Entertainment

"ဇာတ်ကားတွေ ဆင်ဆာပိတ်ခံရလည်း ရှေ့ဆက်ဦးမှာပဲ"လို့ အဆိုတော် ယုန်လေး ပြော

Want create site? Find Free WordPress Themes and plugins.

အဆိုတော်ကနေ သရုပ်ဆောင်အဖြစ် လုပ်ကိုင်လာတဲ့ အဆိုတော် ယုန်လေးက ရုပ်ရှင်ကားတွေ ဆင်ဆာ အပိတ်ခံရတာတွေ ရှိပေမယ့်လည်း ရှေ့ဆက်ဦးမှာပဲလို့ ပြောပါတယ်။

“Entertainment ကို ဦးတည်ပြီးတော့ ဆင်ဆာ ပိတ်တာတွေ၊ မပိတ်တာတွေ ဘေးဖယ်ထားတယ်။ လွတ်လွတ်လပ်လပ် တွေးမယ်၊ ဖန်တီးမယ်။ တွေးမှပဲ အတွေးတွေက သစ်ပြီးတော့ ထွက်လာမယ်။ ဒီလိုတွေးလိုက်လို့ ဆင်ဆာဖြတ်မှာပဲဆိုရင် အပိတ်ခံရမယ်ပေါ့။ ကျနော့်ကား တော်တော်များများ ဆင်ဆာ အပိတ်ခံရတယ်။ အခု ဇာတ်လမ်းတင်ထားတဲ့ ကားတွေလည်း အပိတ်ခံရတာတွေလည်း ရှိတယ်။ ဒါပေမဲ့လည်း ရှေ့ဆက်ရဦးမှာပဲ။ ဒီဟာကြီးကို ပိတ်ပြီး ဒါကြီးကို မပေးဘူးဆိုရင် ဒီလောကကြီးထဲက ထွက်ဖို့ပဲ ရှိတယ်”

“လုပ်ချင်တိုင်း လုပ်လို့မရတာကို လုပ်လို့ရသလောက်လေး ကြိုးစားပြီး ရှေ့ဆက်သွားရမယ်။ ‘သတိ အန္တရာယ်ရှိသည်’ ကားမှာလည်း စိတ်တိုလာရင် ‘စောက်’ ထည့်သုံးတယ်။ စောက်တွေ ဖြတ်ခိုင်းတယ်။ အဲဒါတော့ မဖြတ်စေချင်ဘူး”လို့ ယုန်လေးက ပြောပါတယ်။

ဆက်လက်ပြီး ယုန်လေးက “သတိ အန္တရာယ်ရှိသည်” ဇာတ်ကား တကားလုံး အပိတ်မခံရဘဲ ရုံပေါ်ရောက်လာလို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

“ရုံတင်ဖို့ ဆင်ဆာ ထိတယ်။ ၃ လ၊ ၄ လလောက် အချိန်ကြာသွားတယ်၊ တကယ်လို့ မြန်မြန်ဆန်ဆန် ရခဲ့ မယ်ဆိုရင် ကျနော်တို့ ဒီထက်ပိုပြီးတော့ ရုံတင်ရက် စောမှာ။ ဒါပေမဲ့လည်း ကျေနပ်ပါတယ်။ တကားလုံး အပိတ်မခံရဘဲ ရုံပေါ်ရောက်လာလို့ ကျေနပ်ပါတယ်။ ရိုက်ကွင်း အတွေ့အကြုံ ရတာတွေ အများကြီးပဲ”

“ကျနော်တို့ ဓားတွေက အစစ်တွေ။ လူကို ထိရင် အန္တရာယ်များတယ်။ သေနတ်နဲ့ ရိုက်မယ်ဆိုတဲ့ အချိန်မှာ သေနတ်တွေ ဝယ်ထားပြီးပြီ။ ဒီကိုသွင်းလို့ မရဘူး။ စာတင် ကြည့်မယ်၊ ရအောင် ကြိုးစားကြည့်မယ်။ ကျည် မထွက်ဘူး၊ လူ မသေဘူး။ အဲ့ဒါတွေနဲ့သာ သရုပ်ဆောင်ခွင့်ရရင် အကုန်လုံးက Mood ပိုကောင်းမယ်။ မကြာခင်မှာလည်း ဘန်ကောက်သွားပြီး သေနတ် ဘယ်လိုကွာခြားလဲဆိုတာကို ဗီဒီယို ရိုက်ပြဦးမှာပါ” လို့ ယုန်လေးက ပြောပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ယုန်လေးကတော့ သူကိုယ်တိုင်ရေးသားတဲ့ “ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ”၊ “Original Gangster” စတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူပါ။ ရုပ်ရှင်ကားကြီးတွေကနေ တဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာ ဖြစ်ပါတယ်။

“သတိ အန္တရာယ်ရှိသည်” ဆိုတဲ့ ဇာတ်ကားကို ယုန်လေး ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ပုံဖော် ရိုက်ထားတာဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ခင်ဝင့်ဝါ၊ Kညီ၊ ယုန်လေးနဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

You may also like these stories:

“အဖေများနေ့” နဲ့ ပတ်သက်ပြီး အမှတ်တရများ ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ

ထိုင်းကချေသည် ပုံစံမျိုး ရိုက်ချင်တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်

“နှစ်ပတ်အလို”မှာ အကယ်ဒမီ ၉ လက်ရဲ့ အားပြိုင်မှုကို တွေ့ရမယ်လို့ မောင်မျိုးမင်း ပြော

“ကျန်းမာရေး မကောင်းတာကြောင့် ကြိတ်ငိုခဲ့ဖူးတယ်”လို့ ပြောတဲ့ လူရွှင်တော် ဧရာ

Did you find apk for android? You can find new Free Android Games and apps.
Loading