• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ကြက်သား၊ ဘဲသားမုန့်

by ဝင်းနိုင် (ဒန်ဗာ)
15 March 2015
in Culture
A A
ကြက်သား ဘဲသားမုန့်

ကြက်သား၊ ဘဲသားမုန့်

8k
VIEWS
Share on FacebookShare on Twitter

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

တခါတလေမှာ တချို့ စားစရာတွေက အလွယ်တကူ ဝယ်ယူလို့ မရနိုင်ဘဲ … ကိုယ်နှစ်သက်လွန်းတဲ့ အစားအစာ ဖြစ်နေတာကြောင့် ရောင်းတဲ့ဆိုင်ကို တကူးတက သွားရောက်ရှာဖွေ ဝယ်ယူရတာမျိုး ကြုံရတတ်ပါတယ် …။

ဒီလိုအချိန်မျိုးမှာ မိမိနှစ်သက်တဲ့ အစားအစာလေးအကြောင်း လေ့လာထားမယ်ဆိုရင် ကိုယ်တိုင် လက်စွမ်းပြခွင့် ရသလို … မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကိုလည်း ခံစားရရှိစေမှာပါ …။

ဒီတပတ်တော့ အလွယ်တကူ ရောင်းလေ့မရှိတဲ့ ဘဲသားမုန့် အကြောင်း တင်ဆက် လိုက်ပါတယ် …။

ဂျုံသား နယ်ရတဲ့ အလုပ်တခုကတော့ … အတော်လေး လက်ဝင်ပါတယ် …။ ဝါသနာပါသူများ စိတ်ရှည်စွာ စမ်းသပ်ကြည့်နိုင်မယ့် အချိုးလေးကို ဖော်ပြပေးပါမယ် …။

ကြက်သား (သို့) ဘဲသားမုန့် (Chicken or Duck Puff)

အပြင်တလွှာအတွက်

ဂျုံနုမှုန့် – ၅၀၀ ဂရမ်
မာဂျရင်း – ၁၀၀ ဂရမ်
ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ရေအေး – ၁ ခွက် (သို့) ၂၂၀ မီလီမီတာ

ဂျုံမှုန့်နဲ့ ဆားကို သမအောင်မွှေပြီး မာဂျရင်းထည့်နယ်ပါ။ ရေကို နည်းနည်းစီ ထည့်ပြီး ညက်နေတဲ့ မုန့်သားတခု ရသည်အထိ နယ်ပါ။

နယ်ထားတဲ့ မုန့်သားကို ခပ်ကြမ်းကြမ်း လုံးထားပါ။

အတွင်းတလွှာအတွက်

ဂျုံ – ၂၅၀ ဂရမ်
မာဂျရင်း – ၁၅၀ ဂရမ်

ဒီ ၂ မျိုးထဲကိုပဲ အထက်ပါအတိုင်း နယ်ပြီး လုံးထားပါ။

ပထမအလွှာမုန့်သားကို မုန့်လှိမ့်တုံး (သို့) ပုလင်းအသုံးပြုပြီး အနည်းငယ် ပြန့်သွားအောင်ဖြန့်ပါ။ ဒုတိယ မုန့်သားကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပြီး ပထမအလွှာပေါ် တင်ပေးပါ။

ထို့နောက် မုန့်သား ၂ ခုကို ၃ – ၄ ထပ်ရအောင် လိပ်ပေးပါ။ ပလပ်စတစ် အပါးစလေးအုပ်ပြီး ရေခဲသေတ္တာမှာ ၁၅ မိနစ်လောက် အအေးခံထားပါ။ အဲဒီအချိန်မှာ အတွင်းသားအစာအတွက် ပြင်ဆင်ပါမယ် …။

အတွင်းအစာအတွက်

ကြက်သား (သို့) ဘဲသား – ၅၀၀ ဂရမ် (ခပ်သေးသေးအတုံး တုံးရန်)
အာလူး – ၂ လုံး (၁ စင်တီအရွယ် အတုံးလေးတုံးရန်)
ကြက်သွန်နီ – ၃လုံး (၁ စင်တီအရွယ် အတုံးလေးများတုံးရန်)
ငရုပ်စပ်မှုန့် – ၁ ဇွန်း (ထမင်းစားဇွန်း)
မဆလာ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ကြက်သွန်ဖြူ + ချင်း – အနည်းငယ်စီ (နုပ်နုပ်စဉ်း)
ဆား + ကြက်သားမှုန့် – သင့်တော်သလို
သကြား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ပထမဆုံး ကြက်သားတွေကို အိုးကင်းပူ တိုက်တဲ့ပုံစံနဲ့ ရေခမ်းသွားအောင် ပြုလုပ်ပါ။ ရေခမ်းသွားရင် အအေးခံထားပါ။

ဒယ်အိုးထဲမှာ အာလူးတွေကို ထည့်ကြော်ပါ။ အနည်းငယ် နွမ်းသွားရင် နနွင်းမှုန့် အနည်းငယ်နဲ့အတူ ကြက်သွန်ဖြူနဲ့ ချင်း ပေါင်းထည့်ပါ။

အနံ့မွှေးလာပြီဆိုရင် ကြက်သွန်နီနဲ့ ကြက်သားတွေ ပေါင်းထည့်ပြီး ငရုတ်စပ်မှုန့်၊ ဆား၊ သကြား၊ ကြက်သားမှုန့်
တို့နဲ့ အရသာသွင်းပါ။ ဖြန့်ပြီး အအေးခံထားပါ …။

အဲဒီ အချိန်မှာ ရေခဲသေတ္တာထဲက အအေးခံထားတဲ့ ဂျုံသားလိပ်ကို ထုတ်ပြီး ၁၆ ကနေ ၂၀ ခုအထိ အညီအညာ ပိုင်းဖြတ်ပါ။

ပိုင်းဖြတ်စလေးတွေကို ဂျုံမှုန့်ဖြူးထားတဲ့ စားပွဲပေါ်မှာ လှိမ့်တုံးလေး အသုံးပြုကာ ၄ လက်မ အဝိုင်းငယ် ရအောင်လုပ်ပါ။ (မုန့်သား ၂ ခုကို ၃ – ၄ ထပ် ရအောင် လိပ်ထားတဲ့အတွက် မုန့်သားမှာ အရစ်အရစ် ပုံလေးတွေပေါ်နေပါမယ်)။

လက်ကို ဂျုံမှုန့်လူးကိုင်ပြီး အတွင်းအစာကို ၁ ဇွန်းသာသာခန့်ဖြည့်ကာ ခေါက်ချိုးညီ ခေါက်လိုက်ပါ …။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
140
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မိမိလက်ပေါ်မှာရှိတဲ့ ဘယ်ဖက်အစွန်းထောင့် ကလေးကို ၄၅ ဒီဂရီလောက် ခေါက်ချလိုက်ပါ …။ အဲဒီနောက်မှ တဆင့် လက်မ အားကို အသုံးပြုပြီး မုန့်အနားသားလေးတွေကို ထိုးခေါက်သွားမယ်ဆိုရင် ညီညာလှပစွာ ပုံဖော်ထားတဲ့
အနားသား အစွန်းသတ်လေးတွေနဲ့ လှပနေပါမယ် …။

အားလုံး ထိုနည်းအတိုင်း ပြုလုပ်ပြီးပြီဆိုမှ … ဆီ (သာမန်အပူချိန်) မှာ ရွှေအိုရောင်ရအောင်ကြော်ပါ။ အအေးခံပြီးရင်တော့ လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ တည်ခင်းဧည့်ခံ စားသောက်နိုင်ပါပြီ။

Your Thoughts …
Tags: ArtEntertainment
ဝင်းနိုင် (ဒန်ဗာ)

ဝင်းနိုင် (ဒန်ဗာ)

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.9k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10.1k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.5k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post
နစ်မြုပ်ရေယာဉ် အောင်တံခွန် ၃ သင်္ဘော, ကျောက်ဖြူ, တောင်ကုတ်

နစ်မြုပ်သွားသည့် အောင်တံခွန် ၃ သင်္ဘောမှ ရုပ်အလောင်း ၂၀ ထပ်မံ ရှာဖွေတွေ့ရှိ

လက်ပံတန်း, ရဲ တပ်ဖွဲ့ , ကျောင်းသား , NNER

လက်ပံတန်း အဓိကရုဏ်း တမင်ဖန်တီး ရိုက်နှက်တာလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved