• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဇာတ်ခုံတွေပေါ်မှာ နည်းနေသေးတယ်

by ချစ်ပိုး
8 January 2019
in Entertainment
A A
ဇာတ်မင်းသား ဖိုးချစ်  / ချစ်ပိုး / ဧရာဝတီ

ဇာတ်မင်းသား ဖိုးချစ် / ချစ်ပိုး / ဧရာဝတီ

13.4k
VIEWS
Share on FacebookShare on Twitter

မြို့ရွှေမန်းသား ဖိုးချစ်က “ထာဝရဝိန့်စိန်” စိန်ရွှေရတနာဆိုင်နဲ့ ပူးပေါင်းပြီး ပရဟိတလုပ်ငန်းများနဲ့ အနုပညာလုပ်ငန်းများ လုပ်ဆောင်သွားမှာ ဖြစ်ပြီး၂၀၁၉ ခုနှစ်မှာ ပုဂံနဲ့ ပတ်သက်တဲ့ ပြဇာတ်တခုလည်း ကဖို့ရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“၅ လပိုင်းလောက်ကတည်းက မီဒီယာနဲ့ မတွေ့ဆုံဖြစ်တာ။ ဝိန့်စိန်ရွှေဆိုင်နဲ့ သူတို့သွားမယ့်လမ်းကြောင်းတွေမှာ ကျနော်ပါဝင်ဖို့ ရှိတယ်။ ပရဟိတတွေ၊ ရိုးရာယဉ်ကျေးမှုတွေ အကြောင်း ကျနော်တို့ အတူတကွ ပူးပေါင်း လုပ်ဆောင်သွားမယ်”

“၂၀၁၉ မှာ သီးခြားပြဇာတ်နဲ့ နှစ်ပါးသွား ကဖို့ လုပ်တယ်။ ဆရာ မြို့တော်မောင်ရင်အောင်က မပြောသေးလို့ ကျနော်စောင့်နေတယ်။ ဆရာပြောရင် ကပါ့မယ်။ ကျိုက်ခေါက်ဘုရားပွဲမှာလည်း ကပြလို့ကောင်းမှာတွေကို အများကြီး ကပြမှာပါ။ ပုဂံနဲ့ ပတ်သက်တဲ့ ပြဇာတ်တခုလည်း ကဖို့လုပ်နေပါတယ်”လို့ ဖိုးချစ်က ပြောပါတယ်။

“၂၀၁၈ မှာ လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တော့ ပြန်စစ်ကြည့်တယ်။ ကျနော် ဒီနေ့ အကုသိုလ် ဘယ်လောက်များသွားလဲ။ ကုသိုလ် ဘယ်လောက်လုပ်နိုင်လဲ။ လူတော်တော်များများက အောင်မြင်မှုနဲ့ တိုင်းတာတယ်။ လူငယ်တယောက်အနေနဲ့ တမျိုးပဲလို့ မြင်တယ်။ သူဘယ်လောက်အောင်မြင်လဲ ဆိုတာထက် သူဘယ်လောက် စိတ်ချမ်းသာလဲရယ်။ သူဝါသနာပါတဲ့ အလုပ်တွေမှာ ဘယ်လောက် စိတ်နှစ်ပြီးလုပ်လဲ ဆိုတာပိုအရေးကြီးတယ်”လို့ ဖိုးချစ်က ပြောပါတယ်။

ဒီဘက်ခေတ်မှာ ဖျော်ဖြေရေးကို ဦးစားပေးသွားရင်းနဲ့ ဇာတ်သဘင်ဆိုတာ ပွဲအဆင့်ပဲ ရှိပြီး ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဇာတ်ခုံတွေပေါ်မှာ နည်းနေသေးတာကြောင့် များအောင်ကြိုးစားရမယ်လို့ ဖိုးချစ်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

“ကျနော်တို့ ကပြနေတာတွေကို ဇာတ်လို့ မတတ်ရသေးဘူး။ မပြည့်စုံဘူး။ မမှန်ဘူး။ ပွဲလို့ပဲ တတ်ရမယ်။ ဇာတ်ဆိုတာ ပါဠိစကား ဇာတက ကလာတာ။ ဇာတ်တော် ဗုဒ္ဓဝင်၊ မဟာဝင်၊ရာဇဝင် မြန်မာရာဇဝင် ဇာတ်တော်ကြီးတွေကို ကလို့ ဇာတ်သဘင်လို့ ခေါ်တာ။ ကျနော်တို့က ဒီဘက်ခေတ်မှာ ဖျော်ဖြေရေးကို ဦးစားပေးသွားရင်း သွားရင်းနဲ့ ဇာတ်သဘင် ဆိုတာ ပွဲအဆင့်ပဲ ရှိနေကြသေးတယ်”

“ကျနော်က ဇာတ်သဘင်လောကကို ရောက်လာကတည်းက ကျနော် စတိတ်ရှိုးတွေကို သိပ်မလုပ်ခဲ့ပါဘူး။ နှစ်ပါးသွားပြဇာတ်တို့ကို သေချာ ကခဲ့တယ်။ ကျနော်အခုလိုပြောတာ ခေတ်ပေါ် အနုပညာကို စော်ကားလိုစိတ် မရှိပါဘူး။ ကျနော် လူငယ်တယောက်အနေနဲ့ နှစ်သက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ ကျနော် စတိတ်ရှိုးလည်း ကိုလေးဖြူတို့ကို သွားကြည့်တယ်။ သဘောကျတယ်။ ခုန်ပေါက်ပြီးလည်း ကျနော်ကပါတယ်”လို့ ဖိုးချစ်က ဆိုပါတယ်။

“ကျနော်တို့ ဇာတ်ပွဲကိုလည်း ကိုလေးဖြူတို့ လာကြည့်ဖူးတယ်။ သူတို့လည်း ခေတ်ပေါ်ဘယ်လောက်လုပ်လုပ် မြန်မာသွေး ရှိတယ်။ ဇာတ်သဘင်တွေ နည်းပါးလာတာကို များအောင်လုပ်ရမယ်။ ဇာတ်ပွဲက ကပြားဖြစ်နေတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဇာတ်ခုံတွေပေါ်မှာ နည်းပါတယ်။ များအောင်ကြိုးစားရပါဦးမယ်”လို့ ဖိုးချစ်က ပြောပါတယ်။

သူ့ဘဝမှာ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ဘာသာရေးကိုဦးစားပေးလုပ်ဆောင်ဖြစ်ကာ ဘောလုံးအားကစားကိုလည်း ကစားဖြစ်ပြီး စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချဖြစ်တယ်လို့ ဆိုပါတယ်။

“အခက်အခဲ ပြဿနာ ဆိုတာ လူတိုင်းမှာ ရှိတယ်။ တသက်လုံးကြီး ခက်ခဲနေတာမျိုးတော့ မဟုတ်ဘူး။ ကျနော်တို့ရဲ ဗုဒ္ဓဘာသာ မြန်မာအယူအဆအရတော့ ဖြစ်ပျက်ဆိုပြီး ရှိတယ်။ ပြဿနာ အခက်အခဲက ဖြစ်နေပြီး ပြန်ပျက်မှာပဲ။ တည်ဆောက်ထားတဲ့ဖြစ်ခြင်း တွေကလည်း ပျက်ခြင်းကိုသွားမှာပဲ”

“အဲဒါကိုနှလုံးသွင်း လိုက်တဲ့အခါမှာတော့ ဒါကြီးကကြာကြာ မဟုတ်ဘူး။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ အဲဒီလိုနှလုံးသွင်းပြီးတော့ ရင်ဆိုင်တယ်။ ဖြေရှင်းတယ်”လို့ သူ့ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ဘယ်လို စိတ်ထားမျိုးတွေနဲ့ ကျော်ဖြတ်ခဲ့လဲဆိုတာကို ဖိုးချစ်က ပြောပြခဲ့ပါတယ်။

Your Thoughts …
Tags: ဇာတ်သဘင်ဖိုးချစ်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဇာတ်သဘင်ကို စကမ အသုံးချ

ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဇာတ်သဘင်ကို စကမ အသုံးချ

by စွယ်တော်
18 October 2025
598

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး အခန်းကဏ္ဍတွင် အနုပညာသည် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။

တွံတေးမြို့ရှိ တွံတေးသိန်းတန် ရုပ်တု

ကျေးလက်ဂီတကို ရွှေဖြစ်စေခဲ့သူ တွံတေးသိန်းတန်

by ကိုရွှေအောင်
29 October 2022
9k

၁၉၆၂ နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။

ဇာတ်မင်းသား ဖိုးချစ် / ဧရာဝတီ

မင်းသား စွမ်းဇာနည်ရဲ့ ငွေကြေးကိစ္စတွေကို ညှိနှိုင်းပေးနေတဲ့ ဇာတ်မင်းသား ဖိုးချစ်

by ချစ်ပိုး
21 November 2019
21.1k

နန်းတော်ရာ ရပ်ကွက်သူ ရပ်ကွက်သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အသိအမှတ် ပြုပါတယ်။ တန်ဖိုးလည်း ထားပါတယ်။ ငွေကြေးကိစ္စတွေလည်း ညှိနှိုင်းနေပါတယ်

ဇာတ်မင်းသား ဖိုးချစ် / Phoe Chit's Facebook

ဇန်နဝါရီလထဲမှာ ပရိသတ်ပါတဲ့ပွဲ ကျင်းပနိုင်အောင် ကြိုးစားနေတဲ့ ဖိုးချစ်

by ချစ်ပိုး
24 December 2020
2k

“ကိုဗစ်က ချက်ချင်း မပျောက်နိုင်ဘူး။ ရောဂါနဲ့ ယှဉ်တွဲနေထိုင်နေတာ ပွဲမလုပ်လို့ မရတော့ဘူး။ သဘင်သည်တွေ စားဝတ်နေရေး တောင့်ခံထားပေမယ့် စားဝတ်နေရေး တအားခက်နေပြီ။

ဇာတ်မင်းသား ဖိုးချစ် / နေပိုင် / ဧရာဝတီ

“ပြည်သူတွေ လိုလားတာ ဒီမိုကရေစီ စနစ်ပါ” လို့ ဖိုးချစ် ဆို

by ချစ်ပိုး
13 February 2021
4.6k

မြန်မာပြည်သူ ပြည်သားတွေ ဆန္ဒကလည်း ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ စနစ်ကို ကြိုးစား ရုန်းကန်ခဲ့ကြပြီးမှ အခုလို ပြန်ပြောင်းလဲတာတော့ ကျနော်တို့ မကြိုက်ဘူး”

ဇာတ်မင်းသား ဖိုးချစ် / ဧရာဝတီ

“ဇာတ်ပွဲမှာ စတိတ်ရှိုး မဆိုရဘူးလို့ လုပ်ပိုင်ခွင့်နဲ့ အာဏာ မရှိဘူး”ဟု ဇာတ်မင်းသား ဖိုးချစ် ပြော

by ဒီလှိုင်းဝင်း
23 September 2019
23.4k

ဖိုးချစ်တယောက်အနေနဲ့ Personal အရ ဆိုချင်တဲ့အခါ ဆိုမယ်၊ မဆိုချင်တဲ့အခါ မဆိုပါဘူး၊ ဒါ အစည်းအရုံးရဲ့ စည်းကမ်း မဟုတ်ပါဘူး။ ဒါလေးလည်း နားလည်စေချင်ပါတယ်။

Next Post
မတန်တဆ အလေးချိန်တွေကို သယ်ဆောင်ရတာဖြစ်တဲ့အတွက် မြည်းတွေမကြာခဏ သေဆုံးရပါတယ်

မြည်းတွေပေါ် Overweight တင်ဆောင်ပြီး ခရီးသွားခွင့် ပိတ်ပင်လိုက်တဲ့ Santorini ကျွန်း

ဦးနှောက်ဆီကို သွေးစီးဆင်းမှု ပြတ်တောက်သွားတဲ့ အခါမျိုးတွေမှာ လေဖြတ်ခြင်း ဖြစ်ပေါ်တတ်ပါတယ်

လေဖြတ်ခြင်း မတိုင်မီ ဖြစ်တတ်တဲ့ စိုးရိမ်စရာ ရှေ့ပြေးလက္ခဏာ ၅ မျိုး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved