• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မင်္ဂလာသက်တမ်း ၄၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ

by မစ်ကီ
3 June 2019
in Entertainment
A A
မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ

မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ

21.3k
VIEWS
Share on FacebookShare on Twitter

နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနဲ့ ဇနီး မင်းသမီး ဂျာယာဘချနွန်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ဟာ ဇွန်လ ၃ ရက်နေ့မှာ ၄၆ နှစ် တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။

သူတို့စုံတွဲ နှစ်ယောက်ဟာ တဦးကို တဦး သိပ်ချစ်ပါတယ်လို့ တဖွဖွ မပြောတတ်ကြပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ညတုန်းကတော့ သူတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်နဲ့ ပတ်သက်လို့ ဘလော့ဂ်မှာ အထူးပို့စ်တခုကို မင်းသားကြီး အမီတာက ဝေမျှခဲ့ပါတယ်။

သူတို့နဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေကို ပြောဆိုခဲ့တဲ့ မင်းသားကြီးက ၁၉၇၃ ခုနှစ်မှာ ဇနီး ဂျာယာနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ မယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

အဲဒီ အချိန်တုန်းက မင်းသားကြီးဟာ ဂျာယာ၊ သူ့သူငယ်ချင်းတွေနဲ့အတူ လန်ဒန်ကို အပန်းဖြေခရီး သွားချင်ခဲ့ပေမယ့် ဖခင်ဖြစ်သူ Harivansh Rai Bachchan က နှစ်ဦးသား လက်ထပ်ပြီးမှသာ သွားလို့ရမယ့်အကြောင်း သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက အမီတာနဲ့ ဂျာယာတို့ဟာ တွဲနေတုန်းပဲ ရှိပါသေးတယ်။

တကယ်လို့သာ “Zanjeer” ရုပ်ရှင် နာမည်ကျော်မယ်ဆိုရင် သူငယ်ချင်းတွေကို လန်ဒန်မြို့ဆီ အားလပ်ရက် အပန်းဖြေခရီးအတွက် ခေါ်သွားမယ် ကတိပေးတယ်လို့ ဆိုပါတယ်။

မင်းသားကြီးက “သူငယ်ချင်းတွေနဲ့အတူ အင်္ဂလန်ကိုသွားမယ်လို့ မိဘတွေကို ပြောကြည့်တော့ အဖေ့ဆီကနေ ဘာပြန်ကြားရသလဲဆိုတော့ ဂျာယာလည်း မင်းနဲ့ လိုက်မှာလား။ မင်းတို့ နှစ်ယောက်တည်းလား။ လက်ထပ်ပြီးရင်တော့ သွားပေါ့” လို့ ပြောခဲ့တဲ့ အကြောင်း သူ့ရဲ့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့်မင်းသားကြီး အမီတာနဲ့ ဂျာယာတို့ဟာ နောက်တရက်မှာပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး လန်ဒန်ကို ညတွင်းချင်းပဲ လေယာဉ်နဲ့ သွားဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

ရုတ်တရက် စီစဉ်လိုက်ရတဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်လို့ မင်းသားကြီးက “ကျနော်က ပုံမှန် အိန္ဒိယရိုးရာ မင်္ဂလာဝတ်စုံကို ဝတ်ခဲ့တယ်။ ပြီးတော့ ကားထဲကို ဝင်ပြီး သူ့သူငယ်ချင်းတွေနေတဲ့ Malabar Hill ဆီ မောင်းသွားခဲ့တယ်။ အဲဒီမှာ လက်ထပ်ပွဲ လုပ်မှာလေ။ ကျနော့် ယာဉ်မောင်း Nagesh က ကျနော့်ကို တွန်းထုတ်ပြီး မင်္ဂလာပွဲဆီ သူလိုက်ပို့ပေးမယ့် အကြောင်းပြောတယ်။ ရိုးရာမြင်း အသုံးပြုမယ့်အစား သူ့ကိုသုံးပါဆိုပြီးတော့ပေါ့။ နောက်နာရီ အနည်းငယ်အကြာမှာပဲ လက်ထပ်ပွဲ ပြီးတယ်။ ဇနီးမောင်နှံ ဖြစ်ခဲ့ကြတယ်။ ဒါပါပဲ” လို့ ရေးသားထားပါတယ်။

အမီတာနဲ့ ဂျာယာတို့ဟာ Sholay၊ Silsila ၊ Abhimaan နဲ့ Kabhie Khushi Kabhie Gham တို့လိုမျိုး ရုပ်ရှင်တွေမှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ကြပါတယ်။ ပြီးတော့ သားဖြစ်သူ မင်းသား Abhishek Bachchan နဲ့ သမီးဖြစ်သူ စာရေးဆရာ Shweta Bachchan တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သားဖြစ်သူ Abhishek ကတော့ မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် မိဘနှစ်ပါးကို ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

“Star Wars” ရုပ်ရှင်ထဲက Chewbacca သရုပ်ဆောင် မင်းသားကြီး Peter Mayhew ကွယ်လွန်ပြီ

၄ နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်လိုက်တဲ့ မင်းသားကြီး Jude Law

၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”

Your Thoughts …
Tags: မင်းသားကြီး အမီတာဘဂျမ်းမင်္ဂလာသက်တမ်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသားကြီး အမီတာဘဂျမ်း

ကပ်ရောဂါကာလမှာ ကရုဏာထားကြဖို့ အမီတာဘဂျမ်း တိုက်တွန်း

by မစ်ကီ
27 April 2020
23.4k

လူတွေနဲ့ ခပ်ခွာခွာနေတယ်ဆိုတဲ့ Social-distancing ဟာ လူသားချင်း စာနာမှုတွေကနေ လူတွေကို ဝေးကွာမနေစေသင့်ဘူးလို့လည်း ဆိုပါတယ်။

မင်းသားကြီး အမြန်ဆုံး သက်သာလာစေဖို့ အိန္ဒိယမှာရှိတဲ့ ပရိသတ်တွေဟာ ဟိန္ဒူဘုရားကျောင်းတွေ မှာ ရိုးရာပူဇော်ပွဲတွေနဲ့ ဆုတောင်းပေးခဲ့ကြပါတယ်။

အမီတာဘဂျမ်းတို့ မိသားစု ကျန်းမာဖို့ ပရိသတ်များ ဆုတောင်းပေးနေ

by မစ်ကီ
14 July 2020
3.8k

မင်းသားကြီးဟာ Twitter မှာလည်း ပရိသတ် အများအပြားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူဆေးရုံတက်ခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ နေမကောင်း ဖြစ်နေတဲ့အကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Next Post
ပြည်မြို့က ကလေးစာဖတ်ဝိုင်းနဲ့ ကလေးစာကြည့်တိုက်ကို လူငယ်တွေစတင်ပြုလုပ် (ရုပ်/သံ)

ပြည်မြို့က ကလေးစာဖတ်ဝိုင်းနဲ့ ကလေးစာကြည့်တိုက်ကို လူငယ်တွေစတင်ပြုလုပ် (ရုပ်/သံ)

သရုပ်ဆောင် ဖွေးဖွေး  / ယုဖြူဟန် / ဧရာဝတီ

ကားအက်ဆီးဒင့်ကြောင့် အနားယူရာကနေ အလုပ်တွေ ပြန်လုပ်တော့မယ့် ဖွေးဖွေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved