Entertainment

လိင်စိတ်တိမ်းညွှတ်မှု ကောလာဟလတွေကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ Shawn Mendes

ကနေဒါအဆိုတော် Shawn Mendes က သူ့ရဲ့ လိင်စိတ်ခံယူချက်နဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကြောင့် စိတ်ထိခိုက်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

Dax Shepard နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အသက် ၂၂ နှစ်အရွယ် အဆိုတော် Shawn က သူ့ရဲ့လိင်စိတ်ခံယူချက်နဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ကောလာလဟတွေကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့အကြောင်း ဝေမျှ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုတော် Shawn က “ကျနော်က ဂေး (Gay) ဖြစ်နေတယ်။ ဂေးဆိုတာ လူသိမခံဝံ့တဲ့သူ ဖြစ်နေတယ်ဆိုတာ ကျနော့် ဘဝထဲက တချို့လူတွေက ထင်နေကြတာကြောင့် ကျနော့်အတွက် တကယ့်ကိုပဲ ဝမ်းနည်းစိတ်ပျက်ခဲ့ရပါတယ်။ ပြီးတော့ အချို့လူတွေကိုတော့ ကျနော် တကယ် ဒေါသထွက်မိတယ်။ တကယ့်ကိုပဲ ပြန်ပြောရခက်တဲ့ အခြေအနေပါ”

“ကျနော်က ဂေးမဟုတ်ဘူး။ တကယ်လို့ ကျနော် ဂေးဖြစ်နေခဲ့ရင်လည်း အဆင်ပြေမှာပါ။ ဂေးဖြစ်နေတာကရော ဘာများမှားနေလို့လဲ။ ဒါပေမဲ့ ကျနော် ဂေးမဟုတ်ဘူးလေ။ ဒီလိုအခြေအနေကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ ခင်ဗျား သိမှာတောင် မဟုတ်ဘူး” လို့ ရှင်းပြခဲ့ပါတယ်။

သူက “အထူးသဖြင့် နာမည်ကျော် အမျိုးသားဂီတပညာရှင် တယောက်အနေနဲ့ အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူလို၊ နိုင်ငံရေးသမားလို လုပ်နေကြတာတွေကို ကျနော်တို့ ရပ်တန့်ရမယ်လို့ သဘောပေါက်မိပါတယ်။ ကျနော်က ဒီလို မဟုတ်မမှန်တဲ့ အရာတွေအကြောင်း ပြောဖို့ တကယ့်ကို လိုအပ်လာခဲ့ပြီး လူတွေက ကျနော် ဂေးဖြစ်နေတယ်လို့ ပြောတဲ့အခါမျိုးမှာ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို စိတ်ရှုပ်ထွေးမိတာနဲ့ တောင်းပန်လိုက်တာပဲ”

“ကျနော်အသက် ၁၅ နှစ်လောက်ကတည်းက ကျနော့်ကို လူတိုင်းက ဂေးလို့ ခေါ်နေခဲ့ကြတယ်။ ကျနော် ဂေး မဟုတ်ပါဘူး။ အဲ့ဒါဘာကို ပြောချင်နေကြတာလဲ။ ကျနော့်ရဲ့အသံကများ တခုခု ထူးဆန်းနေလို့လား။ ကျနော်က အမြဲတမ်း မိန်းမဆန်ဆန်ပုံစံနဲ့ ခြေပေါ်ခြေချိတ် ထိုင်နေလို့လား။ ကျနော် ဘယ်လို ထိုင်ရမလဲ။ အဲ့ဒီလိုကိစ္စတွေအတွက် ကျနော် တကယ် ထိခိုက်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့ တချို့လူတွေအတွက် ဒီလိုကိစ္စက ပိုဆိုးနိုင်တယ်ဆိုတာကို သူနားလည်တယ်လို့ ပြောပါတယ်။ သူက ” ဂေးဖြစ်နေတဲ့သူတွေ၊ လူသိမခံဝံ့တဲ့သူတွေ အများကြီး ရှိနေတာကြောင့် ဒီလိုကိစ္စဟာ ပိုဆိုးလာနိုင်ပါတယ်။ ဒီလိုမျိုး မဟုတ်တမ်းတရားတွေ ကြားပြီး တချို့တွေဆို ငါဟာ ဂေးပါလို့ ထုတ်ပြောရမှာတောင် ကြောက်နေလောက်တယ်” လို့လည်း ပြောဆိုပါတယ်။

“Wonder” သီချင်းအဆိုတော် Shawn က ကာလရှည်လက်တွဲခဲ့တဲ့ ချစ်သူ Camila Cabello နဲ့ ပတ်သက်လို့လည်း ပြောဆိုခဲ့ပါတယ်။ သူက “ကျနော်က ကျနော့် ကောင်မလေးနဲ့ အိပ်ရာဝင်မယ်။ သူ ကျနော့် ရင်ဘတ်ပေါ်မှာ သူ့ခေါင်းကို တင်ထားမယ်။ သူ ကျနော့် ရင်ဘတ်ပေါ်မှာ ငိုမယ်”

“လာမယ့် အပတ်ထဲမှာ စိတ်ရှုပ်စရာတွေ ရှိလာမှာ၊ ကျနော်တို့ အဲ့ဒါတွေကို မပတ်သက်ချင်တဲ့အခါ၊ အဲ့ဒါတွေကို မလုပ်ချင်တဲ့အခါ ဘယ်လိုတွေ ခံစားနေရတယ်ဆိုတာကို ပြောကြမယ်။ အဲ့ဒီလိုမျိုး ကောင်မလေးနဲ့ ကျနော် ချစ်သူ ဖြစ်နေပါတယ်။ အဲ့ဒီလိုမျိုး ချစ်သူ ရထားတာ ကျနော် ကံကောင်းပါတယ်” လို့ ဆိုပါတယ်။

Ref: etcanada

You may also like these stories:

ဂျန်နီဖာလောရန့်စ်၊ လီယိုနာဒိုတို့နဲ့အတူ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်မှာ ပါဝင်လာမယ့် Chris Evans

နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ငွေကျပ် ၅၀၀၀ နဲ့ Private Group ဖြင့် တင်ဆက်မည်

The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်

Loading