပါ ပြဋ္ဌာန်းချက်မှာ မြန်မာနိုင်ငံအတွင်းရှိ အင်တာနက် အသုံးပြုသူအားလုံးကို အချိန်မရွေး ဖမ်းဆီး ထောင်ချနိုင်ရန် ရည်ရွယ်ထားကြောင်း နည်းပညာ ကျွမ်းကျင်သူတဦးလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ် တော် ကိုယ်စားလှယ်ဟောင်း တဦးလည်း ဖြစ်သည့် ကိုနေဘုန်းလတ်က သုံးသပ် ပြောဆိုထားသည်။

၎င်းက “သူ့ဘာသာ ဘာထုတ်ထုတ်။ အခု ဘာဥပဒေမှ မရှိဘဲ သတ်နေတာပဲ မဟုတ်လား။ ကျနော်ကိစ္စရှိလို့ ခရီးထွက်ရင် အခုလည်း ဖုန်းစစ်ပြီး ဖမ်းမှာစိုးလို့ ဖုန်းနောက်တလုံးယူ သွားနေရတာပဲ မဟုတ်လား။ ဒီ ၁ နှစ်ခံဖို့တောင် မသေချာတဲ့ မင်း အောင်လှိုင် ထုတ်မယ့် ဥပဒေဆိုတာ ဘာမှ စိတ်ဝင်စားစရာ မရှိဘူး။ အခု အကြမ်းဖက် စစ်အုပ်စု ရေးဆွဲထားတဲ့ ဥပဒေ ကြမ်းဟာ ပြည်သူကို ဓားလို မိုးပြီး ခြိမ်းခြောက်မယ့် ဥပဒေ ဖြစ်တယ်” ဟု ပြောဆိုထားသည်။

ယခုအခါ ထိုဥပဒေ မူကြမ်း ထွက်ပြီး မကြာခင်ပင် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် သွားလာသူများကို စစ်ကောင်စီ တပ်ဖွဲ့ က ဖုန်းများ စစ်ဆေးခြင်းများ ပြုလုပ်ကာ ငွေညစ်တောင်းခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေး သား ပြောဆိုမှုများကို တွေ့လာရသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ နေရာတချို့တွင် ဖုန်းများ စစ်ဆေးမှုတွင် VPN ဆော့ဝဲရှိမရှိပါ စစ်ဆေးနေပြီး VPN တွေ့ရှိပါက ငွေကျပ် ၃ သိန်းမှ စတင်၍ လူကိုကြည့်၍ အဆင်ပြေသလို ငွေတောင်းယူခြင်းများ ရှိနေကြောင်း ပြောဆိုမှုများလည်း ရှိ လာသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
98
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
107

“ဒီနေ့ မြောက်ဥက္ကလာ ၆ ကွေ့မှာ ဖုန်းတွေ စစ်နေပါတယ်။ ဖုန်းထဲ VPN ရှိ မရှိ စစ်နေတာလို့ သိရတယ်။ ကျနော်လည်း အစစ်ခံရမှာ စိုးလို့ ကွေ့ပတ်ပြီး ရှောင်ခဲ့ရပါတယ်” ဟု ကြုံတွေ့ခဲ့ရသူတဦးက ပြောသည်။

လက်ရှိအချိန်တွင်လည်း လူမှုကွန်ရက် Facebook တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်စေရန် စစ်ကောင်စီက ထိန်းချုပ် ထားသည့်အတွက် VPN ခံ၍ အသုံးပြုနေမှုများကို တားဆီးရန်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဆောင်ရွက် လျက်ရှိသည့် နွေဦးထီ၊ ဒစ်ဂျစ်တယ် ငွေကြေး (Crypto Currency) များ စီးဆင်းနေမှုများကို ထိန်းချုပ်ရန် အတွက်လည်း ရည်ရွယ်၍ ရေးဆွဲထားသော ပုဒ်မ များလည်း ဆိုက်ဘာ ဥပဒေ မူကြမ်းတွင် ပါရှိသည်။

ဆိုက်ဘာ လုံခြုံရေး ဥပဒေကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် စစ် ကောင်စီက သဘောထား မှတ်ချက်ပေးရန် တောင်းဆိုခဲ့သေးသည်။

ထိုစဉ်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အပါအဝင် ပြည်တွင်း အခြေစိုက်အရပ်ဘက် အဖွဲ့အစည်း ၂၀၀ ကျော်က ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့ သည်။

ပြည်တွင်းမှ ရှေ့နေတဦးက “စိတ်ကူးပေါက်ရာတွေ လုပ်နေတယ်လို့ပဲ ယူဆတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ တအား ကလေးဆန်တယ်လို့ပဲ မြင်တယ်။ ဒီညွှန်ကြားချက်တွေ ဥပဒေ ပြင်တာတွေကတော့ သူတို့ ရှိသရွေ့ တလျောက်လုံး ပြင်နေဦးမှာပဲ။ အဲဒီတော့ VPN သုံးတာနဲ့ ပတ်သက်ပြီးကတော့ အတတ်နိုင်ဆုံး အပြင်ကို သွားမယ်ဆိုရင် VPN အက် ပလီကေးရှင်းတွေကို Uninstall လုပ်သွားဖို့နဲ့ လုပ်လို့ မရဘူး အခက်အခဲရှိတယ်ဆိုရင် အဲဒီဖုန်းကို ထားခဲ့ဖို့ ဖုန်းယူသွားဖို့ မလိုရင် မယူဘဲနဲ့ မဖြစ်မနေ ယူရမယ်ဆိုရင် စကားပြောရုံ အဆင့်လောက် သုံးလို့ ရတဲ့ ဖုန်းပဲ ယူမယ်ဆို အဆင်ပြေတယ်။ အခုကတော့ စစ်ကောင်စီက အိမ်မက် မက်လို့ ဟိုဟာလေးပြင်လို့ ဒီဟာလေးပြင်လိုက် ပုံစံမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

နောက်ပိုင်းတွင်လည်း အာဏာသိမ်း စစ်ကောင်စီအနေနှင့် ၎င်းတို့ကို ဆန့်ကျင်သည့် သူများကို ထိန်းချုပ်နိုင်ရန် အတွက် ဥပဒေ၊ ညွှန်ကြားချက်များကို ထပ်မံ ပြင်ဆင် လုပ်ဆောင်လာနိုင်သဖြင့် ပြည်သူများအနေနှင့် သတိထားသင့်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းထံက သိရသည်။

ဥပဒေဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်း တရပ်ထဲတွင် စည်းကမ်း၊ နည်းလမ်းတကျနှင့် စနစ်တကျ နေထိုင်နိုင်ရန်အတွက် လိုအပ်သောကြောင့် ပြုပြင် ပြဋ္ဌာန်းထားရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသော်လည်း ယခု စစ်ကောင်စီလက်ထက်တွင် ဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်ချင်တိုင်း ပြင်ဆင်ခြင်းက ဥပဒေဟု ပြောရာတွင် အင်္ဂါရပ် မစုံကြောင်း ဝေဖန်ထားသည်။

ထို့ကြောင့် ယခုထုတ်နေသော ဥပဒေညွှန်ကြားချက်၊ ပြင်ဆင်ချက်များကို လိုက်နာရန် ပြန်၍ ကြည့်ပါက လူ့ဘောင်အဖွဲ့ အစည်း တခုထဲတွင် စနစ်တကျနှင့် ရသင့်၊ ရထိုက်သည့် အခွင့်အရေးများ၊ နည်စနစ်များ၊ အများ၏သဘောဆန္ဒနှင့် ထုတ်ပြန်ကြေညာခြင်း မဟုတ်ကြောင်း ရှေ့နေများက ပြောဆိုသည်။

ယခု ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) အရ ပြည်သူများ၏ နည်းပညာဆိုင်ရာရပိုင်ခွင့်၊ အင်တာနက် လွတ်လပ်ခွင့်များ အပြင် ပုဂ္ဂလိကဆိုင်ရာ လုံခြုံရေး ရပိုင်ခွင့်များကိုပါ ချိုးဖောက်သည့် အချက်များ ပါဝင်နေသဖြင့် ပြည်သူများအကြား ဝေဖန် မှုများ ရှိနေသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်း ကာလ တနှစ်ပြည့်ချိန်အထိ အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများကို ထိန်း ချုပ်ရန်အတွက် တင်းကြပ်မှုကို တဆထက်တဆ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အင်တာနက် ဖြတ် တောက်ထားသည့် ဒေသများ ရှိသလို ဖုန်းဒေတာနှုန်းထားများ တိုးမြှင့် ကောက်ခံခြင်း၊ ဆင်းကတ် အခွန်များတိုးမြှင့်ထား ခြင်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ထားသည်။

You may also like these stories:

မြန်မာနိုင်ငံအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်သစ် Facebook မိတ်ဆက်

တပ်မတော်ရဲ့ စာမျက်နှာတွေကို Facebook ပိတ်ပင်လိုက်တာ ဘာကြောင့်လဲ

တပ်မတော်နှင့် ဆက်စပ်သည့် အကောင့်၊ စာမျက်နှာ အားလုံးနီးပါး Facebook ဖယ်ရှား

Your Thoughts …
Tags: VPNစစ်ကောင်စီဆိုက်ဘာလုံခြုံရေး ဥပဒေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အိုမီခရွန်ဟာ ရောဂါအသစ်မဟုတ်ဘူး။ ကိုဗစ်ကနေ ဖြစ်လာတာ

အိုမီခရွန်ဟာ ရောဂါအသစ်မဟုတ်ဘူး။ ကိုဗစ်ကနေ ဖြစ်လာတာ

စစ်ကောင်စီထုတ်ကုန် သုံးသူတွေကို တိုက်ခိုက်မယ်လို့ JMPDF ကြေညာ (ရုပ်/သံ)

စစ်ကောင်စီထုတ်ကုန် သုံးသူတွေကို တိုက်ခိုက်မယ်လို့ JMPDF ကြေညာ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved