Entertainment

မင်းသမီး ဆောင်းဟေဂိုရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အွန်လိုင်းမှာ ပေါက်ကြား

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်ကမှ ခင်ပွန်းနဲ့ ကွာရှင်းခဲ့တဲ့ ကိုရီးယား မင်းသမီး ဆောင်းဟေဂိုရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ယာဉ်မောင်း လိုင်စင်လိုမျိုး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ အွန်လိုင်းမှာ ပေါက်ကြားခဲ့တယ်လို့ Sin Chew Daily သတင်းက ဖော်ပြပါတယ်။

အသက် ၃၇ နှစ်အရွယ် မင်းသမီး ဆောင်းဟေဂိုနဲ့ အသက် ၃၃ နှစ်အရွယ် မင်းသား ဆောင်းဂျွန်ကီတို့ဟာ ကမ္ဘာတဝန်းက ကိုရီးယား ဒရာမာ ပရိသတ်တွေကြား အထူး ရေပန်းစားခဲ့တဲ့ “Descendants of the Sun” ဒရာမာမှာ ခေါင်းဆောင် သရုပ်ဆောင်တွေအဖြစ် ပါဝင်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အိမ်ထောင်သက်တမ်း ၂ နှစ်အကြာမှာတော့ သူတို့နှစ်ယောက် ကွာရှင်းဖို့ တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ကြပါတယ်။ နှစ်ဦးသား စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲခဲ့တာ ဖြစ်တယ်လို့ မင်းသမီးရဲ့ အေဂျင်စီက ဆိုပါတယ်။

မင်းသား ဆောင်းဂျွန်ကီဘက်ကတော့ ကွာရှင်းရတဲ့ အကြောင်းအရင်းကို ပြောဆိုခဲ့တာ မရှိပါဘူး။ မင်းသမီး ဆောင်းကတော့ ကွာရှင်းပြီးတဲ့ နောက်ပိုင်းမှာ ပရိုမိုးရှင်းပွဲတွေ တက်ရောက်နေသလို၊ နယူးယောက်မှာလည်း အနုပညာကျောင်း တက်ရောက်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘောလုံးသမား Ahn Jung-hwan နဲ့ Hyundai Motor Group အမှုဆောင် ဒုတိယဥက္ကဋ္ဌ Chung Eui-sun တို့် အပါအဝင် တခြားနာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ သတင်းအချက်အလက်တွေလည်း အွန်လိုင်းမှာ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြားလို့ ဖော်ပြထားတဲ့ အကောင်ခွန်ဌာနရဲ့ ပိုင်ဆိုင်မှုဖော်ပြချက် ဖောင်တွေထဲက အချက်အလက်တွေ ပေါက်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရီယားနိုင်ငံရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ သတင်းအချက်အလက် အက်ဥပဒေကို ကျူးလွန်တဲ့ ဘယ်သူမဆို ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ကိုရီးယား အကောက်ခွန်ဌာနကတော့ အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးမယ်လို့ ပြောဆိုထားပါတယ်။

Ref: asiaone

You may also like these stories:

ဖိနပ်ကြော်ငြာမှာ ညှို့အားပြင်းအလှကို ဖော်ပြခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို

နယူးယောက်က Times Square မှာ မွေးနေ့ဆုတောင်း ပေးခံရတဲ့ မင်းသမီး ဆောင်းဟေဂို

ဆောင်းဟေဂိုနဲ့ ကွာရှင်းပြီးနောက် ဆောင်းဂျွန်ကီထံ ကြော်ငြာ ကမ်းလှမ်းမှုများ ကျဆင်း

ကိုရီးယား အမျိုးသားလွတ်မြောက်ရေးနေ့မှာ သမိုင်းပညာသင်ကြားရေး လမ်းညွှန်စာအုပ်များ ဆောင်းဟေဂို လှူဒါန်း

Did you find apk for android? You can find new Free Android Games and apps.
Loading