• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ညီမမှာ မိန်းကလေးတယောက်အနေနဲ့ ဆွဲဆောင်စရာကောင်းတဲ့ အသံ မရှိသေးဘူး”

by မန်းသူ
13 November 2018
in Entertainment
A A
သရုပ်ဆောင် ခင်ဝင့်ဝါ  / မန်းသူ

သရုပ်ဆောင် ခင်ဝင့်ဝါ / မန်းသူ

13.2k
VIEWS
Share on FacebookShare on Twitter

Media 7 က စီစဉ်ရိုက်ကူးပြီး “လာလာကြည့်” Application ကနေ ထုတ်လွှင့်ပြသမယ့် “အကြင်နာမြစ်ဖျား” စီးရီးတွဲမှာ သရုပ်ဆောင် ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီစီးရီးတွဲက ခင်ဝင့်ဝါအတွက် ပထမဆုံးစီးရီးတွဲလည်း ဖြစ်ပါတယ်။

ခင်ဝင့်ဝါက ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်နဲ့လည်း “ငါမုန်းတဲ့ အက္ခရာ” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ရွှေမှုံရတီအစား လက်ခံရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အနုပညာ သတင်းထောက် မန်းသူက ခင်ဝင့်ဝါကို အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အခုရိုက်မယ့် “အကြင်နာမြစ်ဖျား” စီးရီးတွဲက ခင်ဝင့်ဝါအတွက် ပထမဆုံး စီးရီးတွဲလား။

ဖြေ။ ။ ဟုတ်တယ်။ ပထမဆုံးပဲ။ ကိုဝေမင်းမောင်ရယ်၊ ကိုမိုးယံဇွန်ရယ်က စီးရီးတွဲတခု ရိုက်မယ်ပေါ့နော်။ ဒါရိုက်တာ သားညီက ရိုက်မယ်ဆိုပြီး တည်လိုက်တဲ့ အတည်က ၃၊ ၄ လ လောက်ကို ကြာသွားတယ်။ အခုမှပဲ ကန်တော့ပွဲပေးဖြစ်တာပေါ့။

ကိုရွှေမန်းတို့ကလည်း ညီမနဲ့ ရုပ်ရှင်တွေ အများကြီး ရိုက်ဖူးတယ်။ ကိုယ့်လူတွေကြီးပဲလည်း ဖြစ်တယ်။ အချိန်ပေးရတယ် ဆိုပေမယ့် အရေးပေါ်ကိစ္စတွေ ကြုံလာရင် ညှိနှိုင်းပြီးလုပ်ကြတယ်ဆိုတော့ Team work စိတ်ရှိတဲ့ အခါကျတော့ အရမ်းကြီးတော့ ဟဲဗီးတော့ မဖြစ်ပါဘူး။ မောင်နှစ်မတွေဆိုတော့လေ Family Type နဲ့ သွားတာဆိုတော့ အရမ်းကြီး ဟဲဗီး မဖြစ်ပါဘူး။

မေး။ ။ စီးရီးတွဲပေမယ့် လက်ခံဖြစ်တဲ့အကြောင်းကရော ဘာကြောင့်လဲ။

ဖြေ။ ။ အဓိကတော့ ကိုရွှေမန်းက ဒါကို “လာလာကြည့်”မှာ ပြမယ်။ ဒီကာရိုက်တာနဲ့ ညီမကို လိုက်တယ်ပေါ့။ ဒါကြောင့် လက်ခံရိုက်ဖြစ်တာပါ။ ညီမကတော့ ညှိလို့ရရင်တော့ ရိုက်ဖြစ်မှာပါ။ စီးရီးတွဲမလို့တို့၊ ဘာတို့ဆိုပြီးတော့ မငြင်းပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကာရိုက်တာ၊ ပရိသတ်ဆီဘယ်လောက် အတိုင်းအတာထိ ရောက်သွားနိုင်မလဲ။ အဲဒါတွေ ကြည့်ပြီးတော့ ညီမအတွက် အနုပညာ ကျန်မယ်ဆိုရင် လက်ခံဖြစ်ပါတယ်။

မေး။ ။ ဒီထဲကဇာတ်ကောင်ကရော ရိုက်ကူးဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆွဲဆောင်သွားလို့လဲ။

ဖြေ။ ။ ညီမက ပုံစံ ၃ ခုလောက် ချိန်းရမယ်။ ညီမ တခါမှ မလုပ်ဖူးဘူးပေါ့။ ပြောင်းလဲမှု တခုပေါ့။ ငယ်ငယ်တုန်းက ဝတ်ပုံ၊ စားပုံနဲ့ အခု ဝတ်ပုံ၊ စားပုံ မတူဘူးလေ။ ခေတ်ကာလ တခုနဲ့ တခုကလည်း မတူဘူး။ အဲဒီလိုပုံစံမျိုးလေးတွေ ပါတယ်။ ကိုယ့်အတွက် အပြောင်းအလဲလေး တခုပေါ့။ အသစ်အဆန်းလေး တခုလေ။

မေး။ ။ ဇာတ်ကားတကားနဲ့ တကားမှာ ဇာတ်ရုပ်တွေကလည်း မတူတတ်တော့ အချိန်ကာလအရ လက်ခံထားတဲ့ ဇာတ်ကား ၂ ကားဆုံနေမိရင် ကာရိုက်တာကိုဘယ်လို Change ရလဲ။

ဖြေ။ ။ ညီမက ကိုယ်လက်ခံထားတဲ့ အလုပ်တခု လုပ်နေချိန်မှာ တချိန်တည်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဝင်လာတာမျိုးဆိုတာ ရှားတော့ ရှားပါတယ်။ ကားရိုက်လေးတွေမှာ ကြော်ငြာရိုက် ဝင်လာတာမျိုးဆိုရင်တောင် ဒါရိုက်တာ ခွင့်ပြုမှ လုပ်တယ်။ ဒါရိုက်တာက ဘယ်ဆင်းန်တွေမှာ ဘယ်လိုရိုက်ရမယ် ဆိုတာကို Plan ထားတာ ဆိုတော့လေ။ ဒါကြောင့် ကိုယ်က ဒီအဖွဲ့နဲ့ အလုပ်လုပ်ရတာဖြစ်လို့ သူ့တို့ခွင့်တောင်းပြီးမှ ရိုက်တယ်။

ကာရိုက်တာနဲ့ ပတ်သက်ပြီး မုဒ်သွင်းရတာတော့ တော်တော်လေးလည်း ခက်ခဲတာပေါ့နော်။ ကြိုပြင်ဆင်ထားတာမျိုး မရှိဘူးလေ။ ဒါကြောင့် ဒါရိုက်တာ ကြိုက်နှစ်သက်တဲ့ မုဒ်မရ မချင်းကတော့ ညီမလုပ်ပေးပါတယ်။ ကြိုတော့ မသိရတော့ မုဒ်သွင်းရတာ ခက်ခဲတာပေါ့။ စစချင်း ဇာတ်ကားကြီးကို ကာရိုက်တာ မရင်းနှီးဘဲ ရိုက်ရတော့ အခက်အခဲတော့ ရှိတာပေါ့။

မေး။ ။ သရုပ်ဆောင် အနုပညာမှာ အခုထိ ခင်ဝင့်ဝါကို အခက်အခဲတွေ့စေတဲ့ အရာရှိသေးလား။

ဖြေ။ ။ အသံပေါ့နော်။ ညီမမှာ မိန်းကလေးတယောက်အနေနဲ့ ဆွဲဆောင်စရာကောင်းတဲ့ အသံ မရှိသေးဘူးပေါ့နော်။ အီစကလီ အသံမျိုးတွေ၊ ချစ်စရာကောင်းတဲ့ အသံမျိုးတွေ ညီမ မပိုင်ဘူး။ မပိုင်တဲ့အတွက်ကြောင့် အိုက်တင်ပိုင်းကို ပိုပြီးကြိုးစားရတာပေါ့။ အရှေ့မှာလည်း ကိုယ့်ကို မကြိုက်မချင်း ခိုင်းတဲ့ ဒါရိုက်တာမျိုးနဲ့ မတွေ့ဖူးသေးတော့ သဘော သဘာဝနားမလည်သေးဘူး။ ခုမှ လိုအပ်တဲ့ အပေါက်တွေ ပြန်ဖာနေရတဲ့အချိန်ပေါ့။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မေး။ ။ အချစ်ရေးမှာ ခင်ဝင့်ဝါက ယောကျာ်း ယူမှာလား။ မိန်းမ ယူမှာလား။

ဖြေ။ ။ ဟာ…။ သေချာတယ်။ တယောက်ယောက်တော့ ယူမှာ။

Your Thoughts …
Tags: ခင်ဝင့်ဝါ
မန်းသူ

မန်းသူ

Similar Picks:

သရုပ်ဆောင် ခင်ဝင့်ဝါ / RBV

“သတိအန္တရာယ်ရှိသည်”ဇာတ်ကားမှာ ငိုရလွန်းလို့ ရင်ဘတ်အောင့်ခဲ့ရတယ်လို့ ခင်ဝင့်ဝါ ပြော

by ချစ်ပိုး
19 June 2019
9.5k

 “ သတိအန္တရာယ်ရှိသည်” ဇာတ်ကားကို အက်ရှင် ကြိုက်တဲ့ ပရိသတ်တွေလည်း ကြိုက်မယ်ထင်တယ်။ ကိုယုန်လေးက ညီမတို့နဲ့ အရမ်းခင်တယ်။

သရုပ်ဆောင် ခင်ဝင့်ဝါ  / Ma Htet's Facebook

ရွှေမှုံရတီ နေရာမှာ သရုပ်ဆောင်မယ့် ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားလဲ

by ချစ်ပိုး
6 November 2018
16.5k

"ဒီဇာတ်ကားအတွက်ကတော့ စိန်ခေါ်မှုဆိုတာထက် ကိုယ့်အနေနဲ့ ဒီကာရိုက်တာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။

အလှမယ်ခင်ဝင့်ဝါ / Khin Wint Wah's Facebook

“အတ္တမပါဘဲ ချစ်နေရင် အကောင်းဆုံး”လို့ ဆိုလာတဲ့ ခင်ဝင့်ဝါ

by ချစ်ပိုး
30 December 2019
6.1k

အချစ်ကို ထွေထွေထူးထူး နားမလည်ထားဘူး။ အချစ်ဆိုတာ ချစ်နေရရင် ပြီးပြီလေ။ အဲ့လိုပဲ သတ်မှတ်ထားတယ်။ အများကြီး အဓိပ္ပါယ် မဖွဲ့တတ်ဘူး။ ကိုယ်ကသူ့ကို ချစ်နေရရင် ပြီးပြည့်စုံတယ်ပေါ့။

သရုပ်ဆောင်ခင်ဝင့်ဝါ  / RBV

“လှပ်၍လွင့်သော” ရုပ်ရှင်ကားမှာ မို့မိုမြင့်အောင် ငယ်ဘဝအဖြစ် သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါ

by ချစ်ပိုး
13 March 2019
7.3k

“ ဒီကားက ညီမအတွက် ပညာလည်းရတယ်။ ကိုယ့်အတွက်လည်းနေရာလေးတခု လုပ်ခွင့်ရတယ်။ အဲ့အတွက် ဒီကားက ညီမအတွက် ပြောမပြနိုင်တဲ့ အမှတ်တရတွေ အများကြီးပါ။

၂၀၂၀ ရဲ့ “အလှဆုံး မျက်နှာ ၁၀၀” စာရင်းမှာ ပါဝင်တဲ့ ခင်ဝင့်ဝါ

၂၀၂၀ ပြည့်နှစ်အတွက် အလှဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ခင်ဝင့်ဝါ ပါဝင်

by မစ်ကီ
30 December 2020
5.8k

အလှဆုံးမျက်နှာ ၁၀၀ စာရင်းမှာတော့ K-pop စတားတချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ စာရင်းထဲမှာ Jihyo, Chaeyoung, Momo, Sana နဲ့ Tzuyu တို့လည်း ပါဝင်ပါတယ်။

သရုပ်ဆောင် ခင်ဝင့်ဝါ / Khin Wint Wah's Facebook

“အခုချိန်မှာ အနုပညာအလုပ်တွေကိုပဲ အားစိုက်နေတယ်” လို့ ခင်ဝင့်ဝါ ပြော

by ချစ်ပိုး
17 October 2019
12.8k

အခုလတ်တလော အနုပညာအလုပ်တွေ နဲ့ရှုပ်နေတယ်။ နားတဲ့အချိန်မှာတော့ ဝတ္ထုဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ သီချင်းနားထောင်တယ်။ အဲ့ဒါတွေနဲ့ပဲ အနားယူဖြစ်ပါတယ်”လို့ ခင်ဝင့်ဝါက ပြောပါတယ်။

Next Post
ခြင်အန္တရာယ်ကြောင့် အိမ်တိုင်းလိုလိုဟာ ခြင်ဆေးခွေတော့ အများအားဖြင့် ထွန်းညှိအသုံးပြုလေ့ ရှိကြပါတယ်

ခြင်ဆေးခွေအသုံးပြုခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်စေနိုင်သလဲ

ဂီတပွဲတော်တွေဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်းကတည်းက စတင်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်

ကမ္ဘာ့အကျော်ကြားဆုံး ဂီတပွဲတော်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved