• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

Auto Guide ရဲ့ ၂၀၁၆ ခုနှစ်အတွက် စိတ်အချရဆုံး ကားအမှတ်တံဆိပ်များ

by လင်းထက်(IA)
21 November 2016
in Lifestyle
A A
Auto Guide ရဲ့ ၂၀၁၆ ခုနှစ်အတွက် စိတ်အချရဆုံး ကားအမှတ်တံဆိပ်များ
9.3k
VIEWS
Share on FacebookShare on Twitter

၂၀၁၆ ခုနှစ် ကုန်ဆုံးတော့မယ့် အနေအထားမှာ ကားကုမ္ပဏီတွေရဲ့ မော်ဒယ်သစ် မိတ်ဆက်မှုတွေလည်း အများအပြား မြင်တွေ့လာရပြီ ဖြစ်သလို တစ်နှစ်အတွင်း ရောင်းအားတွေ၊ စာရင်းတွေ ချုပ်နေချိန်မှာ နောက်ထပ် အနှစ်ချုပ် စာရင်း တခု ဖြစ်တဲ့ အခုနှစ်အတွင်း ယုံကြည်စိတ်ချရမှု အကောင်းဆုံး ကားစာရင်းကို Auto Guide ကနေ ထုတ်ပြန်လာတာကြောင့် အားလုံးသိရအောင် ပြောပြချင်ပါတယ်။

ဒါဟာ မော်တော်ယာဉ် အသုံးပြုသူတွေ ဆီကနေ ကောက်ခံ ထားတဲ့ မှတ်ချက်ရလဒ်တွေ အတိုင်း ထုတ်ပြန်တာ ဖြစ်ပြီးတော့ မှတ်ချက် ပေးသူပေါင်း ၅ သိန်းကျော်ဆီကနေ မော်ဒယ်ပေါင်း ၃၀ဝ ကျော်ကို အခြေခံပြီးတော့ ဝယ်ယူသူ စိတ်ကြိုက်ဖြစ်တဲ့၊ ယုံကြည်စိတ်ချရမှု အမြင့်ဆုံးကား အမှတ်တံဆိပ်တွေပဲဖြစ်ပါတယ်။

(၁) Lexus

ကမ္ဘာ့အကောင်းဆုံး ကားအမှတ်တံဆိပ် ဖြစ်လာသလိုပါ။ Auto Giude ရဲ့ စစ်တမ်း ဖြစ်ပေမယ့် တကမ္ဘာလုံးက ကားဝယ်ယူသူ ၅ သိန်းကျော်ရဲ့ မှတ်ချက် ရလဒ်တွေ ဖြစ်လို့ ယုံကြည်ရပါတယ်။ ရမှတ် ၈၆ မှတ်ထိအောင် အပြတ်အသတ် ရခဲ့တာကလည်း အားရစရာပါ။ မော်ဒယ်ပေါင်း ၉ ခု အပေါ်မှာ ပြန်လည် ရရှိလာတဲ့ မှတ်ချက်တိုင်းက ရလဒ် ကောင်းခဲ့တာလည်း ဖြစ်ပါတယ်။

(၂) Toyota

မြန်မာ ပြည်တွင်းမှာပါ လူကြိုက်အများဆုံး ဖြစ်ပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ် အဖြစ် ရပ်တည်နိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်တဲ့ Toyota အတွက် အဆင့် ၂ က ကျေနပ်စရာပါ။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ အထက်မှာလည်း သူ့ရဲ့ လက်ခွဲ ကုမ္ပဏီပဲ ရပ်တည်နေလို့ ဖြစ်ပါတယ်။ လူကြိုက်များ မော်ဒယ်ပေါင်း ၁၂ ခုကို အခြေခံပြီးတော့ ရမှတ် စုစုပေါင်း ၇၈ မှတ်ထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

(၃) Buick

အမေရိကန် ကားကုမ္ပဏီတွေထဲမှာ ဒီနှစ်အတွက် တခုတည်းသော ဂုဏ်ဆောင် ကုမ္ပဏီလို့ ဆိုရမှာပါ။ Buick အနေနဲ့ ပြည်တွင်းမှာ လူသိနည်းပေမယ့် ယခုနှစ်တွေအတွင်း မော်ဒယ်သစ် များစွာ မိတ်ဆက်ပြီး ဈေးကွက် အောင်မြင်အောင် ပြန်လည် ကြိုးစားနေတဲ့ တံဆိပ်တခုလည်း ဖြစ်ပါတယ်။ အခုနှစ် အတွက်ကတော့ မော်ဒယ် ၄ ခု အပေါ်မှာ မှတ်ချက် အများဆုံး ရရှိခဲ့ပြီး ဒီမော်ဒယ်တွေကပဲ Buick ကို အဆင့် တက်လာစေခဲ့သလို ရမှတ်စုစုပေါင်း ၇၅ မှတ်ထိအောင် ရှိသွားစေခဲ့ပါတယ်။ ဒါဟာ အရင်နှစ်ကထက် ၄ ဆင့် တက်လာတာလည်း ဖြစ်ပါတယ်။

(၄) Audi

ပြီးခဲ့တဲ့နှစ်က တတိယ ချိတ်ခဲ့တဲ့ Audi အဖို့ ဓာတ်ငွေ့ ထုတ်လွှတ်မှုပိုင်းဆိုင်ရာ ပြဿနာလေး ဖြစ်သွားလို့ ဈေးကွက်မှာ နေရာနည်းနည်း ပျက်ပြီး တဆင့် ကျလာပါတယ်။ ဒါပေမယ့် အခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ Toyota ကိုတောင် ကျော်ပြီး Audi အပါအဝင် VW ရဲ့ ကားတွေက ကမ္ဘာ့ရောင်းအား အကောင်းဆုံး အဖြစ် ထိန်းထား နိုင်သေးတာကတော့ အားရစရာပါ။ ပျမ်းမျှ ၇၁ မှတ်ထိအောင် ရခဲ့ပြီး ဆီဒင် မော်ဒယ်တွေနဲ့ ပတ်သတ်ပြီး အခုနှစ်ထဲမှာ လူကြိုက်နည်းလာပေမယ့် SUV တွေကတော့ အောင်မြင်နေပါတယ်။

(၅) Kia

နောက်ပိုင်းမှာ ဂျပန်ကားတွေရဲ့ ဈေးကွက်ကို တောင်ကိုရီးယား ကုမ္ပဏီတွေ အစားထိုး ဝင်လာဖို့ ရှိနေသလိုပါ။ အခုနှစ် ထိပ်ပိုင်းစာရင်းမှာ Hyundai အပြင် Kia ပါ ရပ်တည်လာနိုင်မှုက ကားလောကရဲ့ အပြောင်းအလဲ တရပ် ဖြစ်နေသလိုပါ။ အဓိက မော်ဒယ် ၄ ခု အပေါ်မှာ ရရှိတဲ့ မှတ်ချက်တွေကို ပြန်ပြီး အမှတ်ပေးမှု အရ စုစုပေါင်း ၆၉ မှတ်နဲ့ နံပတ် ၅ နေရာကို ထိန်းထားနိုင်တာ တွေ့ရပါတယ်။

(၆) Mazda

ပြီးခဲ့တဲ့ နှစ်ကထက် ၂ ဆင့် လျော့ကျသွားတာ ဖြစ်ပေမယ့် နေရာကောင်း၊ အဆင့်ကောင်း နေဆဲပါပဲ။ ပျမ်းမျှ ရမှတ် ၆၈ မှတ်ထိအောင် ရှိထားပြီး သူက လူကြိုက်များ မော်ဒယ် ၅ ခု အပေါ်မှာ အခြေခံ တွက်ချက်ထားတဲ့ ရမှတ်တွေပဲ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

(၇) Hyundai

တောင်ကိုးရီးယား အခြေစိုက် ကုမ္ပဏီရဲ့ အရည်အသွေးကောင်းကို ပြသလာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် Santa Fe မော်ဒယ်ကို အခုနှစ်အတွင်းမှာ လူကြိုက်အများဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရွေးချယ်နိုင်စရာ မော်ဒယ် အများအပြား ထုတ်လုပ်တာကြောင့် ဈေးကွက်မှာ လူကြိုက်များ မော်ဒယ်က ၇ ခုထိအောင် ရှိခဲ့ပြီး စုစုပေါင်း ရမှတ် ၆၆ မှတ်ထိအောင် ရှိခဲ့ပါတယ်။

(၈) Infiniti

ဈေးကွက်မှာ လူကြိုက်အများဆုံး အမှတ်တံဆိပ် တခုဖြစ်တဲ့ Nissan က ဒီစာရင်းမှာ ပါမလာပေမယ့် သူ့ရဲ့ ဇိမ်ခံ မော်ဒယ် ထုတ်လုပ်တဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ Infiniti ကတော့ BMW ရဲ့ အထက်မှာကိုပဲ ရပ်တည်လာနိုင်ခဲ့ပါတယ်။ အရင်နှစ်က ထက်စာရင် အဆင့် ၂၀ အတွင်းကနေ အခုလို တက်လာတာ ဖြစ်ပြီး ဇိမ်ခံ မော်ဒယ်တွေပဲ ထုတ်လုပ်တာမို့ မော်ဒယ် အများအပြား သုံးသပ်စရာ မရှိဘဲ မော်ဒယ် ၄ ခုကိုပဲ ဈေးကွက်ကနေ သုံးသပ်ချက် အများဆုံး ရခဲ့ပါတယ်။ ရမှတ်ကတော့ ၆၂ မှတ် ဖြစ်ပါတယ်။

(၉) BMW

ဂျာမနီ အခြေစိုက် BMW က မထင်မှတ်ဘဲ အဆင့်နည်းနည်း နိမ့်သွားခဲ့ပါတယ်။ Honda နဲ့ ရမှတ် အတူတူ ၅၇ မှတ် ရပါတယ်။ ဒါပေမယ့် Honda ထက်စာရင် မော်ဒယ် ၈ ခုလောက်ထိအောင် ဈေးကွက်မှာ လက်ခံ နှစ်သက်နေတာ ဖြစ်ပြီး အဲဒီထဲကမှ အထူးသဖြင့်တော့ i3 နဲ့ X5 လိုမော်ဒယ်ကို ပိုပြီး မှတ်ချက်ကောင်း ပေးကြတာ တွေ့ရပါတယ်။

(၁၀) Honda

သူကတော့ ပြီးခဲ့တဲ့ နှစ်ကထက်စာရင် ၂ ဆင့် လျော့ကျသွားတာ ဖြစ်တယ်လို့ သိရပြီး လူကြိုက်အများဆုံးနဲ့ ရောင်းအား အကောင်းဆုံး မော်ဒယ် ၇ ခု အပေါ်မှာ ရရှိခဲ့တဲ့ မှတ်ချက်နဲ့ သုံးသပ်ချက်တွေကို အခြေခံပြီးတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရမှတ် ၁၀ဝ ကို အခြေခံ တွက်ချက်မှုမှာ ၅၇ မှတ်ထိအောင် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Your Thoughts …
Tags: Automobile
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

ကမ္ဘာ့အမြန်ဆုံးလို့ဆိုတဲ့ Kawasaki Ninja H2R မော်တော်ဆိုင်ကယ်

by လင်းထက်(IA)
14 August 2017
12.6k

အင်ဂျင်စက်နှိုးဖို့အတွက် လျှပ်စစ်မော်တာ ထည့်ထားပြီး အလွယ်စက်နှိုးနိုင်အောင် ဖန်တီးထားတယ်၊ Free ရိုက်ချင်တဲ့ အချိန်မှာ စက်သတ်နိုင်မယ့်စနစ်ပါတယ်၊

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

ကားတစ်စီး မီးခိုးလိုက်နေပြီ ဆိုရင်

by လင်းထက်(IA)
2 November 2016
17k

အင်ဂျင်ဝိုင် အရည်အသွေး မပြည့်တော့လို့လည်း မီးခိုး အနည်းငယ် လိုက်တတ်ပါတယ်။ ဒီအချက်က အင်ဂျင်ဝိုင် သက်တမ်းနဲ့ ပျစ်ရည် အနေအထားကို ကြည့်ပြီး ပြစ်ချက် ရှာနိုင်ပါတယ်

2016 ထုတ် Honda CBR 150R ဆိုင်ကယ်များ

ဈေးချိုချိုနဲ့ ရနိုင်လာတဲ့ 2016 Honda CBR 150R ဆိုင်ကယ်

by လင်းထက်(IA)
19 June 2017
27.7k

၂၀၁၇ခုနှစ် မော်ဒယ်တွေကတော့ ဈေးကွက်ထဲ ရောက်လာတာ မကြားသေးဘဲ ဈေးမြင့်ပြီး အရင်နှစ် ၂၀၁၆ အသစ်အနေအထား မော်ဒယ်တွေကတော့ ၃၅ သိန်းလောက်နဲ့ပဲ ရနိုင်နေတာ တွေ့ရပါတယ်။

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

သင်သိထားသင့်တဲ့ ကားတာယာအကြောင်း

by လင်းထက်(IA)
21 January 2017
17.8k

တာယာ အမြန်ဆုံး ပွင့်ထွက်စေတဲ့ အကြောင်းရင်းက သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းကြောင့် မဟုတ်ပါဘူး။ ဝန်တင်ဆောင်မှု ပိုများလို့ပါ။ နောက်ပြီး လေပေါင်ချိန် မမှန်လို့ပါ။

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

ကမ္ဘာ့လူစီးအများဆုံး ကားအမျိုးအစားများ

by လင်းထက်(IA)
6 December 2016
16.8k

ပွဲတက် မော်ဒယ်အဖြစ် အံမဝင်ပေမယ့် လုပ်ငန်းသုံး၊ မိသားစုသုံး မော်ဒယ်အဖြစ်နဲ့ ယနေ့ ကမ္ဘာရဲ့ ကား ၁၀ စီးမှာ ၂ စီးခွဲလောက်က Hatchback တွေ ဖြစ်နေပါတယ်။ သူ့ထက် ကိုယ်ထည်သေးတဲ့ Supermini တွေကလည်း...

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

by လင်းထက်(IA)
14 January 2017
40.5k

Porter II တွေက လုပ်ငန်းသုံး မော်ဒယ်အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ၆၆၀ စီစီ သုံး မော်ဒယ်တွေက သိန်း ၁၀ဝ အောက်လောက်နဲ့ ရနိုင်တယ်

Next Post
အသံတော့ ထွက်တာပဲ

အသံတော့ ထွက်တာပဲ

ပီရူးနိုင်ငံမှာ ပြုလုပ်တဲ့ အေပက်အစည်းအဝေး၌ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို တွေ့ရစဉ် / AP

ရုရှားဟာ မဟာအင်အားကြီးနိုင်ငံဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved