Entertainment

“သတိအန္တရာယ်ရှိသည်”ဇာတ်ကားမှာ ငိုရလွန်းလို့ ရင်ဘတ်အောင့်ခဲ့ရတယ်လို့ ခင်ဝင့်ဝါ ပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ခင်ဝင့်ဝါက မကြာခင်ရုံတင်ပြသတော့မယ့်“သတိအန္တရာယ်ရှိသည်” ဇာတ်ကားမှာ မင်းသမီးအဖြစ်ပါဝင်ထား ပါတယ်။ ခင်ဝင့်ဝါက ဒီဇာတ်ကားရိုက်တုန်း အမှတ်တရတွေ အများကြီးရှိ သလို ငိုရလွန်းလို့ ရင်ဘတ်အောင့် ခဲ့ရတာတွေ လည်းရှိတယ်လို့ ဆိုပါတယ်။

“ သတိအန္တရာယ်ရှိသည်” ဇာတ်ကားကို အက်ရှင် ကြိုက်တဲ့ ပရိသတ်တွေလည်း ကြိုက်မယ်ထင်တယ်။ ကိုယုန်လေးက ညီမတို့နဲ့ အရမ်းခင်တယ်။ မောင်နှမတွေလိုလည်း ဖြစ်တယ်၊ သူကမ်းလှမ်းတဲ့ အခါ လက်ခံ ရိုက်ဖြစ်တယ်၊ ဒီကားက ညီမရိုက်ခဲ့ဖူးတဲ့ ကားတွေလို မဟုတ်ဘူး”

“အစ်ကိုတွေအရမ်းချစ်ရတဲ့ ညီမလေး တယောက် အနေနဲ့ ရိုက်ရမယ်ဆိုတော့ ရိုက်ဖြစ်တယ်။ တကယ်တမ်းရုံတင်တော့ ကြည့်ရတဲ့အခါမှာ ကိုယုန်လေး အရမ်းတော်ပါတယ်။ ပရိသတ်တွေလည်း လာရောက်ကြည့်ရှုစေချင်ပါတယ်။ ဒီကားမှာ ငိုရတဲ့ အခန်းတွေပါတော့ ရင်ဘတ်တွေအောင့်ခဲ့ရတယ်”

“ ညီမလည်း အကောင်းဆုံးကြိုးစားထားတယ်။ ညီမရဲ့ သရုပ်ဆောင်မှုကို ကြည့်ရှုပြီး ဆုံးဖြတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ အမှတ်တရတွေကတော့ အများကြီးပဲ” လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

သတိအန္တရာယ်ရှိသည် ဇာတ်ကား

ကိုယ်တိုင်သရုပ်ဆောင်မှုတွေကို အားမရဘူးလို့ ဆိုတဲ့ ခင်ဝင့်ဝါက သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အများကြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ လတ်တလောကတော့ ကြော်ငြာတွေရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲလေးတွေ ဆက်ရိုက်နေတယ်။ ဇာတ်ကား တကားရိုက်ဖို့အတွက် နယ်သွားဖို့လည်းရှိတယ်။ ညီမဘယ်ကားမှာမဆို သရုပ်ဆောင်မှုတွေကို ကိုယ့်ကိုယ်ကို အားမရသေးပါဘူး”

“အဲ့အတွက် ညီမသရုပ်ဆောင်မှုတွေကို အများကြီး ကြိုးစားဖို့လိုသေးတယ်။ ကိုမြင့်မြတ်နဲ့က ဇာတ်ကားကြီး ၃ ကားလောက်ဆုံဖူးတယ်။ ကိုမြင့်မြတ်ကလည်း လက်တွဲခေါ်တယ်။ ပညာတွေလည်းရပါတယ်” လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

သရုပ်ဆောင် ခင်ဝင့်ဝါဟာ ၂၀၁၃ ခုနှစ်ကမြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ် တယောက်လည်း ဖြစ်ပါတယ်။ Honor ဖုန်းရဲ့ Brand Ambassor အဖြစ်လည်း ခန့်အပ်ခြင်းခံထားရပါတယ်။ ခင်ဝင့်ဝါ ပါဝင်ထားတဲ့ “သတိအန္တရာယ်ရှိသည်” ဇာတ်ကားကိုတော့ ဇွန်၂၀ ရက်နေ့မှာ မြန်မာတနိုင်ငံလုံး ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

You may also like these stories:

“လှပ်၍လွင့်သော” ရုပ်ရှင်ကားမှာ မို့မိုမြင့်အောင် ငယ်ဘဝအဖြစ် သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါ

ရွှေမှုံရတီ နေရာမှာ သရုပ်ဆောင်မယ့် ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားလဲ

“ဇာတ်ကားတွေ ဆင်ဆာပိတ်ခံရလည်း ရှေ့ဆက်ဦးမှာပဲ”လို့ အဆိုတော် ယုန်လေး ပြော

“ညီမမှာ မိန်းကလေးတယောက်အနေနဲ့ ဆွဲဆောင်စရာကောင်းတဲ့ အသံ မရှိသေးဘူး”

Did you find apk for android? You can find new Free Android Games and apps.
Loading