• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင်

by ထွန်းထွန်း
9 October 2020
in Election 2020
A A
၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးခဲ့သူ တဦး  / ထက်ဝေ / ဧရာဝတီ

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးခဲ့သူ တဦး / ထက်ဝေ / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ အနေဖြင့် နေရပ်ပြန်၍ မဲပေးရန် အခက်အခဲရှိပါက လက်ရှိ နေထိုင်သည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွင် ပုံစံ-၁၅ လျှောက်ထားကာ ကြိုတင်မဲ ပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်(UEC) က အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ကြေညာလိုက်သည်။

ပုံစံ-၁၅ ဖြင့် လျှောက်ထားသူသည် မိမိ၏ မူလ မဲစာရင်း တည်ရှိရာ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများအား မဲပေး နိုင်မည် ဖြစ်သည်။

ယင်း အစီအစဉ်အား Covid-19 ကပ်ရောဂါ ကာလအတွင်း အကန့်အသတ်များကြောင့် နေရပ်ပြန်ရန် အခက်တွေ့နေ သူ များ မဲပေးခွင့် မဆုံးရှုံးစေရန် အထူးကိစ္စရပ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း လျှောက်ထားနိုင်သည့် ရက်အကန့် အသတ်နှင့် မည်သည့် ရက်တွင် မဲပေးရမည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဒေါ်အိအိမာက “ရက်ကတော့ ကန့်သတ်ထားတာ မပါဘူး။ ပုံစံ-၁၅ လာလျှောက်ရင်တော့ အမြန်ဆုံး အကြောင်းကြားပေးမယ်။ မဲလက်မှတ်တွေ ပြန်ရောက်လာပြီဆိုရင်လည်း လျှောက်ထားသူကို အကြောင်းကြားပေးမယ်။ အဲဒီအခါကျရင် မဲပေးလို့ရပြီပေါ့” ဟု ပြောသည်။

လျှောက်လွှာတင်ရန် ရက်သတ်မှတ်ချက်နှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲကတော့ အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အတွင်း ပုံစံ-၁၅ လျှောက်ထားနိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

ကြိုတင်မဲအဖြစ် ပုံစံ-၁၅ လျှောက်ထားသည့် လုပ်ငန်းစဉ် အသေးစိတ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းပြန်ကြာရေး အဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသည့်အတွက် ကော် မရှင်အောက်ရှိ ရွေးကောက်ပွဲ ဌာနထံသို့ ထပ်မံ ဆက်သွယ်ခဲ့ရာတွင် ဖြေဆိုခွင့် မပေးထား၍ ဖြေကြားနိုင်ခြင်း မရှိကြောင်း နှင့် သတင်း ပြန်ကြားရေး အဖွဲ့ကိုသာ မေးမြန်ရန် အကြောင်းပြန်ခဲ့သည်။

မဲဆန္ဒနယ်ပြင်ပတွင် ရက်ပေါင်း ၉၀ နှင့်အထက် ရောက်ရှိနေသူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး မူလက ပုံစံ-၃(က) ဖြင့် လျှောက်ထားရန် UEC က သတ်မှတ်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၀ ရက် နောက်ဆုံး လျှောက်ထားရမည် ဖြစ်သည်။

ပုံစံ-၃(က)ဖြင့် လျှောက်ထားပါက မူလမဲစာရင်းရှိ မိမိအမည်အား ပယ်ဖျက်ကာ လက်ရှိ လျှောက်ထားသည့် မြို့နယ် မဲစာ ရင်းတွင် ထည့်သွင်းပေးမည် ဖြစ်ပြီး လက်ရှိနေထိုင်သည့် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးခွင့် ရရှိမည် ဖြစ်သည်။

ယင်းအတွက် နေရပ်ပြန်ရန် အခက်အခဲရှိသူ အချို့အနေဖြင့် မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် ပုံစံ-၃(က)ဖြင့် လျှောက် ထားခဲ့ပြီးသော်လည်း ယခုကဲ့သို့ ပုံစံ-၁၅ ဖြင့် မိမိ မူလ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းများအား မဲပေးခွင့် အခွင့်အရေး ထပ်မံပေါ်ပေါက်လာသည့် အတွက် ပုံစံ-၃(က)ဖြင့် လျှောက်ထားခဲ့မှုအား ပယ်ဖျက်ကာ ပုံစံ-၁၅ ဖြင့် ပြန်လည် လျှောက် ထားလိုကြောင်း ပြောကြားမှုများလည်း ရှိလာကြသည်။

“ကျမတို့ မရမ်းကုန်းမှာတော့ ပုံစံ-၃(က)နဲ့ ရပ်ကျေး အဆင့်မှာ လျှောက်ပြီးပေမယ့် မြို့နယ်အဆင့်မှာ စာရင်း မသွင်းရသေး ဘူး။ မူလမဲစာရင်းက မပယ်ဖျက်ရသေးဘူး ဆိုရင် ပုံစံ-၁၅ ပြန်ပြောင်းပြီး လျှောက်လို့ရအောင် ဆောင်ရွက်ပေးပါတယ်၊ ဒါ က ကျမတို့မြို့နယ် တခုတည်း အတွက်ပဲ ပြောတာပါ” ဟု ဒေါ်အိအိမာက ပြောသည်။

လက်ရှိတွင်လည်း မရမ်းကုန်းမြို့နယ်တွင် ကြိုတင်မဲ ပေးရန် ပုံစံ-၁၅ ဖြင့် လျှောက်ထားရန် လျှောက်လွှာထုတ်ယူထားသူ မှာ ၂၀ ကျော်ရှိနေပြီး ၁၀ ကျော်မှာ ဖောင်များ ပြန်လည် တင်ပြထားပြီ ဖြစ်ကြောင်းလည်း သိရသည်။

UEC အနေဖြင့် ပြည်တွင်း ကြိုတင်မဲများနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ညနေ့ ၄ နာရီထက် နောက် မကျဘဲ သက်ဆိုင်ရာမဲရုံးသို့ ပြန်လည် ပေးပို့ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီး နောက်ကျပါက ပယ်မဲ အဖြစ် သတ်မှတ် ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Covid-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြို့နယ် ၁၁ မြို့ တို့တွင် Stay at Home အဖြစ် သတ်မှတ်ထားပြီး နယ်မြေ ကျော်သွားလာမှုများကိုလည်း ကန့်သတ်ထားသည်။

၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၃၀ သာ လိုတော့သည်။

You may also like these stories:

ကိုဗစ်ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲပေးသူ လျော့နည်းနိုင်ဟုဆို

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို

ကိုရီးယားရောက် မြန်မာများ ကြိုတင်မဲပေးရာ၌ အခက်အခဲများကြောင့် လှည့်ပြန်ရ

Your Thoughts …
Tags: ကြိုတင်မဲမဲဆန္ဒနယ်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

by ဧရာဝတီ
2 November 2024
2k

မစ္စတာ ထရမ့်သည် စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများတွင် ဦးဆောင်နေပြီး မစ္စ ဟဲရစ်သည် နိုင်ငံရေး အစွန်းရောက်ဝါဒအပေါ် အားသာချက် လျှော့နည်းလာနေသည်။

ဖိအားပေးမှုအောက် တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲစပေး

ဖိအားပေးမှုအောက် တက္ကသိုလ်ကျောင်းသားများ ကြိုတင်မဲစပေး

by ဧရာဝတီ
18 November 2025
739

မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ယနေ့ ကြိုတင်မဲ စတင်ပေးကြရပြီး မဲမပေးပါက ကျောင်းအပ်လက်မခံသည့် အခြေအနေ ရင်ဆိုင်နေကြရသည်။

ပြည်ပရောက်မြန်မာအများစု ကြိုတင်မဲမပေးကြ

ပြည်ပရောက်မြန်မာအများစု ကြိုတင်မဲမပေးကြ

by ဧရာဝတီ
12 December 2025
677

စစ်ကော်မရှင် ပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာများ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာ နိုင်ငံအလိုက် သံရုံးများတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ မဲရုံများဖွင့်လှစ်ပေးခဲ့သော်လည်း မဲလာပေးသူ မရှိသလောက်နည်းပါးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ပြည်ပရောက်မြန်မာတွေ ရွေးကောက်ပွဲ မဲပေးကြမှာလား

ပြည်ပရောက်မြန်မာတွေ ရွေးကောက်ပွဲ မဲပေးကြမှာလား

by ဧရာဝတီ
23 August 2025
537

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာများအနေဖြင့် ကြိုတင်မဲမပေးပါက လက်ရှိ နေထိုင်ခွင့်ကိစ္စများနှင့် ဆက်နွယ်၍ သက်တမ်းတိုးများ လုပ်ဆောင်မပေးမည့်အရေးကိုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ပြည်ပရောက်မြန်မာတို့ ကြိုတင်မဲပေးဖို့ စိတ်မဝင်စား

ပြည်ပရောက်မြန်မာတို့ ကြိုတင်မဲပေးဖို့ စိတ်မဝင်စား

by ဧရာဝတီ
1 December 2025
419

စစ်တပ်အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေတို့ကြောင့် နိုင်ငံသားအများအပြား ပြည်ပနိုင်ငံတွေကို ထွက်ပြေး၊ ရွှေ့ပြောင်းကြရတဲ့ အခြေအနေအောက် အာဏာသိမ်းစစ်တပ်က တော့ လူထုထောက်ခံအား ပေးမှုမရှိတဲ့ ရွေးကောက်ပွဲတရပ်ကို အတင်းအကျပ်ပြုလုပ်ဖို့ ကြိုးပမ်းရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် ဖိအားပေးမှုအချို့ ပြုလုပ်ခဲ့ပါတယ်။

အကြောက်တရား လွှမ်းတဲ့ ရွေးကောက်ပွဲ ကြိုတင်မဲနဲ့ ကြံ့ခိုင်ရေး အသာစီးရ

အကြောက်တရား လွှမ်းတဲ့ ရွေးကောက်ပွဲ ကြိုတင်မဲနဲ့ ကြံ့ခိုင်ရေး အသာစီးရ

by ဧရာဝတီ
29 December 2025
409

အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လူထုက ဆန့်ကျင်ပြီး မဲထွက်မပေးကြတဲ့ အခြေအနေကို ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ မြင်တွေ့ရပါတယ်။

Next Post
အထွေထွေရောဂါကု ဆေးရုံကြီး (ရန်ကုန်) တွင် စစ်ဆေးခံနေသူများ  / မျိုးမင်းစိုး / ဧရာဝတီ

ကိုဗစ်လူနာတချို့ မိသားစုဝင် လိုက်ပါစောင့်ရှောက်နိုင်

နှိမ့်ကျနေတဲ့ ရခိုင်ပြည်သူတွေအတွက် လုပ်လို့ရမယ့် နေရာကနေ ကျမ ရအောင်လုပ်မှာပါ (ရုပ်/သံံ)

နှိမ့်ကျနေတဲ့ ရခိုင်ပြည်သူတွေအတွက် လုပ်လို့ရမယ့် နေရာကနေ ကျမ ရအောင်လုပ်မှာပါ (ရုပ်/သံံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved