• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

Stay Home မြို့နယ်များမှ လုပ်သားများ ဝင်မလာစေရန် ကယားပြည်နယ်အစိုးရ တားမြစ်

by ဇူးဇူး
10 December 2020
in Coronavirus Update
A A
ကယားပြည်နယ်ထဲက အထင်ကရ ကြေးကွင်းပက် ကယန်းလူမျိုး  / ဧရာဝတီ

ကယားပြည်နယ်ထဲက အထင်ကရ ကြေးကွင်းပက် ကယန်းလူမျိုး / ဧရာဝတီ

6.7k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်အတွင်း ပြည်သူများထံသို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် တင်ဒါအောင်ကုမ္ပဏီများ အနေဖြင့် Stay at Home သတ်မှတ်မြို့နယ်များမှ အလုပ်သမားများအား ဒီဇင်ဘာ ၉ ရက်နေ့မှစ၍ ပြည်နယ်အတွင်းသို့ ခေါ် ယူခြင်းမပြုလုပ်ရန် တားမြစ်သည့် ညွှန်ကြားချက်တစောင်ကို ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

ကယားပြည်နယ်အတွင်းသို့ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ရောက်ရှိလာသော အလုပ်သမား ၄၀ ဦးအနက် ပဲခူးတိုင်း မှ လာရောက်သူ ၁၅ ဦးနှင့် ရန်ကုန်တိုင်းမှ လာရောက်သူ ၂ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိပြီးနောက် ပြည်နယ်အစိုးရအဖွဲ့က ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမား ၄၀ ဦးအား လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ စိုက်/သိပ္ပံကျောင်းရှိ Community Based Facility Quarantine တွင် ထားရှိရာမှ ဒီဇင်ဘာ ၈ ရက်နေ့၌ ကိုဗစ်ရှိမရှိ Test Kit ဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အတတ်နိုင်ဆုံး မိမိတို့ပြည် နယ်အတွင်းရှိ အလုပ်သမားများနှင့်သာ လုပ်ငန်းအောင်မြင်ရေး ဆောင်ရွက်သွားရန်၊ Stay at Home မဟုတ်သည့် မြို့ နယ်မှ အလုပ်သမားများ ခေါ်ယူရာ၌ ခေါ်ယူမည့် အလုပ်သမား ခေါင်းဆောင်အမည်နှင့် အလုပ်သမား အရေအတွက် စာ ရင်းအား ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ခေါ်ဆောင်သွားရန်ဟူ၍ ဖော်ပြထားသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်းက “ပိုးတွေ့တာတွေ များလာလို့ ဒါတွေ ထိန်းချုပ်ဖို့အတွက် လက်ရှိတော့ ဝင်လာတဲ့သူတွေက ကြိုတင် တင်ပြပြီးတော့မှ ဒီမှာ ဆေးစစ်ပေးနေပါတယ်။ အလုပ်သမားတွေ တောက်  လျှောက်ဝင်လာပြီးတော့ ဟိုတနေ့ကမှ ပဲခူးနဲ့ရန်ကုန်က ဝင်လာတဲ့ အလုပ်သမား ၁၇ ဦး ပိုးတွေ့ထားတယ်။ ညွှန်ကြား ချက်တွေ ထပ်ထွက်ဖို့ ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
8
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
12
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
107

၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်အတွက် သက်ဆိုင်ရာဌာနများ၏ တင်ဒါခေါ်ယူမှုများ အောက်တိုဘာတွင် စတင်ခဲ့ပြီးနောက် ဒီဇင်ဘာတွင် လုပ်ငန်းများ ပြန်စနေခြင်းဖြစ်ကြောင်း သိရသည်။

တင်ဒါအောင်သွားသည့် ကုမ္ပဏီများက ပြည်နယ်ပြင်ပမှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်ပြီး ပြည်နယ်အတွင်းသို့ အရေအတွက် မည်မျှရောက်ရှိနေသည်ကိုမူ အသေးစိတ် မသိရပါ။

ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ ပြည်နယ်အတွင်းသို့ အလုပ်သမားများ ရောက်ရှိလာပါက သက်ဆိုင်ရာ အသွားအ လာကန့်သတ်ထားသည့် နေရာများ၌ Quarantine ဝင်ရောက်စေပြီး ရောက်ရှိသည်နှင့် ၁ ကြိမ်၊ သတ်မှတ်ရက်တွင် ၁ ကြိမ် ၎င်းတို့၏ Swab ရယူစစ်ဆေးခြင်း ၂ ကြိမ် ကုန်ကျစရိတ်နှင့် နေထိုင်စားသောက်ရေး ကိစ္စရပ်များကို ကုမ္ပဏီက ကျခံသွားရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တင်ဒါအောင်ကုမ္ပဏီများ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော အလုပ်သမားများ၏စာရင်း (ကိုယ်ရေးအချက်အလက်အပြည့်အစုံ)အား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တင်ဒါအောင်သည့်ဌာန၊ အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေးဦးစီးဌာနသို့ အသိပေး တင်ပြသွားရန်လည်း ညွှန်ကြားထားပြီး စည်းကမ်းချက်များကို မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတိပေးထားသည်။

ပြည်နယ်အတွင်းသို့ တင်ဒါနှင့် ဆက်နွယ်နေသည့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား ၅၀၀ ခန့် ရောက်ရှိနေပြီး ဆောက် လုပ်ရေးနှင့် လမ်းလုပ်သားများ အဓိကပါဝင်ကြောင်း၊ တင်ဒါအောင်သည့် ပြည်မကုမ္ပဏီများက ၎င်းတို့၏ လုပ်သားများကို ခေါ်သွင်းလာခြင်းဖြစ်ကြောင်း လွိုင်ကော် ဒေသခံတဦးဖြစ်သူ ကိုကျော်ထင်အောင်က ဧရာဝတီကို ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ ပိုးတွေ့နှုန်း တအားမြင့်မားနေတဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းကလို လုပ်သားတွေကိုပါ ခေါ်ယူတင်သွင်းလာ တယ်ဆိုတော့ နဂိုကတည်းက ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ ကိုဗစ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိဘူးဆိုတာ ပေါ်လွင်နေသလို ကျနော်တို့ ဒေသခံအလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်ကိုလည်း လုံးဝ လျစ် လျူရှုထားတယ်ဆိုတဲ့ အခြေအနေမျိုးကို တွေ့ရတယ်” ဟု မှတ်ချက်ပြုသည်။

အလုပ်သမားများတွင် ပိုးတွေ့ပြီးနောက်ပိုင်း ထုတ်ပြန်သည့် အစိုးရညွှန်ကြားချက်၌လည်း ဒေသခံလုပ်သားများနှင့် လုပ် ငန်းအောင်မြင်ရေး ဦးစားပေးဆောင်ရွက်ရန်ဟုသာ ဖော်ပြထားပြီး အနည်ဆုံး ရာခိုင်နှုန်းမည်မျှ ခေါ် ယူရမည်ဟူ၍ မသတ် မှတ်ထားကြောင်း၊ ပြည်မရွှေ့ပြောင်းလုပ်သားများ ထပ်မံမသွင်းရန် တားမြစ်ထားမှုလည်း မရှိရာ ပြည်နယ်အတွက် ထည့် သွင်းစဉ်းစားမှု အားနည်းသည်ဟုသာ မြင်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ကိုကျော်ထင်အောင်က “လက်ရှိ ကံကောင်းနေတာ တခုက ဒေသတွင်းကူးစက်မှု မရှိသေးဘူး။ ဒါပေမယ့် အခုလို ပြည်မ ကနေ အလုံးအရင်းလိုက် ဝင်ရောက်ခွင့် ပြုမယ်ဆိုရင်တော့ တနည်းမဟုတ်တနည်း စည်းကျိုးပြီးတော့မှ ပြည်နယ်အတွင်း ကူးစက်မှုတွေ ဖြစ်သွားနိုင်တဲ့ အခြေအနေကို ကြုံတွေ့ရနိုင်တာဖြစ်လို့ ဒီအတွက် စနစ်ကျတဲ့ ထိန်းချုပ်မှုတွေ၊ ကန့်သတ် မှုတွေ လိုပါတယ်” ဟု ထောက်ပြသည်။

ကယားပြည်နယ်တွင်း အသွားအလာကန့်သတ်ခြင်း ခံထားရသူ Home Quarantine ၁၉ ဦး အပါအဝင် Facility Quarantine ဝင်နေသူ စုစုပေါင်း ၂၉၁ ဦးရှိပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်ရန် တောင်ကြီးမြို့ ပြည်သူ့ကျန်း မာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က ယနေ့ နံနက်က သတင်းထုတ်ပြန်ထားသည်။

ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲ အချိန်အထိ ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၇ ဦးရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၁ ဦးနှင့် လက်ရှိကုသမှု ခံယူနေသူ ၂၆ ဦး ရှိကြောင်း သိရ သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၃,၁၆၆ ဦး၊ သေဆုံးလူနာ ၂,၁၇၄ ဦး ရှိပြီဖြစ်ပြီး ပြည်နယ်နှင့်တိုင်းများအနက် ရန်ကုန်တိုင်း  ဒေသကြီးသည် ၇၀,၀၀၀ ကျော်ဖြင့် ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေပြီး ပဲခူးတိုင်းဒေသကြီးသည် ၅,၀၀၀ ကျော်ဖြင့် တတိ ယအဆင့်တွင် ရှိနေသည်။

Your Thoughts …
Tags: ကယားပြည်နယ်လုပ်သား
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

by Brian Wei
26 March 2024
6.3k

စစ်ကောင်စီသည် ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်တွင် KNDF ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်။

KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

by ကိုဦး
11 July 2023
11.8k

နှစ်နှစ်တာကာလပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားသည် လွိုင်ကော်၌သာရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့များတွင် လူသူကင်းမဲ့၍ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုများသာ ကျန်နေသည်ဟု သိရ၏။

တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

by ခင်နဒီ
22 November 2023
3k

ရှေ့တန်းစစ်မျက်နှာမှ ကျန်းမာရေးလုပ်သားများကို အလေးထား မှတ်တမ်းတင်ခြင်းသည် မခင်စန္ဒာညွန့်အတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် နည်းလမ်းတခုဖြစ်သည်။

Next Post
စစ်တွေမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ကိုဗစ်ပြန်ကြားရေးတာဝန်ခံ ပိုးကူးစက်ခံရ

၂၀၁၆ ခုနှစ်က မိုင်ဂျာယန် တွင်ပြုလုပ်ခဲ့သော ညီလာခံသို့ တက်ရောက်ခဲ့သော AA အဖွဲ့များ  / ဧရာဝတီ

တပ်မတော်နှင့် AA ပန်ဆန်းတွင် ဆွေးနွေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved