ဇာတ်ကောင်အသစ်တခုအတွက် ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ တိုးစေဖို့ဟာ သရုပ်ဆောင်တယောက် လုပ်ဆောင်ရမယ့် အလုပ်ဖြစ်ပေမယ့် တရုတ်မင်းသား Huang Xiaoming ကတော့ သူ့ရဲ့လျင်မြန်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကို တော်တော်လေး ထိခိုက်စေခဲ့တာကို တွေ့ရပါတယ်။
“A Cover Up” ရုပ်ရှင်ကို ရိုက်ကူးနေတဲ့ အသက် ၄၃ နှစ်အရွယ် မင်းသား Xiaoming က သူ့ရဲ့ ဇာတ်ကောင်အသစ်အတွက် ကိုယ်အလေးချိန် ၁၅ ကီလိုဂရမ် (၃၃ ပေါင်ခန့်) လျှော့ချရမှာ ဖြစ်ပါတယ်။
“A Cover Up” ရုပ်ရှင်ကတော့ ညဆိုင်း တက္ကဆီ မောင်းနေစဉ်အတွင်းမှာ အရက်မူးသမား တယောက်နဲ့ တွေ့ဆုံခဲ့တဲ့နောက် သူ့ရဲ့ဘဝပြောင်းလဲခဲ့ရတဲ့ တက္ကစီယာဉ်မောင်း တဦးရဲ့အကြောင်း ရိုက်ကူးမယ့် မှုခင်းသည်းထိတ်ရင်ဖို ရုပ်ရှင် ဖြစ်ပါတယ်။
အစားရှောင်တာနဲ့ ရုပ်ပိုင်းဆိုင်ရော လေ့ကျင့်ရေးတွေ လုပ်ဆောင်ခဲ့ပြီး မင်းသားဟာ ၁၀ ကီလိုဂရမ် (၂၂ ပေါင်ခန့်) လောက် လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ခန္ဓာကိုယ် အလေးချိန် တော်တော်များများကို အလျင်အမြန် လျှော့ချလိုက်ရတာကြောင့် မင်းသားအတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။
မင်းသားက “ကျနော်က ကိုယ်အလေးချိန်လျှော့ချဖို့ အမြန်ဆုံး လုပ်ခဲ့ရပါတယ်။ အရမ်းမြန်သွားတာဖြစ်လာလိမ့်မယ်။ ကျနော် ထမင်းလည်း မစားလို့ ကျနော့် ခန္ဓာကိုယ်က ဆားနဲ့ သကြားဓာတ် ပြတ်လပ်ခဲ့ပြီး တော်တော်လေးကို အားနည်းခဲ့ပါတယ်။ ကျနော်က ဆက်တိုက် ညလုံးပေါက် ရိုက်ကူးရေးတွေ လုပ်ခဲ့ရတာကြောင့် ကျနော့် နှလုံးက မခံနိုင်တော့ပါဘူး” လို့ ဟောင်ကောင်မီဒီယာကို ပြောကြားခဲ့ပါတယ်။
မကြာသေးခင်တုန်းက မင်းသားဟာ “The Burning” ဇာတ်ကားနဲ့ ရွှေကြက်ဖဆုပေးပွဲမှာ အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီဆုပေးပွဲကို တက်ရောက်ခဲ့တဲ့အချိန်မှာ သူဟာ ဇာတ်ရုပ်အတွက် မုတ်ဆိတ်မွေးထားတဲ့ ပုံစံနဲ့အတူ တော်တော်လေး ပိန်ပိန်ပါးပါး ဖြစ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။
“A Cover Up” ဒါရိုက်တာ Dong Yue က တော်တော်လေး နာကျင်ခံစားနေခဲ့ရတဲ့ မင်းသားကိုကြည့်ပြီး သူလည်း ထိခိုက်နာကျင်ခဲံရတယ်လို့ Weibo မှာ မျှဝေခဲ့ပါတယ်။
ဒါရိုက်တာ Dong က “သူဟာ ယိုင်နဲ့နဲ့ ဖြစ်နေပြီး ဖျော့တော့တော့ ပုံပေါက်နေပါလိမ့်မယ်။ အရမ်းအားနည်းနေတဲ့အသံနဲ့ ခဏလောက် နားဖို့ တောင်းဆိုခဲ့ပါတယ်။ ကျနော် အဲ့ဒါကို ပြန်စဉ်းစားကြည့်မိတဲ့အချိန်အတိုင်း ကျနော့် နှလုံးတွေ ထိခိုက်နာကျင်ရပါတယ်။ သူက သူ့ရဲ့ဇာတ်ကားအတွက် အရာအားလုံး ပေးဆပ်ခဲ့ပြီး သူ့ရဲ့ ဇာတ်ကောင်နဲ့ သူ့ရဲ့ ဖြေရှင်းပုံကို ကျနော် နားလည်ခဲ့ပါတယ်”
”ကျနော် သူ ရွှေကြက်ဖဆု ရတာကို မြင်တဲ့အခိုက်အတန့်မှာ ကျနော် မျက်ရည်ကျမိပါတယ်။ ဒီဆုနဲ့ သူထိုက်တန်တယ်လို့ ကျနော် ပြောချင်ပါတယ်” လို့ဆိုပါတယ်။
Ref:asiaone
You may also like these stories:
အတိတ်နှင့် အနာဂတ်ကြားမှ ဖုန်းခေါ်သံ (သို့မဟုတ်) “The Call” ရုပ်ရှင်
မြန်မာပြည်က ပရိသတ်တွေအတွက် Online Live Show လုပ်ပေးမယ့် မိုရီဆာကီဝင်း
“နို့ဘီလူး” ရုပ်ရှင် နိုင်ငံတကာမှာ ဆုများရရှိရန် ထပ်မံ ယှဉ်ပြိုင်သွားမည်