• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တွဲဖက် မင်းသမီးနဲ့ လက်ချင်းကိုင်မိလို့ ဇနီးဖြစ်သူကို တောင်းပန်လိုက်တဲ့ Justin Timberlake

by မစ်ကီ
6 December 2019
in Entertainment
A A
အဆိုတော်၊ မင်းသား Justin Timberlake နဲ့ ဇနီးဖြစ်သူ Jessica Biel

အဆိုတော်၊ မင်းသား Justin Timberlake နဲ့ ဇနီးဖြစ်သူ Jessica Biel

6k
VIEWS
Share on FacebookShare on Twitter

အဆိုတော်၊ မင်းသား Justin Timberlake ဟာ မင်းသမီး Alisha Wainwright နဲ့ လက်ချင်းချိတ်ပြီး ဓာတ်ပုံ ရိုက်ကူးခဲ့ရပြီးတဲ့နောက် ဇနီးဖြစ်သူ Jessica Biel ကို တောင်းပန်စကား ဆိုလိုက်ပါတယ်။

အသက် ၃၈ နှစ်အရွယ် အဆိုတော်၊ မင်းသား Timberlake ဟာ ပြီးခဲ့တဲ့လတုန်းက သူ့ရဲ့ “Palmer” ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Alisha နဲ့ လက်ချင်းချိတ်ပြီး ဓာတ်ပုံ ရိုက်ကူးခဲ့ပြီးတဲ့နောက် အဲ့ဒီအချိန်တုန်းက အရက်မူးနေခဲ့လို့ ဆုံးဖြတ်နိုင်စွမ်းတွေ မရှိဘဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် သူ့မိသားစုကို ရှက်ရွံ့မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

အဆိုတော် Timberlake က “ကျနော် တတ်နိုင်သမျှ အတင်းအဖျင်းတွေနဲ့ ဝေးအောင် နေပါတယ်။ ဒါပေမယ့် ကျနော့် မိသားစုအတွက် ကျနော် ချစ်ရတဲ့သူတွေကို ထိခိုက်စေခဲ့တဲ့ ကောလာဟလတွေကို ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ခံစားရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျနော်ဟာ ဆုံးဖြတ်နိုင်စွမ်း လျော့နည်းမှုကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ရှင်းရှင်းပြောချင်ပါတယ်။ ကျနော်နဲ့ တွဲဖက်မင်းသမီးကြားမှာ ဘာမှ မဖြစ်ခဲ့ပါဘူး” လို့ Instagram မှာတင်ထားတဲ့ ထုတ်ပြန်ချက်တခုမှာ ပြောဆိုထားပါတယ်။

ဆက်ပြီးသူက “အဲ့ဒီညတုန်းက ကျနော် အရမ်းသောက်ထားခဲ့တယ်။ ကျနော့် အပြုအမူအတွက်လည်း နောင်တရမိတယ်။ ပိုပြီး ကောင်းကောင်းမွန်မွန် ပြုမူခဲ့သင့်တာ။ ဒါဟာ ကျနော့် သားအတွက် ပြသချင်တဲ့ ဥပမာ တခု မဟုတ်ပါဘူး။ ဒီလိုမျိုး ရှက်ဖို့ကောင်းတဲ့ အခြေအနေမျိုးကို ရောက်စေခဲ့တဲ့အတွက် ကျနော့်ရဲ့ ထူးခြားတဲ့ ဇနီးနဲ့ မိသားစုကို တောင်းပန်ပါတယ်။ ပြီးတော့ ကျနော်နိုင်သလောက် အကောင်းဆုံးခင်ပွန်းနဲ့ ဖခင် တယောက်ဖြစ်ဖို့ အာရုံစိုက်ပါမယ်”လို့လည်း ရေးသားထားပါတယ်။

Palmer ရုပ်ရှင်အတွက် အလုပ်လုပ်ရတာဟာ အခုအထိ ပျော်ရွှင်နေရဆဲပဲလို့ ဖော်ပြပြီး သူ့ရဲ့ ထုတ်ပြန်ချက်ကို အဆုံးသတ်ထားပါတယ်။ သူက “Palmer အတွက် အလုပ်လုပ်ရတာ တကယ့်ကိုပဲ ဂုဏ်ယူမိပါတယ်။ ရုပ်ရှင်ကို ဆက်ရိုက်ဖို့ကို မျှော်လင့်ထားပြီး ပရိသတ်တွေကို ကြည့်ကြဖို့ကိုပဲ စိတ်လှုပ်ရှားပြီး စောင့်မျှော်နေပါပြီ”လို့ ဆိုပါတယ်။

သူနဲ့ သူ့ဇနီးကတော့ အဲ့ဒီလို ကောလာဟလ ဂယက်တွေကို ကျော်လွှားဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ “သူတို့က အရာအားလုံးကို ပယ်ချထားပြီး ဘာမှ မဖြစ်သလို ရယ်မောနေထိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် အဆင်မပြေပါဘူး။ ဘယ်ဇနီးအတွက်ကိုမဆို အဆင်မပြေတာ ဖြစ်တယ်။ Timberlake ကတော့ အရက်မူးလွန်နေခဲ့လို့ ဖြစ်သွားခဲ့တယ်။ သူတို့အိမ်ထောင်ရေးကတော့ ဆက်ရှိနေဦးမှာပါ”လို့ သတင်းရင်းမြစ်တခုက ပြောဆိုထားပါတယ်။

Ref:asiaone

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

You may also like these stories:

အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာတဦးနဲ့ တွဲနေတဲ့ အဆိုတော်လေဒီဂါဂါ

မင်းသမီး ဆောင်းဟေဂိုရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အွန်လိုင်းမှာ ပေါက်ကြား

Your Thoughts …
Tags: Alisha WainwrightJustin Timberlakeကောလာဟလ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ငပလီ၏ အလှ နှင့် ဒေါသ

ငပလီ၏ အလှ နှင့် ဒေါသ

by အထောက်တော် လှအောင်
16 November 2024
1.8k

ငပလီ ကမ်းခြေသို့ ပြေးလာ ရိုက်ခတ်နေသော ပင်လယ် ရေလှိုင်းတို့သည် ဒေါသ အမျက်ချောင်းချောင်း ထွက်နေကြ ပြန်၏။ ယမ်းပုံ မီးကျ ဆန္ဒလည်း ပြနေကြပြန်၏။

အဆိုတော် ရေမွန်  / Raymond Idiots Page

အဆိုတော် ရေမွန် ငှက်ဖျားကြောင့် ဆုံးပါးတာ မဟုတ်ဟုဆို

by ဧရာဝတီ
23 June 2021
69k

ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ်။ ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ။

သရုပ်ဆောင် နန်းခင်ဇေယျာ  / Nang Khin Zayyar's Facebook

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများ မဟုတ်မှန်ကြောင်း နန်းခင်ဇေယျာ ဖြေရှင်း

by ဧရာဝတီ
8 April 2021
7.3k

“ယခု လတ်တလော ထွက်ပေါ်နေသော သတင်း (သတင်းအရင်းအမြစ်ကို အတိအကျ ဖော်ပြမထား) သည် သတင်းအမှန် မဟုတ်ပါရှင့်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်  / ချစ်ပိုး / ဧရာဝတီ

ခင်ပွန်းရှိတယ်ဆိုတဲ့ ကောလာဟလကို ပြန်လည်ဖြေရှင်းလိုက်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်

by ချစ်ပိုး
19 January 2020
16.9k

“ကောလာဟလတွေလည်း လိုက်ဖြေရှင်းနေတာထက် ကဲ့ရဲ့၇ရက် ၊ ချီးမွမ်း ၇ရက် ဆိုတဲ့အတိုင်းပဲ နေတာ ကောင်းပါတယ်။ ဝေဖန်မှုတွေကိုလည်း အများကြီး တုံ့ပြန်စရာမရှိပါဘူး။

သရုပ်ဆောင် မင်းမော်ကွန်း  / Ye Min Kyi Aac

“မင်းမော်ကွန်း ပေါင် ကျည်ထိမှန်” ဆိုတဲ့သတင်း အမှားဖြစ်ကြောင်း ပြန်ဖြေရှင်း

by ဧရာဝတီ
21 July 2021
8.7k

“ကိုကျော် (ခ) မင်းမော်ကွန်း ပေါင်မှာ ကျည်ဖောက်ဝင်တဲ့ သတင်း သတင်းအမှားပါ”

ကနေဒါအဆိုတော် Shawn Mendes

လိင်စိတ်တိမ်းညွှတ်မှု ကောလာဟလတွေကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ Shawn Mendes

by မစ်ကီ
15 December 2020
2.2k

“ကျနော်က ဂေးမဟုတ်ဘူး။ တကယ်လို့ ကျနော် ဂေးဖြစ်နေခဲ့ရင်လည်း အဆင်ပြေမှာပါ။ ဂေးဖြစ်နေတာကရော ဘာများမှားနေလို့လဲ။ ဒါပေမဲ့ ကျနော် ဂေးမဟုတ်ဘူးလေ။

Next Post
ရောဂါတွေကြားက ကျားဖောင်လုပ်သားတွေ (ရုပ်/သံ)

ရောဂါတွေကြားက ကျားဖောင်လုပ်သားတွေ (ရုပ်/သံ)

ချစ်သူနဲ့ စေ့စပ်လိုက်တဲ့ မင်းသမီး Emma Stone

ချစ်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး Emma Stone

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved