ကလေးငယ်တွေကို ကျွေးမွေးပြုစု စောင့်ရှောက်ရတာဟာ လွယ်ကူတဲ့ ကိစ္စတရပ်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် တယောက်တည်း ဒီကိစ္စကို ပြုလုပ်ဖို့ဆိုတာ ပိုမိုခက်ခဲတတ်တာဖြစ်ပြီး ယခုဖော်ပြပေးမယ့် ကမ္ဘာကျော် အနုပညာရှင်တွေဟာ ကွာရှင်းပြတ်စဲမှုတွေ (သို့မဟုတ်) အချို့သော ပုဂ္ဂိုလ်ရေး ကိစ္စတွေ ရှိခဲ့ပေမယ့်လည်း သူတို့ရဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်နေဆဲဖြစ်တဲ့ မိခင်ကောင်းတွေပဲ ဖြစ်ပါတယ်။
(၁) Amanda Stanton

Amanda Stanton ကို ခင်ပွန်းဟောင်းဖြစ်သူ Josh Murray လက်ထပ်ခွင့် တောင်းခဲ့တာဟာ သူမ ပါဝင် ရိုက်ကူးခဲ့တဲ့ “Bachelor in Paradise” ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းမှာ ဖြစ်ပါတယ်။ တကယ့် လက်တွေ့ဘဝမှာတော့ ၂၆နှစ်အရွယ် Amanda အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ နေ့ရက်တွေ အများကြီးပဲ ဖြစ်ပါတယ်။
“ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသလို အိမ်ထောင်ရေးရဲ့ ကျဆုံးမှုကိုလည်း ကျမ လက်ခံ လိုက်တယ်။ နောက်ပြီး ကျမ တယောက်ထဲလည်း ကျမ ကလေးတွေကို ဆက်ပြီး စောင့်ရှောက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မိတယ်။ ကျမလို ဘဝမျိုး ကျမကလေးတွေ မဖြစ်စေရဘူးလို့လည်း ဆုံးဖြတ်ချက်ချမိတယ်”လို့ Amanda က ကွာရှင်းပြတ်စဲမှုအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
(၂) Sandra Bullock

အမေရိကန်နိုင်ငံရဲ့ အသည်းနှလုံး၊ အော်စကာဆုတွေရဲ့ ပိုင်ရှင်အဖြစ် တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Sandra Bullock ဟာလည်း Single mother တယောက်ဖြစ်ပါတယ်။ The Gravity , Speed , Ocean’s 8 နဲ့ အခြား နာမည်ကြီးရုပ်ရှင်များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမဟာ Jesse James နဲ့ ကွာရှင်းပြတ်စဲမှုအပြီးမှာ Louis Bardo လို့ခေါ်တဲ့ နယူးအော်လန်က ကောင်လေးတယောက်ကို မွေးစားဖြစ်ခဲ့ပါတယ်။
၂၀၁၅ခုနှစ်မှာလည်း Laila လို့ခေါ်တဲ့ ကောင်မလေးတယောက်ကို ထပ်မံမွေးစားဖြစ်ခဲ့ပါတယ်။ Sandra Bullock က “မိသားစုဆိုတာ ရောနှောနေတယ်။ အမျိုးမျိုး ကွဲပြားနေတယ်။ ချစ်စရာကောင်းပြီး တယောက်ကို တယောက် နားလည်ပေးနိုင်ကြတာပဲ ဖြစ်ပါတယ်”လိ့ု အင်တာဗျူးတခုမှာ ပြောသွားခဲ့ပါတယ်။
(၃) Gwyneth Paltrow

Iron Man ရုပ်ရှင်ဇာတ်ကားတွေမှာ Iron Man ရဲ့ အိမ်သူသက်ထားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Gwyneth Paltrow ဟာလည်း Single mother တယောက်ပဲဖြစ်ပါတယ်။
Coldplay အဖွဲ့ရဲ့ Chris Martin နဲ့ ကွာရှင်းပြတ်စဲမှုအပြီးမှာတော့ အော်စကာဆုရ မင်းသမီးလည်းဖြစ် GOOP ကို တည်ထောင်သူလည်းဖြစ်တဲ့ Gwyneth ဟာ အင်တာဗျူးတခုမှာ “ခက်ခဲတဲ့ အချိန်တွေကို ကျမနဲ့ ကလေးတွေ ဖြတ်သန်းခဲ့ပြီးပါပြီ။ ကျမတို့ ပြောပြောနေကြတဲ့ ခက်ခဲတယ်ဆိုတဲ့ ကိစ္စတွေဟာ ကျမတို့ ရုန်းကန်လှုပ်ရှားနေတုန်းမှာပဲ ပြီးဆုံးခဲ့ပါပြီ”လို့ ဖြေကြားသွားခဲ့ပါတယ်။
Ref: www.parents.com












