Entertainment

ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား

Want create site? Find Free WordPress Themes and plugins.

မင်းသား ဆောင်းဂျွန်ကီဟာ ဇနီးဖြစ်သူ မင်းသမီး ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့် လျှောက်ထားတယ်လို့ သိရပါတယ်။ ဇွန်လ ၂၇ ရက်နေ့မှာ မင်းသား ဆောင်းဂျွန်ကီရဲ့ ရှေ့နေ Park Jae Hyun က “ကျနော်တို့ ဥပဒေကုမ္ပဏီက ဇွန်လ ၂၆ ရက်နေ့တုန်းက ဆိုးလ်မိသားစုရေးရာ တရားရုံးမှာ မင်းသား ဆောင်း ကိုယ်စား ကွာရှင်းခွင့် လျှောက်ထားခဲ့ပါတယ်။ ဒါ့အပြင် မင်းသားဆောင်းရဲ့ တရားဝင် ထုတ်ပြန်ချက်ကိုလည်း တင်ပြလိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မင်းသားရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပရိသတ်တွေကို တောင်းပန်တဲ့အကြောင်းနဲ့ အခင်အမင် မပြတ်တဲ့ ကွာရှင်းမှုအတွက် မျှော်လင့်တဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်မှာတော့ “ကျနော့်ကို ဂရုစိုက်ပြီး ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေအတွက် မကောင်းသတင်းကို ဝေမျှမိတဲ့အတွက် အရင်ဆုံး တောင်းပန်ချင်ပါတယ်” ဆိုတဲ့ စကားနဲ့ အစချီထားပါတယ်။

အဲ့ဒီနောက် သူက “ကျနော် ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့် လျှောက်ထားတဲ့ လုပ်ငန်းစဉ် စတင်လိုက်ပါပြီ။ တယောက်နဲ့ တယောက် ရှုံ့ချတာ၊ အပြစ်တင် ငြင်းခုံတာတွေထက် ကွာရှင်းမှုလုပ်ငန်းစဉ်က အခင်အမင်မပျက်ဘဲ ပြီးမြောက်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ သူက သူ့ရဲ့ ကိုယ်ပိုင်ဘဝ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးဖို့ ခက်ခဲတယ်ဆိုတဲ့ အချက်ကို နားလည်ပေးကြဖို့နဲ့ လက်ရှိ ဒဏ်ရာတွေကနေ ပြန်သက်သာလာပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ထုတ်လုပ်ရေးတွေကနေ တဆင့် ပေးဆပ်ဖို့ မင်းသားတယောက်အနေနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမယ့် အကြောင်းလည်း ဖော်ပြထားပါတယ်။

ကိုရီးယား အနုပညာလောကမှာ Song-Song စုံတွဲလို့ လူသိများတဲ့ မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ဟာ “Descendants of the Sun” ဇာတ်လမ်းတွဲမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပြီးတဲ့နောက် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref: Soompi

You may also like these stories:

“Game of Thrones” နဲ့ ဆင်တူနေလို့ ဝေဖန်ခံနေရတဲ့ “Arthdal Chronicles” စီးရီး

ဂျိုလီ နဲ့ ဘရပ်ပစ်တို့ရဲ့ လမ်းခွဲချိန်

Hyun Bin နဲ့ Son Ye Jin တို့ ချစ်သူတွေဖြစ်နေကြပြီလို့ ကောလာဟလ ထွက်ပေါ်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading