Entertainment

လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် Jung Joon Young နဲ့ Choi Jong Hoon တို့ကို ထောင်ဒဏ် ချမှတ်

Want create site? Find Free WordPress Themes and plugins.

အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon တို့ဟာ မုဒိမ်းမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ်ပေး ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဆိုးလ်ဗဟိုခရိုင် တရားရုံးမှ တရားသူကြီး Kang Sung Soo က Jung Joon Young နဲ့ Choi Jong Hoon တို့ အပါအဝင် ပုဂ္ဂိုလ် ၅ ဦးအတွက် ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

ပြန်လည်ခုခံနိုင်စွမ်း မရှိတဲ့သူကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့ အပြစ်တွေ့ရှိတာကြောင့် Jung Joon Young ကို ထောင်ဒဏ် ၆ နှစ်နဲ့ Choi Jong Hoon ကို ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြစ်ဒဏ် ကျခံရသူတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြန်လည်သန်စွမ်းရေး အစီအစဉ်ကို ကြာချိန် နာရီ ၈၀ ကြာ တက်ရောက်ရမှာဖြစ်ပြီး ကလေးသူငယ်တွေ၊ ဆယ်ကျော်သက်တွေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်ဝင်ရောက်လုပ်ကိုင်မှုကို ၅ နှစ်ကြာ ကန့်သတ်ခံရမှာလည်း ဖြစ်ပါတယ်။

အဲ့ဒီ ပြစ်ဒဏ်ကျခံရသူ ၅ ဦးကို စောင့်ကြပ်ကြည့်ရှုဖို့အတွင် အမှုစစ်ရဲ့ တောင်းဆိုမှုကတော့ ပလပ်ခံခဲ့ရပါတယ်။

Jung Joon Young နဲ့ Choi Jong Hoon တို့အပါအဝင် ပုဂ္ဂိုလ် ၅ ဦးကို ၂၀၁၆ ခုနှစ်၊ ဂန်ဝမ်ပြည်နယ်နဲ့ ဒယ်ဂူမြို့တို့မှာ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့မှုနဲ့ စွဲချက် တင်ခံထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံချိန်မှာ တရားမဝင် ဗီဒီယို ရိုက်ကူးခဲ့မှုနဲ့ တရားမဝင် ဖြန့်ချိခဲ့မှု စွဲချက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

အမှုစစ်အဖွဲ့ကတော့ Jung Joon Young ကို ထောင်ဒဏ် ၇ နှစ်နဲ့ Choi Jong Hoon တို့ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ဖို့၊ ပြစ်မှုကျူးလွန်သူတွေအတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်မှာ ပါဝင်လုပ်ဆောင်ဖို့၊ ကလေးသူငယ်၊ ဆယ်ကျော်သက်တွေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်ခွင့် ၁၀ နှစ် ကန့်သတ်ပေးဖို့ ကနဦးတုန်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Ref: soompi

You may also like these stories:

တရားရုံး ကြားနာမှုမှာ မုဒိမ်းမှုစွဲချက်များအပေါ် Jung Joon Young နဲ့ Choi Jong Hoon တို့ ငြင်းဆို

ဂျပန် ရင်းနှီးမြှုပ်နှံသူများနဲ့ မတွေ့ပေးမီ ပြည့်တန်ဆာများကို Seungri အိမ်ကို ပို့ပေးခဲ့ရတယ်လို့ ဆို

ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှု၊ ပြည့်တန်ဆာအမှုများနဲ့ ပတ်သက်ပြီး Kpop စတားနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading