Disney ကနေ 20th Century Fox ကို ဝယ်ယူလိုက်တဲ့အခါ စူပါဟီးရိုးရုပ်ရှင် ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ စိုးရိမ်ခဲ့ကြတာကတော့ R-Rated အဆင့်ရှိတဲ့ ဇာတ်ကောင်တွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ထပ်မံ မထွက်ရှိလာတော့မှာကိုပဲ ဖြစ်ပါတယ်။ Deadpool ရုပ်ရှင်ရော Logan ရုပ်ရှင်ထွက်ရှိလာခဲ့ချိန်မှာပါ Box Office မှတ်တမ်းတွေမှာ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှု အပြည့်အဝ ရရှိခဲ့ဖူးတယ်ဆိုတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။
Deadpool ရုပ်ရှင်အတွက် တွဲဖက်ဇာတ်ညွှန်း ရေးသားသူတဦးဖြစ်တဲ့ Paul Wernick ကတော့ Disney အနေနဲ့ R-Rated ရုပ်ရှင် ထုတ်လုပ်ဖန်တီးဖို့အတွက် သဘောတူညီမှုတခု ရရှိထားတာ ဖြစ်တဲ့အတွက်ကြောင့် Wolverine တကိုယ်တော် ရုပ်ရှင်ကားသစ်တကား ထွက်ရှိလာဖို့ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
ဒါကြောင့်ပဲ Marvel ရဲ့ နောင်အနာဂတ်အတွက် ခြေလှမ်းအသစ်တွေမှာ Wolverine ရုပ်ရှင်ဖန်တီးရိုက်ကူးဖို့ အစီအစဉ်ရှိနေခဲ့တာဖြစ်ပြီး ၁၉၉၁ ခုနှစ် ရုပ်ပြလောကမှာ Wolverine ဇာတ်ကောင်ရယ်လို့ စတင်လူသိများချိန်ကို မှီငြမ်းပြီး ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ ပြင်ဆင်နေခဲ့တာပါ။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက် တချက်ကတော့ အဓိကဇာတ်ကောင် Wolverine ရဲ့ ရှုထောင့်ကနေ ရိုက်ကူးဖန်တီးမှာ မဟုတ်ဘဲ Wolverine အဖြစ် စမ်းသပ် အသက်သွင်းခဲ့တဲ့ သိပ္ပံပညာရှင်တွေရဲ့ ရှုထောင့်ကနေ ဇာတ်အိမ် တည်နိုင်ခြေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
လူသတ် လက်နက်တွေအဖြစ် စမ်းသပ် ဖန်တီးခံခဲ့ရတဲ့ Mutant တွေ ဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိခြင်းစတဲ့ ဇာတ်ရုပ်တွေကိုလည်း ရုပ်ပြရဲ့ ပုံစံအတိုင်း ဖော်ပြသွားဖို့ ရှိနေတာပါ။ အခုအချိန်မှာတော့ Marvel ဟာ Wolverine ကို Cinematic Universe ထဲ ထည့်သွင်းပေါင်းစပ်ဖို့ စဉ်းစားနေဆဲဖြစ်ပြီး တကယ်လို့များ ထွက်ပေါ်နေတဲ့ သတင်းတွေသာ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ Wolverine ပရိသတ်တွေအတွက် ပျော်ရွှင်စရာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Wolverine ရုပ်ရှင်မှာ မင်းသား Hugh Jackman ပြန်လည် ပါဝင်လာနိုင်
Wolverine အဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ထုတ်ပြော
“Wolverine” ကို Animated တီဗီစီးရီးအနေနဲ့ ထုတ်လုပ် ရိုက်ကူးတော့မယ့် Marvel Studio