• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုရီးယား အမျိုးသားလွတ်မြောက်ရေးနေ့မှာ သမိုင်းပညာသင်ကြားရေး လမ်းညွှန်စာအုပ်များ ဆောင်းဟေဂို လှူဒါန်း

by မစ်ကီ
15 August 2019
in Entertainment
A A
တောင်ကိုရီးယားမင်းသမီး ဆောင်းဟေဂို

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေဂို

6.1k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေဂိုဟာ ကိုရီးယားအမျိုးသားလွတ်မြောက်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ကာလရှည်လုပ်ဆောင်လာခဲ့တဲ့ အလှူတခုကိုလုပ်ဆောင်လာခဲ့ပါတယ်။

ကိုရီးယားအမျိုးသား လွတ်မြောက်ရေးနေ့ကို တောင်ကိုရီးယားမှာရော မြောက်ကိုရီးယားမှာပါ နှစ်စဉ် သြဂုတ်လ ၁၅ ရက်နေ့တိုင်းမှာ ကျင်းပလေ့ရှိပါတယ်။ အဲ့ဒီနေ့ဟာ ဂျပန်ကိုလိုနီအုပ်ချုပ်မှုလက်အောက်ကနေ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်ခဲ့တဲ့ အမှတ်တရနေ့လည်း ဖြစ်ပါတယ်။

(၇၄) ကြိမ်မြောက် အမျိုးသားလွတ်မြောက်ရေးနေ့နဲ့ အကြိမ် (၁၀၀) မြောက် ကိုရီးယားယာယီအစိုးရ ဖွဲ့စည်း တည်ထောင်မှု နှစ်ပတ်လည်နေ့အတွက် ဂုဏ်ပြုပြီး မင်းသမီးဆောင်းဟာ ဆောင်ရှင်းအမျိုးသမီးတက္ကသိုလ်က ပါမောက္ခ ဆောဂျောင်ဒွတ်နဲ့ ပူးပေါင်းပြီး ချောင်ကျင်းမြို့မှာ ရှိတဲ့ ကိုရီးယားလွတ်လပ်ရေးလှုပ်ရှားမှု ပြတိုက်ကို လမ်းညွှန်စာအုပ် ကော်ပီ ၁ သောင်း လှူဒါန်းခဲ့ပါတယ်။

အဲ့ဒီအလှူကိုတော့ ပါမောက္ခ ဆောဂျောင်ဒွတ်က လူသိရှင်ကြား ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီလမ်းညွှန်စာအုပ်တွေကို ကိုရီးယား၊ တရုတ်နှစ်ဘာသာနဲ့ ရေးသားထားပါတယ်။ အခုနှစ်အတွင်းမှာ အဲ့ဒီလမ်းညွှန်စာအုပ်တွေကို ဒေါင်းလုဒ်ဆွဲကြည့်ရှုနိုင်ဖို့လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီလမ်းညွှန်စာအုပ်မှာတော့ ဂျပန်ကိုလိုနီကာလအတွင်းမှာ တရုတ်နိုင်ငံမှာ ထွက်ပြေးရောက်ရှိနေကြတဲ့ ကိုရီးယားလွတ်လပ်ရေးတက်ကြွလှုပ်ရှားသူတွေ ထူထောင်ခဲ့တဲ့ ယာယီကိုရီးယားအစိုးရရဲ့ သမိုင်းကို ဖော်ပြထားပါတယ်။

ပါမောက္ခဆောက “ကျနော်တို့ဟာ နှစ် ၁၀၀ ပြည့်နှစ်ပတ်လည်အနေနဲ့ အခုနှစ် အစောပိုင်းမှာ ဟန်ကျိုးမြို့မှာရှိတဲ့ ယာယီအစိုးရအထိမ်းအမှတ်ပြတိုက်ကို အဲ့ဒီလမ်းညွှန်စာအုပ် ကော်ပီတွေ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသား လွတ်မြောက်ရေးနေ့ကို ဂုဏ်ပြုပြီး ချောင်ကျင်းပြတိုက်ကို ထပ်မံ လှူဒါန်းရခြင်း ဖြစ်ပါတယ်” လို့ဆိုပါတယ်။

သူ့ရဲ့အဆိုအရ အခုတကြိမ်ဟာ ဆောင်းဟေဂိုနဲ့အတူ ဒီလမ်းညွှန်စာအုပ်တွေ လှူဒါန်းနေတာ ၁၇ ကြိမ်မြောက် ရှိပြီလို့လည်း သိရပါတယ်။ အခုလိုမျိုး ကိုရီးယားစတားတယောက်က တိုင်းပြည်ကို ဘယ်လို ကိုယ်စားပြုရမယ်ဆိုတာကို သိတဲ့အတွက် ပျော်ရွှင်မိတယ်လို့လည်း ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

အခုနှစ် အစောပိုင်းမှာ သူတို့နှစ်ယောက်ဟာ နှစ်၁၀၀ ပြည့်လွတ်လပ်ရေး ကြေညာမှု နှစ်ပတ်လည်ကို ဂုဏ်ပြုဖို့အတွက် တိုကျိုမှာ အဲ့ဒီစာအုပ်တွေကိုလှူဒါန်းခဲ့ပြီး မတ်လ ၁ ရက်လှုပ်ရှားမှု နှစ် ၁၀၀ ပြည့်အတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာ ပြပွဲတခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

မင်းသမီးဆောင်းဟာ ကမ္ဘာတဝန်းမှာရှိတဲ့ နာမည်ကျော်ပြတိုက်တွေအတွက် ကိုရီးယားဘာသာစကား ဝန်ဆောင်မှုကို ထောက်ပံ့ပေးရာမှာ ကူညီနေတဲ့ ကိုရီးယားပညာရေးဌာနကိုလည်း ထောက်ပံ့နေသူဖြစ်ပါတယ်။

Ref:soompi

You may also like these stories:

ဆောင်းဟေဂိုနဲ့ ကွာရှင်းပြီးနောက် ဆောင်းဂျွန်ကီထံ ကြော်ငြာ ကမ်းလှမ်းမှုများ ကျဆင်း

ကွာရှင်းမှုနဲ့ ပတ်သက်ပြီး အမုန်းစကား ရေးနေသူများကို ဆောင်းဟေဂိုရဲ့ အေဂျင်စီ တိုင်ကြား

မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ တရားဝင် ကွာရှင်းပြီးစီး

Your Thoughts …
Tags: ကိုရီးယားဆောင်းဟေဂိုလမ်းညွှန်စာအုပ်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

by အောင်ခမ်း
18 December 2023
2.5k

ရာသီချိန်လုပ်သားစေလွှတ်မှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက လာရောက် လျှောက်ထားသူများကို ပါတီဝင်အဖြစ် မှတ်ပုံတင်ခိုင်းခြင်းနှင့် ဝန်ဆောင်ခအနေဖြင့် လူတဦးလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ဝန်းကျင်အထိ ကြိုတင်ငွေ ပေးသွင်းခိုင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

by ဧရာဝတီ
31 January 2024
1.4k

လက်ရှိတွင် ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်နေသည့် ကာလအတွင်း အိမ်ပြန်ခွင့် မရသေးသူများကို ဆက်လက်နေထိုင်ခွင့်ပေးထားကြောင်း

မမြင်ရသော ခြေထောက်

မမြင်ရသော ခြေထောက်

by မောင်စူးစမ်း
11 August 2024
1.3k

ဂျပန်ကို လေ့လာလျှင် အထူးစပါယ်ရှယ် အခြေအနေ (Special Circumstances) ကို သိရန်လိုသည်ဟု ပြောလေ့ ရှိပုံတို့ကို ကီနီချီအိုမေ က ဖော်ပြထားသည်။ ဤအစွဲအလမ်းကို ဝေဖန်လည်း ဝေဖန်သည်။

နည်းပညာ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး စနစ်သစ်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သူ အယ်လ်ဗင် တော်ဖလာ  / Reuters

ခေတ် ၅ ခေတ်၊ လှိုင်း ၃ လှိုင်း နဲ့ မြန်မာ

by ထက်မြက်
6 January 2019
30k

တာဝန်ယူသူတွေဟာ အရင်က အတွေးအခေါ်နဲ့ အရင်က လုပ်နည်းလုပ်ဟန် အတိုင်း လုပ်ဆောင် နေမယ် ဆိုရင် ဘယ်တော့မှ အသစ်ကို ရောက်မှာ မဟုတ်ဘူး။

အရှေ့တောင်အာရှ EV ကား ဈေးကွက်ကို တရုတ် BYD သိမ်းပိုက်ထား

အရှေ့တောင်အာရှ EV ကား ဈေးကွက်ကို တရုတ် BYD သိမ်းပိုက်ထား

by ဧရာဝတီ
29 June 2024
723

BYD ဟာ ဒေသတွင်း ရောင်းအား အကောင်းဆုံး ဖြစ်ပြီး EV ကားဈေးကွက်ရဲ့ ၄၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားလျက် ရှိကြောင်း…

Next Post
ရေလွှမ်းမိုးခံရတဲ့ ကျေးရွာများ ချက်ပြုတ်ရန် ရေလိုအပ်မှုရှိနေ (ရုပ်/သံ)

ရေလွှမ်းမိုးခံရတဲ့ ကျေးရွာများ ချက်ပြုတ်ရန် ရေလိုအပ်မှုရှိနေ (ရုပ်/သံ)

ဒါရိုက်တာ စတီးလ်  / ဝေဝေနှင်း / ဧရာဝတီ

ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ရုံတင်ခွင့်မရသေးတာနဲ့ ပတ်သက်လို့ ဒါရိုက်တာစတီးလ်ရဲ့ ခံစားချက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved