တရုတ် အန်နီမေးရှင်း ရုပ်ရှင် “Nezha” (နီကျား) ဟာ ရုံတင်တဲ့ ပထမဆုံး သီတင်းပတ်မှာပဲ ဝင်ငွေဒေါ်လာ ၉၁ ဒဿမ ၅ သန်း ရရှိခဲ့ပြီ ဒါဟာ Middle Kingdom လို့ခေါ်တဲ့ တရုတ်နိုင်ငံမှာ ရုံတင်ခဲ့တဲ့ အန်နီမေးရှင်းရုပ်ရှင်တွေထဲမှာ ပွဲဦးထွက် အကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီပမာဏဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ဒုတိယမြောက် ဝင်ငွေ အများဆုံးဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဝင်ငွေအများဆုံးရခဲ့တဲ့ ရုပ်ရှင်ကတော့ Disney ရဲ့ “The Lion King” ရုပ်ရှင် ဖြစ်ပါတယ်။
ဂန္ထဝင် တရုတ် ဒဏ္ဍာရီကို အန်နီမေးရှင်း ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ “Nezha” ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ရုံမတင်ခင်ကတည်းက ဒေါ်လာ ၈ ဒဿမ ၈ သန်း ကြိုတင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ တရားဝင်ငွေကတော့ ဒေါ်လာ ၁၀၃ သန်းအထိ ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။
ဒါရိုက်တာ Yang Yu ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ “Despicable Me 3” ရုပ်ရှင်ကနေ တင်ထားတဲ့ ဝင်ငွေ ဒေါ်လာ ၆၅ ဒဿမ ၂ သန်းကို ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ဒေါ်လာ ၃၂ ဒဿမ ၇ သန်းရရှိခဲ့ပြီး “Nezha” ဟာ ၂၀၁၆ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ “Zootopia” ရုပ်ရှင်ရဲ့ တနေ့တည်း ရရှိတဲ့ ရုံဝင်ငွေစံချိန်ကို ကျော်တက်သွားခဲ့ပါတယ်။
Imax ရုပ်ရှင်ရုံပေါင်း ၆၁၈ ရုံကနေ ဝင်ငွေဒေါ်လာ ၇ ဒဿမ ၇ သန်းရရှိခဲ့ပါတယ်။ ဒါဟာလည်း Imax ရုပ်ရှင်ရုံတွေမှာ ရုံတင်သမျှ ကာတွန်းရုပ်ရှင်တွေထဲ ဝင်ငွေအများဆုံး ဖြစ်ခဲ့ပါတယ်။ ဒ့ါအပြင် “Nezha” ဟာ ရုပ်ရှင်အကြောင်း ဆွေးနွေးတဲ့ “Douban” ပလက်ဖောင်းမှာ ၈ ဒဿမ ၈ ရာခိုင်နှုန်းအထိ အကောင်းမြင် မှတ်ချက် ပေးခံထားရပါတယ်။
အဲ့ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ တရုတ်ဒဏ္ဍာရီထဲက လူငယ်အမျိုးသား ဇာတ်ကောင်ဟာ “The Investiture of the Gods” နဲ့ “Journey to the West” ရုပ်ရှင်တွေလိုမျိုး ဂန္တဝင် စာပေကို အခြေခံထားတဲ့ ရုပ်ရှင်တွေထဲမှာလည်း ပါဝင်တဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။
အခုရုပ်ရှင်မှာတော့ ထူးချွန်တဲ့ နီကျားအဖြစ် ဘယ်လိုမွေးဖွားလာတယ် ဆိုတဲ့ အကြောင်းနဲ့ တရားမျှတမှု မရှိတာကို ကျော်လွှားပြီး အိပ်မက်ကို အကောင်အထည်ဖော်တဲ့ လူငယ်လေး တဦးအနေနဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
Ref. variety
You may also like these stories:
“The Little Mermaid” ရုပ်ရှင်မှာ Prince Eric အဖြစ် Harry Styles သရုပ်ဆောင်နိုင်ဖွယ်ရှိ
တရုတ်မင်းသမီး Liu Yifei ပါဝင်ထားတဲ့ “Mulan” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိ
“Toy Story 4” ရုပ်ရှင်ဝင်ငွေကို မကျော်တက်နိုင်ခဲ့တဲ့ “Annabelle Comes Home” ရုပ်ရှင်
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ