• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Song-Song စုံတွဲ ကွာရှင်းသတင်းကြောင့် DOTS ပန်းခြံ စုံတွဲပွဲတော် ဖျက်သိမ်း

by Aurora
29 June 2019
in Entertainment
A A
DOTS ပန်းခြံမှာ နာမည်ကျော် အနမ်းပေးနေတဲ့ ဇာတ်ဝင်ခန်းထဲကအတိုင်း ရုပ်တုတွေပါ ဖန်တီး တည်ဆောက်ပေးထားပါတယ်

DOTS ပန်းခြံမှာ နာမည်ကျော် အနမ်းပေးနေတဲ့ ဇာတ်ဝင်ခန်းထဲကအတိုင်း ရုပ်တုတွေပါ ဖန်တီး တည်ဆောက်ပေးထားပါတယ်

19.1k
VIEWS
Share on FacebookShare on Twitter

မင်းသား ဆောင်ဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ ကွာရှင်းမယ့်သတင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၊ Taebaek မှာ နှစ်စဉ် ကျင်းပတဲ့ DOTS စုံတွဲပွဲတော်ကို ဖျက်သိမ်းလိုက်ပါတယ်။ DOTS (Descendants of the Sun) ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေအတိုင်း ပုံစံတူ တည်ဆောက်ထားတဲ့ အဆိုပါ ပန်းခြံမှာ ပွဲတော်ကို နှစ်စဉ် ကျင်းပခဲ့တာပါ။

၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ ဝမ်သန်း ၂၇၀ ကျော် အကုန်ကျခံတည်ဆောက်ထားတဲ့ DOTS ပန်းခြံဟာ ဇာတ်ဝင်ခန်းထဲက ပုံစံတွေအပြင် Yoo Shi Jin နဲ့ Kang Mo Yeon တို့ရဲ့ နာမည်ကျော် အနမ်းပေးနေတဲ့ ဇာတ်ဝင်ခန်းထဲကအတိုင်း ရုပ်တုတွေပါ ဖန်တီးတည်ဆောက်ပေးထားပါတယ်။

ပြည်တွင်းက စုံတွဲတွေသာမက နိုင်ငံခြားတကာက စုံတွဲတွေပါ ပန်းခြံကို လာရောက် လည်ပတ်လေ့ ရှိကြပြီး DOTS ထဲက ဇာတ်ဝင်ခန်းတွေအတွင်း အမှတ်တရ ရိုက်ကူးလေ့ရှိတဲ့ နေရာ တနေရာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာပါ အောင်မြင်မှုရခဲ့တဲ့ DOTS ဇာတ်ကားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အမှတ်တရ ဖြစ်အောင် ဖန်တီး တည်ဆောက်ထားတာပါ။

နှစ်စဉ် ကျင်းပနေတဲ့ စုံတွဲပွဲတော်မှာ ကပ္ပတိန် Yoo Shi Jin နေရာက သရုပ်ဆောင်ခဲ့တဲ့ ဆောင်ဂျွန်ကီနဲ့ ဒေါက်တာ Kang Mo Yeon နေရာက သရုပ်ဆောင်ခဲ့တဲ့ ဆောင်းဟေဂိုတို့ရဲ့ မြစ်ဖျားခံရာ အချစ်သင်္ကေတကို ရည်ရွယ်ပြီး ကျင်းပခဲ့တာလို့ ဆိုပါတယ်။

ဒီနှစ်မှာ အဲဒီပွဲတော်ကို ဖျက်သိမ်းလိုက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ကျနော်တို့ နှစ်စဉ် ကျင်းပခဲ့တဲ့ Taebaek Couple Festival ကို ဖျက်သိမ်းလိုက်ပါတယ်။ ဖျက်သိမ်းလိုက်တာ အကောင်းဆုံးရယ်လို့တော့ သေချာ မဆုံးဖြတ်ရသေးပါဘူး။ ဆွေးနွေးစရာ ရှိတာတွေကိုတော့ တိုင်ပင်နေကြတုန်းပါပဲ”လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ပန်းခြံ ဖွင့်လှစ်ခဲ့တဲ့ တာဝန်ရှိသူတွေနဲ့ Taebeak မြို့ခံ ၅ သောင်းကျော်လောက်က Song-Song စုံတွဲကို ဒီနေရာမှာ အမှတ်တရအဖြစ် DOTS ဇာတ်ကား နောက်ခံ အပြင်အဆင်တွေနဲ့ လက်ထပ်ပွဲ ကျင်းပဖို့ ဆန္ဒရှိခဲ့ကြဖူးပါတယ်။ ဒါပေမဲ့လည်း သူတို့စုံတွဲက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဆိုးလ်မြို့က The Shilla ဟိုတယ်မှာ လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

ချစ်ခြင်းတွေနဲ့ အမှတ်တရ တည်ဆောက်ထားတဲ့ DOTS ပန်းခြံထဲက စုံတွဲပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လမှာ ကျင်းပလေ့ ရှိပေမယ့် Song-Song စုံတွဲရဲ့ ကွာရှင်းသတင်းကြောင့် ပထမဆုံးအကြိမ် ဖျက်သိမ်းလိုက်ရတာလည်း ဖြစ်ပါတယ်။ နှစ်စဉ် လာရောက် လည်ပတ်ကြတဲ့ ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ DOTS ပန်းခြံဟာ ကွာရှင်းသတင်းကြောင့် ဝင်ငွေ လျော့နည်းသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Ref: CNA

You may also like these stories:

ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား

ဇာတ်လမ်းတွဲ မရိုက်ဖြစ်တာ ကွာရှင်းမှုနဲ့ မဆိုင်ဘူးလို့ ဆောင်းဟေဂိုရဲ့ အေဂျင်စီ ပြောကြား

Your Thoughts …
Tags: DOTSဆောင်ဂျွန်ကီဆောင်းဟေဂို
Aurora

Aurora

Contributor

Similar Picks:

ကိုရီးယား မင်းသမီး ဆောင်းဟေဂို

မင်းသမီး ဆောင်းဟေဂိုရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အွန်လိုင်းမှာ ပေါက်ကြား

by မစ်ကီ
6 December 2019
7.2k

၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြားလို့ ဖော်ပြထားတဲ့ အကောင်ခွန်ဌာနရဲ့ ပိုင်ဆိုင်မှုဖော်ပြချက် ဖောင်တွေထဲက အချက်အလက်တွေ ပေါက်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေဂို

ကိုရီးယား အမျိုးသားလွတ်မြောက်ရေးနေ့မှာ သမိုင်းပညာသင်ကြားရေး လမ်းညွှန်စာအုပ်များ ဆောင်းဟေဂို လှူဒါန်း

by မစ်ကီ
15 August 2019
6.1k

အဲ့ဒီလမ်းညွှန်စာအုပ်မှာတော့ ဂျပန်ကိုလိုနီကာလအတွင်းမှာ တရုတ်နိုင်ငံမှာ ထွက်ပြေးရောက်ရှိနေကြတဲ့ ကိုရီးယားလွတ်လပ်ရေးတက်ကြွလှုပ်ရှားသူတွေ ထူထောင်ခဲ့တဲ့ ယာယီကိုရီးယားအစိုးရရဲ့ သမိုင်းကို ဖော်ပြထားပါတယ်။

မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂို

ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား

by မစ်ကီ
27 June 2019
42.7k

မင်းသားရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပရိသတ်တွေကို တောင်းပန်တဲ့အကြောင်းနဲ့ အခင်အမင် မပြတ်တဲ့ ကွာရှင်းမှုအတွက် မျှော်လင့်တဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။

မင်းသမီး ဆောင်းဟေဂိုနဲ့ မင်းသား ဆောင်းဂျွန်ကီ

မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ တရားဝင် ကွာရှင်းပြီးစီး

by မစ်ကီ
22 July 2019
25.3k

နှစ်ဖက်လုံးက ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝချမ်းသာမှု ပစ္စည်းတွေကို ဘယ်လို ဝေခွဲကြမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေ မပါဘဲ သူတို့ရဲ့ကွာရှင်းမှုပြီး ဆုံးခန်းတိုင် လုပ်ဆောင်ခဲ့ပြီလို့ သိရပါတယ်။ 

မင်းသမီး ဆောင်းဟေဂိုနဲ့ မင်းသား ဆောင်းဂျွန်ကီ

ဆောင်းဟေဂိုနဲ့ ကွာရှင်းပြီးနောက် ဆောင်းဂျွန်ကီထံ ကြော်ငြာ ကမ်းလှမ်းမှုများ ကျဆင်း

by မစ်ကီ
6 August 2019
15.4k

အသက် ၃၇ နှစ်အရွယ် မင်းသမီး ဆောင်းဟာ ခင်ပွန်းနဲ့ ကွာရှင်းဖို့နဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောဆိုတာမျိုး မရှိတာကြောင့် ပရိသတ်တွေရဲ့ သနား ကရုဏာသက်မှုကို ခံစားခဲ့ပါတယ်။

“Space Sweepers” ရုပ်ရှင်

ကိုရီးယားရဲ့ ပထမဆုံး အာကာသရုပ်ရှင် “Space Sweepers” ကို မိတ်ဆက်

by မစ်ကီ
19 August 2020
8.1k

နာမည်ကျော်မင်းသား ဆောင်းဂျွန်ကီက Victory လို့ခေါ်တဲ့ အာကာသယာဉ်မှူး ထယ်ဟို ဇာတ်ရုပ်ကနေ ပါဝင်ထားပြီး မင်းသမီး ကင်ထယ်ရီကတော့ ကပ္ပတိန် Jang အဖြစ် သရုပ်ဆောင်ထားပါတယ်။

Next Post
သုံးထပ်ကွမ်း ကရင်ဒုက္ခသည်ဟောင်း တစ်ဦးပြောတဲ့ သုံးထပ်ကွမ်း ဒုက္ခတွေက ဘာလဲ (ရုပ်/သံ)

သုံးထပ်ကွမ်း ကရင်ဒုက္ခသည်ဟောင်း တစ်ဦးပြောတဲ့ သုံးထပ်ကွမ်း ဒုက္ခတွေက ဘာလဲ (ရုပ်/သံ)

နိုင်ငံခြားကျောင်းတွေ လာဖွင့်တော့ ကလေးတွေ နိုင်ငံခြား ထွက်စရာ မလိုတော့ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved