• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

တိုင်းသိပြည်သိ ဂျောက်ဂျက်နဲ့ အင်တာဗျူး

by ဧရာဝတီ
27 July 2015
in Lifestyle
A A
ဂျောက်ဂျက်, Hip Hop Show, Rapper, MTV

ဂျောက်ဂျက်ရဲ့ တိုင်းသိပြည်သိ စီးရီးကာဗာနှင့် Rapper အဆိုရှင် ဂျောက်ဂျက်

5.4k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့တဲ့ နှစ်တွေဆီက Hip Hop Show စင်မြင့်ထက်မှာ စကားလုံးကြမ်းကြမ်းတွေ ပါဝင်တဲ့ သီချင်းစာသားတွေ သီဆိုပြီး လူငယ်ပရိသတ် တော်တော်များများရဲ့ အားပေးမှုကို ရတဲ့ Rapper အဆိုရှင် တယောက်ရှိပါတယ်။ သူကတော့ “ငါသည်သာ ငါ့ပြိုင်ဘက်” နဲ့ “တိုင်းသိပြည်သိ” ဆိုတဲ့ တေးစီးရီး နှစ်ခု ထွက်ရှိထားတဲ့ အဆိုတော် ဂျောက်ဂျက်ပဲ ဖြစ်ပါတယ်။ တိုင်းသိပြည်သိ အခွေကတော့ Audio ထွက်ရှိထားပြီးတာ ကြာပြီ ဖြစ်ပေမယ့် DVD ကတော့ ဇူလိုင်လ ၁၈ ရက်နေ့၊ အချိန် နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကြာမြင့်ပြီးမှ ထွက်ရှိမှာ ဖြစ်ပါတယ်။

အရင် စကားလုံးကြမ်းကြမ်းတွေနဲ့ သွေးဆူလွယ်တဲ့ တိုင်းသိပြည်သိ လူငယ်တယောက်ဖြစ်ခဲ့တဲ့ ဂျောက်ဂျက်က အခုချိန်မှာတော့ သူ့ရဲ့ အမြင်တွေ၊ စရိုက်တွေကို ပြောင်းလဲလိုက်ပြီ လို့ ဆိုပါတယ်။ အမြင်တွေ ပြောင်းလဲ သွားတဲ့ ဂျောက်ဂျက်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.9k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
881
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
617

မေး။ ။ ဂျောက်ဂျက်ရဲ့ တိုင်းသိပြည်သိ DVD က အခုမှ ထွက်မှာဆိုတော့ တော်တော်ကြာနေပြီ၊ စောင့်နေခဲ့တဲ့ ပရိသတ် မျှော်ရကျိုး နပ်အောင် ဘာတွေ လုပ်ထားဖြစ်လဲ။

ဖြေ။ ။ ဘာတွေ လုပ်ထားလဲ ဆိုတာထက် ဘာတွေ လုပ်နိုင်တယ် ဆိုတာကိုပြောရမှာပါ။ ဒီအခွေမှာ ကျနော် လုပ်နိုင် သလောက် အကောင်းဆုံး လုပ်ထားပါတယ်။ ကျနော် လုပ်နိုင်သလောက် ဆိုတာကလည်း MTV တပုဒ် ရိုက်တော့မယ် ဆိုရင် မရိုက်ခင် ၁၀ ရက်၊ ၁၅ ရက်လောက် အလိုကတည်းက ကျနော် ခေါင်းတွေ ပူနေပြီ၊ အိုင်ဒီယာ ကိုလည်း ဆန်းသစ်ချင်တယ်၊ ဆန်းသစ်နေအောင်လည်း ကျနော်အမြဲတမ်း တွေးနေတယ်။ အဓိက ပရိသတ်ကလည်း ကျနော်တို့ အိုင်ဒီယာကို ကြည့်ချင်တာ၊ အားပေးချင်တာလေ။ အိုင်ဒီယာကို အားပေးတာဟာ ကျနော်တို့ကို အားပေးတာနဲ့ တူတူပါပဲ။ အခု ဒီအခွေမှာ အဓိက စိတ်ကူး ကောင်းကောင်းလေးနဲ့ ပရိသတ်ကို ချပြထားပါတယ်။

မေး။ ။ ဂျောက်ဂျက်က ဒီကာလအတွင်းမှာ သီချင်း အခွေသစ်လည်း မထွက်ဖြစ်တော့ ဘာတွေ လုပ်ဖြစ်နေတယ် ဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။ ကျနော် ဒီ တိုင်းသိပြည်သိအခွေ Audio နဲ့ အခုထွက်မယ့် DVD က အချိန် နှစ်နှစ်ခွဲလောက် ကြာတယ် ပေါ့။ ဒီကြားထဲမှာ ကျနော် MTV ရိုက်နေရင်းနဲ့ သီချင်းတွေလည်း အများကြီး ဆိုဖြစ်ပါတယ်။ တတိယအခွေ လုပ်နေတယ်။ တတိယ အခွေကလည်း Ready နီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့် Featuring ပိုင်းကို ကျနော် နည်းနည်း ထပ်ဖြည့်ချင်တာ နဲ့ လုပ်နေတယ်၊ ဒီအခွေကိုလည်း နောင်နှစ် မကူးခင် ထွက်ချင်နေပြီ၊ ဒီတတိယအခွေ အတွက်ကို MTV ရိုက်နေရင်း သီချင်းတွေ စုနေခဲ့တာပါ။

မေး။ ။ တတိယအခွေ အကြောင်းကိုရော ပြောပြပေးပါ။

ဖြေ။ ။ တတိယအခွေက ကျနော်တယောက်တည်း ဆိုထားတဲ့ သီချင်း ၇ ပုဒ်၊ ၈ ပုဒ်လောက် ပြီးနေပြီ၊ ကျန်တဲ့ Featuring ပိုင်းက ဘယ်သူတွေ ပါမလဲ၊ သီချင်းအသစ်တွေ ဘယ်နှပုဒ် ထပ်လုပ်ဖြစ်မလဲ ဆိုတာ မသေချာသေးတဲ့ အတွက် ဒီလောက်ပဲ ပြောပြလို့ ရဦးမယ်။ ဒါပေမယ့် နောက်သုံးလလောက် ဆိုရင်တော့ အခွေနဲ့ပတ်သတ်ပြီး အားလုံး ပြီးအောင်၊ ဒီနှစ်အတွင်း ထွက်နိုင်အောင် ကျနော် ကြိုးစားနေပါတယ်။

မေး။ ။ ရှေ့က နှစ်ခွေနဲ့ ယှဉ်ရင် အခု တတိယအခွေမှာ ဘယ်လို ပြောင်းလဲမှုမျိုးတွေ ပရိသတ်နားထောင်ရမလဲ။

ဖြေ။ ။ ရှေ့က နှစ်ခွေနဲ့ ဆိုရင် ကျနော် ဒီအခွေမှာ နည်းနည်း လူကြီးဆန်လာတဲ့ စကားလုံးတွေ ပါလာမယ်၊ ပြီးတော့ သီချင်းတွေက နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဒါတွေကို ကျနော်မြင်တဲ့ ဘက်ကနေ၊ အကောင်းဘက် ကနေ ရည်ညွန်းပြီးတော့ ရေးထားတဲ့ သီချင်းတွေ ပေါ့။ ကျနော်က ကျနော်ရေးတဲ့ သီချင်းတွေ အကုန်လုံးကို အရာ အားလုံးနဲ့ သက်ဆိုင်တယ် လို့ သတ်မှတ်ထားပါတယ်။

သီချင်းအသစ်တွေ ရေးဖို့၊ ဆိုဖို့ အတွက်ဆိုရင် နောက်ပိုင်းမှာ ကျနော် ကောင်းတဲ့ အမြင်ဘက်ကနေ ရေးဖို့၊ ဆိုဖို့ကိုပဲ တွေးတော့တယ်။ အခု တတိယအခွေမှာ အကောင်းမြင်တဲ့ ဘက်ကနေ ဆိုထားတဲ့ သရော်ထားတာ မျိုးတွေပါမယ်။ နိုင်ငံရေး နည်းနည်း ဆန်တာမျိုးတွေလည်း ပါမယ်။ လူမျိုးရေး အတွက် သက်ရောက်မှု လေးတွေလည်း နည်းနည်း ပါတဲ့ သီချင်းလေးတွေ ပါနိုင်ပါတယ်။ ပဋိပက္ခ ဖြစ်တာကို အပြုသဘောနဲ့ သရော်တာမျိုးတွေလည်း ပါနိုင်ပါတယ်။

မေး။ ။ ခပ်ကြမ်းကြမ်း စာသားတွေနဲ့ သီချင်းတွေ ဆိုတတ်တဲ့ ဂျောက်ဂျက်က အကောင်းမြင်တဲ့ဘက်ကနေ ပြောင်းလဲ ရေးသားနေပြီ ဆိုတော့ ဘယ်လိုကြောင့် ဒီလိုအမြင်ပြောင်းလဲ သွားတာလဲ။

ဖြေ။ ။ အဲဒါကလည်း နှစ်တွေကြောင့် လို့ပဲ ထင်ပါတယ်။ အမှန်အတိုင်းပြောရရင် မနှစ်ကအထိ ဒီစိတ်ကို ကျနော် အပြည့်အဝ မရသေးဘူး။ ကျနော့်အဖေ ဆုံးပြီးတဲ့ နောက်ပိုင်းမှာ ကိုယ့်ဆီကို ရောက်လာခဲ့တဲ့ အတွေးတွေပေါ့ နော်။ အဖေ မရှိတော့တဲ့ အချိန်မှာ ကျနော် လဲကျမလိုကို ဖြစ်သွားတာ။ လူက ဘာမှ မလုပ်ချင်တော့ဘူး ဖြစ်သွားတာ။ အဲဒီ အချိန်မှာ အိမ်က လူတွေကို ပြန်ကြည့်ပြီးတော့ ငါထကို ထမှရမယ် ဆိုပြီး ပြန်ထလာတာ။ အဲဒီ အတွေးနဲ့ အလုပ်တွေ တောက်လျှောက် ပြန်လုပ်လာခဲ့တာ ဒီနှစ်အတွင်းမှာ ကျနော်အလုပ်တွေ အများကြီး ပြန်လုပ် လာနိုင်တယ် ပေါ့။

မေး။ ။ ဒါဆို အဖေက ဂျောက်ဂျက်အတွက် ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့လဲ။

ဖြေ။ ။ ဘယ်လိုဖြစ်လဲ ဆိုရင် အဓိက အိမ်တအိမ်ရဲ့ ခေါင်မိုးတခု လွင့်ထွက်သွားသလို ဖြစ်သွားတာပေါ့။ တအိမ်လုံး ဖရိုဖရဲကို ဖြစ်သွားတာလေ။

မေး။ ။ ဂျောက်ဂျက်က အကောင်းမြင်တဲ့ ဘက်က ရေးတဲ့ စာသားတွေပဲ ရေးတော့မယ် ဆိုတော့ ဘယ်လို စာသားမျိုးကို ဆိုလိုချင်တာ လဲ။

ဖြေ။ ။ ဥပမာ ပြောရရင် ကျနော်က ရန်ပွဲတခုကို မြင်နေမယ်၊ အဲဒီရန်ပွဲကို ဘေးကနေ ကြည့်နေရင်း ကျနော်က ဝိုင်းပြီး ပြောနေကြတဲ့ သူတွေထဲမှာ အဆိုးပြောတဲ့ လူတယောက် မဟုတ်ဘူး။ အကောင်းဘက်ကနေ ဝင်ပြီးပြောတဲ့ လူတယောက် အနေနဲ့ပေါ့။ အဲဒီလို အမြင်နဲ့ သီချင်းတွေ ရေးဖြစ်တော့မယ် ပေါ့။ ကျနော့် အတွေးထဲမှာ အဲဒါလေး တွေကပဲ နောက်ပိုင်းမှာ အသာစီး ရလာတာပေါ့ နော်။ ဆိုလိုတာက ကျနော်ပြောလိုက်လို့ တခုခုကောင်းလာမယ့် အရာမျိုးတွေ ကိုပဲ ရွေးပြီး ကျနော်ဆိုဖြစ်တော့မှာ ပါ။

မေး။ ။ အဲဒါက ကိုယ်က ပြောင်းလဲပြီး မြင်လိုက်လို့ လား၊ ဘာကြောင့် အဲဒီလိုမြင်လာတာလဲ။

ဖြေ။ ။ ကျနော် ပြောင်းလဲပြီး မြင်လိုက်တာတော့ မဟုတ်ဘူး။ သူ့ဘာသာ ပြောင်းလဲပြီး မြင်လာတာလို့ ကျနော် ထင်တယ်။ ငယ်ငယ်တုန်းက ဆိုရင် ဘာမှ မဟုတ်တဲ့ အရာတွေနဲ့ ဒေါသက အရမ်းထွက်တယ်။ ကားမောင်းတာက အစပေါ့။ နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လာလဲ ဆိုတော့ အဲဒီဒေါသက ကိုယ့်ဘာသာကိုယ် အရင်ပူလောင် လာတာကို တွေ့ရတယ်။ ကျနော့်မှာ အကျင့်တခုက ဒေါသထွက်ရင် လုပ်နေတဲ့ အဲဒီအလုပ်ကို ဆက်လုပ်လို့ မရတော့ဘူး လေ။ အဲဒီတော့ ဒေါသထွက်ရင် ကိုယ့်ကိုယ်ကို အရင်ထိခိုက်လာတယ်။ ဒါကြောင့် အဲဒီဒေါသကို ကျနော့် ခန္ဓာကိုယ် အထဲကို အဝင်မခံတော့ဘူး။ စိတ်ထဲကိုလည်း အရောက်မခံတော့ဘူး။ ကိုယ့်ကို လုပ်လာရင်လည်း မသိချင်ယောင် ဆောင်လိုက်တော့တယ်။ သြော် ထားလိုက်ပါတော့မယ်လေ ဆိုတဲ့ စိတ်မျိုးဖြစ်လာတယ်။ အဓိက ကိုယ့်အလုပ်ကို ပြီးအောင်လုပ်ချင်လာတဲ့ စိတ်တွေ ဖြစ်လာတာပဲ။ နောက်ပြီး ကိုယ့်ကို ပူလောင်စေတဲ့ အပူတွေကို မယူတော့တာ။

မေး။ ။ ဒါဆို အရင်တုန်းက ဒေါသ ထွက်လွယ်တာကြောင့် ကိုယ့်ကို ပြန်ထိခိုက်စေတဲ့ အကြောင်းအရာတွေ ရှိခဲ့မှာ ပေါ့။

ဖြေ။ ။ ပြဿနာတွေ ကတော့ အများကြီးပဲ၊ အကြီးရော၊ အသေးရောပေါ့။ ဖြစ်ကို ဖြစ်ခဲ့တယ်။ ဒေါသကြောင့် ခဏခဏလည်း ဖြစ်ခဲ့တယ်။ ငယ်တဲ့ အချိန်တုန်းက ကိုယ့်စိတ်ကိုယ် မနိုင်လို့ ဖြစ်ခဲ့တာပေါ့။ လမ်းမပေါ်မှာ ကျနော်တို့ အုပ်စုလိုက် ရန်တွေ ဖြစ်ခဲ့ကြတယ်။ လူသိရှင်ကြားလည်း အွန်လိုင်းပေါ်မှာ မိုက်ရိုင်းတယ်ဆိုပြီး ဆိုးသွမ်း လူငယ်အဖြစ်နဲ့လည်း လူတွေ အမြင်မှာ ရှိခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ကိုယ့်ဘက်က ကြည့်ရင် ကိုယ်မှန်တယ် ဆိုတဲ့စိတ် တခုထဲပဲ ရှိခဲ့တာကိုး။ ကျန်တာ မသိခဲ့ဘူး။

ဒါပေမယ့် နှစ်တွေကြာလာခဲ့တဲ့ အခါ ကိုယ့်ဘက်က မှန်တိုင်းလည်း နေရတကာ ဝင်ပါပြီး အရိုင်းအစိုင်း ဖြစ်စရာ မလိုဘူး ဆိုတာ မြင်လာတယ်။ တချို့နေရာတွေက ပေါက်ကွဲပြဖို့ မလိုဘူး။ တချို့အရာတွေက အေးအေးဆေးဆေးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းလို့ အားလုံး အဆင်ပြေသွား နိုင်တာပဲ ဆိုတာကို ကျနော် နားလည်လာတယ်။ အဲဒါတွေ ကြောင့်လည်း ပါပါတယ်။

မေး။ ။ ဒါဆို အခုရင့်ကျက်လာတဲ့ ဂျောက်ဂျက်က အခုခေတ် လူူငယ်တွေ အပေါ်ကိုရော ဘယ်လိုမြင်မိလဲ။ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေနဲ့ ယှဉ်ပြီး တခုခုပြောပြချင်တာ ရှိမလား။

ဖြေ။ ။ ကျနော်တို့် သွေးဆူခဲ့တဲ့ အချိန်တုန်းက ကျနော်တို့မှာ ကံဆိုးတာ တခုက ကျနော်တို့မှာ Facebook မရှိခဲ့ ဘူး။ နောက်ပြီး ကျနော်တို့တုန်းက MTV တပုဒ် ကြည့်ရဖို့လည်း မလွယ်ဘူး။ ကြည့်ရရင်လည်း အဆိုတော် တယောက်ကို နှစ်ပုဒ်လောက်၊ သီချင်းခွေ DVD ၊ MTV ကလည်း သူငယ်ချင်းတွေဆီက ယူလာရတာ၊ အဲလို တခွေတခွေ ရဖို့ အတွက်ကလည်း တခါတလေ ကျရင် အချိန်နှစ်လ၊ သုံးလလောက်လည်း ကြာရင်ကြာတယ်။ အချိန် တနှစ် လောက်လည်း ကြာရင်ကြာတယ်။ လူက အဲဒီအချိန်မှာ အရမ်းဆာလောင် နေတာကိုး။ ဒါပေမယ့် ပြည့်စုံစွာနဲ့ ကိုယ့်ဆီ ရောက်မလာဘူး။ ကိုယ်ကပဲ လိုက်ရှာရတာ။

ဒီဘက်ခေတ် လူငယ်တွေကို မြင်နေရတာကျတော့ ဒါဟာ အပြစ်ပြောတာ မဟုတ်ပါဘူး၊ ကျနော်တို့ အလှည့်တုန်းက လိုချင်ရင် အဲဒီ အရာဆီ မရ ရအောင်သွားခဲ့ရတာ။ ဒီဘက်ခေတ် လူငယ်တွေကျတော့ နည်းနည်းပေါ့လျော့ နေကြ သလို ပဲ။ ဒါ ကျနော်မြင်မိတာလေး ပြောပြတာပါ။ သူများ ကြိုက်တယ် ဆိုရင် လိုက်ကြိုက်ကြတယ်။ ဒါပေမယ့် တကယ်တမ်း ရင်ထဲက နှစ်နှစ်ကာကာ မဟုတ်ကြပြန်ဘူး။ အဲဒါလေး မှားနေတယ်။ ကျနော်လည်း ဆရာကြီး မဟုတ်ပါဘူး၊ ဘဝအကြောင်းကိုလည်း အရမ်းနားလည် တတ်သိတဲ့ လူတယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် လူငယ်တွေကို ကျနော့် အမြင်လေးနဲ့ ပြောရမယ် ဆိုရင်တော့ ကိုယ်ရူးသွပ်တဲ့ အရာတခုကို တစိုက်မတ်မတ်နဲ့ အားရပါးရ လုပ်ချလိုက်၊ ဒါဆို အောင်မြင်ပါလိမ့်မယ်။

မေး။ ။ ဂျောက်ဂျက်ရဲ့ ပြောင်းလဲမှုက လူတွေက ကိုယ့်ကို လူဆိုး၊ ရိုင်းတဲ့ လူငယ်တယောက်အဖြစ် မမြင်စေလို တော့တဲ့ အတွက်ကြောင့်ရော ပါမလား။

ဖြေ။ ။ သူများတွေက ကိုယ့်ကို အကောင်းမြင်စေချင်လို့ ပြောင်းလဲ လိုက်တာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ဘူး။ တခါတလေ ကျရင်လည်း လူတွေ ကိုယ့်ကို အမြင်ကပ်တာလည်း လိုချင်တယ်။ အဲဒီ အတွက်ကြောင့် ဘုဘောက် သီချင်းတွေ ဆိုခဲ့တယ်။ ကျနော်တို့ိ စိတ်ထဲမှာ ရှိတယ်။ လူအမြင်ကပ်အောင် ငါတို့ လုပ်ကြမယ် ပေါ့။ အဲဒီလိုက စိတ်ထဲမှာ ရှိနေတာ။ လူငယ် အချင်းချင်းတောင်မှ တခါတလေကျရင် ကိုယ်ကြည်တဲ့သူရှိတယ်၊ တခါတလေ ကျရင် ကိုယ်မကြည်တဲ့သူ ရှိတယ်။ ကိုယ်မကြည်တဲ့သူက ကိုယ့်ကိုလာကြည့်ရင် ကိုယ်က မကြိုက်ဘူး လေ။ အဲဒီလို စိတ်ကလေးက အနည်းငယ် ရှိတော့လေ ကြီးလာတဲ့အခါ အဲဒီစိတ်တွေက ဘာမှ မဟုတ်တော့ဘူး ဆိုတာ သိလာရတဲ့ အချိန်မှာ ကိုယ့်ရင်ထဲက ကိုယ့်ဘာသာ ခံစားမိတဲ့ အရာတွေက ပြောင်းလဲသွားတယ်။ ဒါတွေက ကျနော် ခံစားမိတဲ့ အရာတွေပေါ့။ မှန်လိုပဲ နေတော့တယ်။ မျက်နှာကို အမြဲပြုံးပြထားတယ်။ ကိုယ့်မျက်နှာက အမြဲပြုံး ပြနေတော့ ဟိုဘက်က လာတဲ့ Respond ကလည်း ပြန်ပြုံးပြတာ များတယ်။ ဟိုဘက်က ပြုံးပြတာကို ဒီဘက်က ထိုင်မဲ့ နေတဲ့ လူစားမျိုးထဲမှာ ကျနော် မပါချင် တော့ဘူး။ နောက်တခုက အဲဒီလို အသက်အရွယ်မျိုးက အခြေအနေ တခုကနေ ရုန်းထွက် ချင်လာမှန်းကျနော် ကောင်းကောင်းသိသွားပြီ။

မေး။ ။ ဒါဆို ကိုယ့်အရင်က သူများကို ဖောင်းထုပြီး ရေးခဲ့တဲ့ သီချင်းတွေ၊ စာသားတွေ အတွက် နောင်တ ရမိတာမျိုးရော ဖြစ်မိသေးလား။

ဖြေ။ ။ အင်း … အဲဒါတွေထက် စာရင် ကျနော်လုပ်ခဲ့တဲ့ အရာတွေ အတွက် နောင်တရတာလား၊ မရတာလား ဆိုရင် အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ Feel အတွက် ရေးခဲ့တဲ့ သီချင်းတွေ အပေါ်ကိုတော့ ကျနော် နောင်တ မရခဲ့ဘူး။ ဘာလို့ နောင်တမရဘူးလဲ ဆိုတော့ တချို့တချို့ထင်နေကြတာတွေက အကုန်မှားနေတယ်။ ကျနော် မဖြေရှင်းခဲ့တဲ့ နှစ်တွေ အများကြီး ရှိတယ်။ ဘာလို့မဖြေရှင်းလဲ ဆိုတော့ ဖြေရှင်းလိုက်ရင် လျှော်တယ် ဆိုပြီး ဖြစ်မှာစိုးလို့ မဖြေရှင်း လိုက်တဲ့ အရာတွေပါ။ ကျနော် မိဘကို ပုတ်ခတ်ပြီး ဆိုထားတယ်ဆိုတဲ့ သီချင်းတွေ၊ ကျနော်က ကိုယ့်မိဘကို ရေးပါတယ် ဆိုပြီး တခါမှ ပါးစပ်မှ ထုတ်ပြောခဲ့တဲ့သူ တယောက် မဟုတ်ဘူး။ လူတွေအကုန်လုံးက ကိုယ့်အကြောင်း ကိုယ် ရေးခဲ့တာ၊ ကျနော်က ကျနော့်မိဘကို ရေးတယ်၊ ဆိုတယ် လို့ပဲ ထင်နေခဲ့ကြတယ်။ လူတွေ အဲဒီလိုထင်သွားလို့ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို သီချင်းတပုဒ်ရေးပြီး ကျနော် ပြန်ဆိုခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒါတွေကို လူတွေက စိတ် မဝင်စား ကြတော့ဘူး။ သူတို့က အဆိုးကိုပဲ စိတ်ဝင်စားကြတော့တယ်။ အဲဒီတော့ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ ကိုယ်ကိုယ်တိုင်ကလည်း ဒီကိစ္စကို မရှင်းတော့ဘူး။ ရှင်းလေ ရှုပ်လေဆိုတာ သိလာတယ်။ အခုမှသာ အကြောင်းအရာ တိုက်ဆိုင်လို့ ကျနော် ပြောပြဖြစ်တာ ပါ။ လူတွေက ကျနော်တို့ကို သိတယ်ဆိုတာ တကယ် မသိပါဘူး။ ကျနော်တို့ ရင်ထဲထိ ရောက်အောင် ဘယ်သူမှ မသိပါဘူး။

မေး။ ။ ဒါဆို လူတွေကို ဂျောက်ဂျက်ရင်ထဲက အကြောင်းအမှန်ကို ပြောပြဖို့ လိုတယ် မထင်ဘူးလား။

ဖြေ။ ။ လူတွေသိအောင်က ကျနော်တို့က သီချင်းတွေထဲမှာ အခေါက်ပေါင်းများစွာ ပြောပြခဲ့တယ်။ သိတဲ့သူတွေ သိတယ်၊ မသိတဲ့သူတွေ မသိကြဘူး။ ဒါပေမယ့် သိတာ မသိတာထက် ကိုယ်ပြောခဲ့တဲ့ ကိုယ့်စိတ် အနေအထားက အကောင်းဘက်ကို သွားနေတဲ့ အတွက် လူတွေ လက်ခံဖို့ ကြိုးစားနေတဲ့ အနေအထားပေါ့၊ အခု အချိန်ကတော့။

မေး။ ။ အခုလောလောဆယ် ဂျောက်ဂျက်ရဲ့ Lifestyle ကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ အခုက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတယ်။ ကိုယ့်အလုပ်ကို ကိုယ်ကောင်းကောင်းလုပ်တယ်။ မိသားစုကို အိမ်မှာ ဦးဆောင်တယ်။ အိမ်ရဲ့ စီးပွားရေး အတွက် အမြဲတမ်း စဉ်းစားပေးတယ်။ ကိုယ့်ရဲ့ အနုပညာပိုင်း အတွက်လည်း စဉ်းစားတယ်။ ပြီးတော့ ခရီးတွေ သွားတယ်။ သီချင်းတွေ ဆိုတယ်။ ဒါပါပဲ။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။

မေး။ ။ ဂျောက်ဂျက် ညီမလေး က မြန်မာနိုင်ငံရဲ့ တိုက်ကွမ်ဒို လက်ရွေးစင်လို့ သိရတယ်။ သူ့အပေါ် အစ်ကို တယောက် အနေနဲ့ ဂုဏ်ယူမှုအပိုင်းကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒီမှာ ဆီးဂိမ်းလုပ်တဲ့နှစ်က မှတ်မှတ်ရရပါပဲ၊ ကျနော်လည်း ဆီးဂိမ်းမှာသီချင်း ဆိုရတယ်။ အဆိုတော်တွေ အုပ်စုလိုက်ကြီးနဲ့ အရှေ့တောင်အာရှ သူရဲကောင်းများ ဆိုတဲ့ သီချင်းကို MTV ရိုက်တယ် လေ။ အဲဒီ နှစ်မှာပဲ ကျနော်ညီမလေးလည်း ရွှေတံဆိပ်ကို ရခဲ့တယ်။ အဲဒီတုန်းက ခံစားချက်က ဘယ်လို ပြောရမလဲ၊ ပျော်တာကို မပျော်ပြတတ်ဘူး။ အဲဒီနေ့ တနေကုန် အူမြူးနေတာလေ။ ဝမ်းလည်း ဝမ်းသာတယ်။ ပိတီ ဖြစ်တယ်ပဲ ပြောမလားပေါ့။ အူမြူးနေတာတော့ မှတ်မိတယ်။ ဒါကျနော့်ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်တဲ့ Feel ပေါ့။ မိသားစုမှာ နှစ်ယောက်လုံး တပြိုင်နက် ဆီးဂိမ်းမှာ ပါခဲ့တဲ့ အမှတ်တရ လေးပေါ့။ ဒါဟာ သူများအတွက် သေးသေးလေး ဖြစ်ချင်ဖြစ်မယ်၊ ကျနော့် အတွက်၊ ကျနော့် မိသားစု အတွက်ကတော့ ဒါက အမှတ်တရအကြီးကြီးပါပဲ။

မေး။ ။ ဂျောက်ဂျက် လူတွေအပေါ်၊ ပတ်ဝန်းကျင်အပေါ် အမြင်တွေ ပြောင်းလိုက်ပြီ၊ လူတွေကရော ဂျောက်ဂျက် အပေါ်ကို ဘယ်လို အမြင်နဲ့များ ပြန်ပြီး မြင်စေချင်လဲ။

ဖြေ။ ။ အင်း … ဘယ်လိုမှ မမြင်စေချင်ပါဘူး။ ကျနော့်ကို မြင်နေတဲ့ အတိုင်းလေးပဲ ဆက်မြင်ပါ။     ။

Your Thoughts …
Tags: ArtEntertainEntertainment
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post
ပျူ မြို့ဟောင်း, သရေခေတ္တရာ, ယဉ်ကျေးမှု ဝန်ကြီးဌာန

သရေခေတ္တရာ မြို့ဟောင်းဇုန်၌ နေအိမ်များ ကျူးကျော်ဆောက်လုပ်ခြင်း မရှိရန် စီစဉ်

မုန်တိုင်း, ဘင်္ဂလား ပင်လယ်အော်, မိုး/ဇလ, မုန်တိုင်းငယ်

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းငယ်ကြောင့် ဒေသတချို့ မိုးကြီး၍ လေပြင်း တိုက်နိုင်

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate