Doctor Strange ရဲ့ နောက်ဆက်တွဲရုပ်ရှင်တကားဖြစ်တဲ့ Doctor Strange in The Multiverse of Madness မှာ Marvel Studio အနေနဲ့ ဇာတ်ကောင်အသစ်ကို မိတ်ဆက်နိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
Marvel ဟာ သူတို့ရဲ့ Cinematic Universe နဲ့ပတ်သက်တဲ့ ခြေလှမ်းအသစ်တွေကို အခု Doctor Strange ရုပ်ရှင်ကနေ ကျယ်ပြန့်တဲ့ အနေအထားတခုရောက်ရှိဖို့ အစီအစဉ်တချို့ရှိနေတာလည်းဖြစ်ပါတယ်။
ဒါကြောင့်ပဲ ရုပ်ရှင်ပရိသတ်တွေ မသိရှိသေးတဲ့ ဇာတ်ကောင်အသစ်တွေကို တယောက်ချင်းစီ မိတ်ဆက်ဖို့ စိတ်အား ထက်သန်နေတာဖြစ်ပြီး လူအများရင်းနှီးပြီးသားဖြစ်တဲ့ X-Men နဲ့ Fantastic Four ဇာတ်ကောင်အစုအဝေးကိုပါ အသေအချာပြန်လည်ကိုင်တွယ်ဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။
Marvel Studio ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးဖြစ်တဲ့ Kevin Feige အနေနဲ့ နယူးရော့ရုပ်ရှင်အကယ်ဒမီမှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ Doctor Strange နောက်ဆက်တွဲရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ပါဝင်နေခဲ့တာပါ။
Kevin Feige က “တခါတလေမှာ ဘယ်ဟီးရိုးကို အဓိကထားမလဲ။ ဘယ်ဟီးရိုးအဖွဲ့ကို ရုပ်ရှင်ပိတ်ကားပေါ်မှာပြသမလဲ။ ဒီအတွေးတွေဟာ ရုပ်ရှင်တခုကို ဖန်တီးထုတ်လုပ်ဖို့ ရိုက်ကူးရေးထက်စောတဲ့ ထုတ်လုပ်မှုအပိုင်းကဏ္ဍတွေပါပဲ။ လာမယ့် Doctor Strange 2 မှာလည်း ဘယ်သူမှခန့်မှန်းမထားနိုင်တဲ့ ဟီးရိုးအသစ်တယောက်လည်း ပါဝင်လာဖို့ရှိနေနိုင်တာပဲ မဟုတ်လား” လို့ သူ့မိန့်ခွန်းမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Marvel ရဲ့ ဇာတ်ကောင်အသစ်တွေဟာ ကျယ်ပြန့်တဲ့သီးသန့်နယ်ပယ်တခုဖြစ်လာဖို့ အကောင်းဆုံး အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး ဗီလိန်တွေရော ဟီးရိုးတွေပါ ဇာတ်ကောင်အသစ်တွေထဲ ပါဝင်လာဖို့ရှိနေတာကြောင့် Doctor Strange ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဟာ စောင့်မျှော်ကြည့်ရှုချင်စရာပဲဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Captain Marvel 2” မှာ Female Thor အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Natalie Portman
Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော
“Black Panther 2” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ Rihanna ကို မျက်စိကျနေတဲ့ Marvel