Entertainment

ကလေးများကို အုပ်ထိန်းခွင့် သဘောတူညီချက် အသစ် ရခဲ့တဲ့ ဂျိုလီတို့ စုံတွဲ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော်အနုပညာရှင် ဇနီးမောင်နှံဖြစ်ခဲ့ကြတဲ့ မင်းသားဘရက်ပစ်နဲ့ မင်းသမီး အန်ဂျလီနာဂျိုလီတို့ဟာ အခုနွေရာသီ ကာလအတွက် သူတို့ရဲ့ ကလေး ၆ ယောက်ကို ယာယီ အုပ်ထိန်းခွင့် သဘောတူညီချက်အသစ် ရရှိခဲ့ပြီလု့ိ ဆိုပါတယ်။

Us Weekly မီဒီယာက ရရှိခဲ့တဲ့ တရားရုံးအချက်အလက်တွေအရ လော့စ်အင်ဂျလိစ် ဒေသ အထူးတရားရုံးက ဥပဒေပြုသူတွေ က ဖခင်ဖြစ်သူ ဘရက်ပစ်နဲ့ ဆယ်ကျော်သက်တွေ ဖြစ်ကြတဲ့ Maddox, Pax, နဲ့ Zahara ၊ ကလေး အရွယ်သာရှိသေးတဲ့ Shiloh, Knox နဲ့ Vivienne တို့ရဲ့ ဆက်ဆံရေးဟာ အန္တရာယ်မရှိကြောင်း ဆုံးဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။

တရားရုံးအရာရှိတဦးက ကလေးတွေဟာ သူတို့ရဲ့ ဖခင်နဲ့အတူရှိနေချိန်မှာ ဘေးကင်းလုံခြုံပြီး သူတို့မိဘ နှစ်ယောက်လုံးနဲ့ ခိုင်မာပြီး အဆင်ပြေတဲ့ ဆက်ဆံရေးရှိကြတာက အရေးပိုကြီးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ အခုလာမယ့် နွေရာသီကာလ တလျှောက်လုံးမှာ သူတို့နှစ်ဦး၊ ကလေးတွေနဲ့ စိတ်ပညာရှင်နှစ်ဦးတို့အကြား ဖုန်းခေါ်ဆိုမှုကို စီစဉ်ပေးဖို့ အမိန့်ချမှတ်ခံထားရတယ်လို့ အချက်အလက် တွေထဲမှာ တွေ့ရှိပြီး အခုလောလောဆယ်မှာတော့ ဘရတ်ပစ်ဟာ ကလေးတွေအားလုံးကို ရုပ်ပိုင်းဆိုင်ရာ အရ အုပ်ထိန်းခွင့် ရရှိမှာဖြစ်ပေမယ့် မင်းသမီး ဂျိုလီက Maleficent 2 ကို ရိုက်ကူးဖို့ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ ဇွန် ၈ ရက်ကနေ ၁၇ ရက်အတွင်းမှာတော့ သားဖြစ်သူ Maddox ကို တနေ့လေးနာရီသာတွေ့ခွင့်ရ မယ်လို့ဆိုပါတယ်။

မင်းသားကတော့ ကလေးတဦးချင်းစီနဲ့ စိတ်ပညာရှင်တဦးနဲ့အတူ ၁၀ ရက်တာကာလအတွင်းမှာ အနည်းဆုံး နှစ်ကြိမ် လောက်တွေ့ဆုံပြီး အချိန်ကုန်ဆုံးခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဂျိုလီကတော့ ရှိနေမှာ မဟုတ်ပါဘူး။

မင်းသားက ကလေးတွေကို ဇွန် ၂၇ ရက်နေ ဇူလိုင် ၁ ရက်အထိ အခြားစိတ်ပညာရှင်တဦးရဲ့ ရှေ့မှောက်မှာပဲ တနေ့ကို ၁၀ နာရီကြာ အုပ်ထိန်းခွင့်ရမှာဖြစ်ပါတယ်။ ဇူလိုင် ၈ ရက်ကနေ ၁၄ ရက်အထိကိုတော့ တနေ့ကိုလေးနာရီကြာ အုပ်ထိန်း ခွင့်ရမှာလည်း ဖြစ်ပါတယ်။

လော့စ်အင်ဂျလိစ်မြို့ကို ပြန်လာရင်တော့ မင်းသားဟာ ဇူလိုင် ၂၁ ရက်နေ ၂၉ ရက်အထိ ကလေးတွေကို အုပ်ထိန်းခွင့်ရ မှာဖြစ်ပါတယ်။ ဇူလိုင်၂၉ ရက်ရောက်ရင်တော့ လန်ဒန်မြို့မှာရှိတဲ့ ဂျိုလီထံကလေးတွေကို ပြန်ပိုု့ပေးရမှာလည်းဖြစ်ပါ တယ်။ သူဟာ လာမယ့်သြဂုတ် ၁၃ ရက်မှာ သူတို့လင်မယားနှစ်ဦးရဲ့ ကွာရှင်းခွင့် တောင်းခံထားတဲ့ ကြားနာမှုမတိုင်မီ သြဂုတ် ၁၁ ရက်အထိ အုပ်ထိန်းခွင့် ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading