• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Instagram မှာ ခန္ဓာကိုယ်အသားပေး ဖော်တဲ့ပုံတွေ တင်ဖြစ်တဲ့ နေခြည်ဦး

by ယုဖြူဟန်
2 December 2019
in Entertainment
A A
Beauty Blogger , သရုပ်ဆောင် နေခြည်ဦး (ဓာတ်ပုံ - ယုဖြူဟန်/ဧရာဝတီ)

Beauty Blogger , သရုပ်ဆောင် နေခြည်ဦး (ဓာတ်ပုံ - ယုဖြူဟန်/ဧရာဝတီ)

9.5k
VIEWS
Share on FacebookShare on Twitter

Beauty Blogger တယောက်အနေနဲ့ စတင်ခဲ့ပြီး သရုပ်ဆောင်တယောက် အနေနဲ့ပါ ရပ်တည်လာတဲ့ နေခြည်ဦးကတော့ နိုင်ငံတကာ ပရိသတ် ပိုလိုချင်တာကြောင့် Instagram မှာ ခန္ဓာကိုယ် အသားပေး ဖော်တဲ့ပုံတွေ တင်ဖြစ်တယ်လို့ ဆိုပါတယ်။

“Instagram ကျတော့လည်း နေခြည်တို့က International Fan (နိုင်ငံတကာ ပရိသတ်) ပို လိုချင်တယ်။ နိုင်ငံခြားက Fan တွေလည်း လိုချင်တာ ဖြစ်တဲ့အတွက် စာရေးတာကအစ သေချာလေး ရေးဖြစ်တယ်။ မြန်မာပြည်က ပရိသတ်တွေကျတော့ ချစ်ဖို့ကောင်းတာတွေ ရှိကြတယ်။ ဟော့ရှော့ဝတ်ရင်၊ အတိုအပြတ်ဝတ်ရင် သိပ်မကြိုက်ကြဘူး။ Instagram မှာကျတော့ ဒါကိုဖက်ရှင်တခုလို မြင်တော့ နေခြည့်အနေနဲ့တင်ရတာ အဆင်ပြေတယ်။ Instagram မှာတော့ ဖော်တဲ့ပုံတွေ တင်ဖြစ်တယ်” လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦး ကိုယ်တိုင်လည်း နိုင်ငံခြားက အနုပညာရှင်များကို Instagram မှာ Follow လုပ်ထားပြီး သူတို့ လုပ်တာတွေကို ကြိုက်တာကြောင့် လုပ်ဖြစ်တာလို့ ဆိုပါတယ်။

“ကိုယ်တိုင်လည်း တခြားနိုင်ငံက အထူးသဖြင့် ထိုင်းတို့ ကိုရီးယားတို့က အနုပညာရှင်တွေကို Follow လုပ်တာ ဖြစ်တဲ့အတွက် သူတို့သွားတာလေးတွေကို ကြိုက်လို့ လုပ်ဖြစ်တာပါ”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကတော့ လတ်တလောမှာ “အိပ်မက်တွေ မိုးထားတဲ့အိမ်”ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတဲ့အတွက်ကြောင့် Blogger အလုပ်ကို သိပ်မလုပ်ဖြစ်ဘဲ ဒီဇင်ဘာလအတွင်းမှာတော့ ရုပ်ရှင်ရိုက်တာတွေကို နားပြီး Blogger အလုပ်ကို ပိုလုပ်ဖြစ်မယ်လို့ ဆိုပါတယ်။

“ဒီဇင်ဘာကတော့ နေခြည်တို့ Break ယူပြီ။ အခုရိုက်နေတဲ့ ဇာတ်လမ်းတွဲကလည်း ရိုက်လာတာ ၂ လလောက်ရှိပြီဆိုတော့ ဒီဇင်ဘာမှာတော့ နေခြည်တို့နားမယ်။ Blogging ဘက်ကို ပိုသွားမယ်။ Beauty Blogger အနေနဲ့ ပိုလုပ်မယ်။ သရုပ်ဆောင် အလုပ်ကို ၂ လလောက် နားထားမယ်” လို့ နေခြည်ဦးကပြောပါတယ်။

ပရိသတ်တွေအနေနဲ့လည်း သူမ ရုပ်ရှင်ရိုက်နေတာကြောင့် မိတ်ကပ် Tutorial များ ကြည့်ချင်နေပြီး သူမအနေနဲ့လည်း အချိန်ပေးဖြစ်မယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေကလည်း နေခြည် ရုပ်ရှင်ရိုက်တော့ မိတ်ကပ် Tutorial တွေ ကြည့်ချင်တယ်။ Blogger ပြန်လုပ်ပါဦးဆိုတော့ နေခြည်လည်း အဲ့စိတ်လေး အမြဲတမ်း ရှိတယ်။ ဒီဇင်ဘာကျတော့ ကိုယ်လည်းနားထားတော့ ဒီ Beauty Blogger ဘက်ကို ပိုလုပ်ဖြစ်မယ်ထင်တယ်” လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးက ခွဲစိတ်ကုသမှုကြောင့် လှနေတဲ့ အလှအပနဲ့ ပတ်သက်တဲ့ သူမရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“နေခြည်ကသာ လုပ်ထားတာ။ သဘာဝအတိုင်း လှနေတဲ့ မိန်းကလေးတွေ တွေ့ရင် သဘောကျတယ်။ ကိုယ်က သဘာဝအတိုင်း မလှလို့သာ လုပ်ရတာပေါ့။ နေခြည်သာ သဘာဝအတိုင်း လှတယ်လို့ ခံစားရရင်လုပ်ဖြစ်မှာ မဟုတ်ဘူး။ ခွဲစိတ်မှုနဲ့ အလှအပက ဘယ်လိုပြောရမလဲ အလှအပနဲ့ ပတ်သက်ပြီး ခွဲစိတ်တာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိတယ်”

“နေခြည်ကတော့ ခွဲစိတ်တာကို ဝါသနာကိုပါတာဖြစ်တဲ့အတွက် နေခြည့်အနေနဲ့ တိုက်ရိုက်အချိုးကျတယ်။ နေခြည် ပြုပြင်ပြောင်းလဲလိုက်လို့ ပိုပြီးလှလာတယ်လို့ထင်တယ်။ ပိုပြီးကြည့်လို့ ကောင်းလာတယ်လို့ ထင်တယ်” လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦး ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများဖြစ်တဲ့ “ရန်သူ” ၊ “ဒဏ္ဍာရီမိုး” ၊ “ပုရိသ” ၊ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားများကိုတော့ ရုံတင်ပြသခဲ့ပြီး ဖြစ်ပါတယ်။

You may also like these stories:

Fan Meeting က ရတဲ့ ငွေကြေးနဲ့ အလှူလိုက်ရတဲ့အတွက် ပီတိဖြစ်နေတဲ့ ဝတ်မှုံရွှေရည်

မိသားစုကို ဦးဆောင်နေရတဲ့သူဖြစ်လို့ အသက် ၃၀မှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ့် အိမ့်ချစ်

Your Thoughts …
Tags: Beauty BloggerInstagramနေခြည်ဦး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

by ဧရာဝတီ
11 January 2025
1.4k

လူဝင်မှု ကြီးကြပ်ရေး၊ ကျားမ ခွဲခြားမှု ကဲ့သို့သော အငြင်းပွားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှု တွေကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

ဇူကာဘတ် က ဒေါ်လာ ၁ သန်း လှူပြီး ထရမ့် နဲ့ ဆက်ဆံရေး လမ်းခင်း

ဇူကာဘတ် က ဒေါ်လာ ၁ သန်း လှူပြီး ထရမ့် နဲ့ ဆက်ဆံရေး လမ်းခင်း

by ဧရာဝတီ
15 December 2024
783

အခုလို လှူဒါန်းမှုဟာ Meta နဲ့ မာ့ခ် ဇူကာဘတ် တို့ရဲ့ လုပ်နေကျ မဟုတ်တဲ့ ပုံစံဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဒီသတင်းကို ပထမဆုံး ဖော်ပြခဲ့တဲ့ The Wall Street Journal က...

Meta က ဩစတြေးလျမှာ အသက် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို ဖယ်ရှားမှု စတင်

Meta က ဩစတြေးလျမှာ အသက် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို ဖယ်ရှားမှု စတင်

by ဧရာဝတီ
6 December 2025
178

ဥပဒေကို လိုက်နာဖို့ ပျက်ကွက်ရင် ဩစတြေးလျ ဒေါ်လာ ၄၉ ဒသမ ၅ သန်း ဒဏ်ငွေ ပေးဆောင်ရမယ်…

Meta က စပိန် မီဒီယာတွေကို ဒေါ်လာ ၅၅၂ သန်းကျော် လျော်ကြေး ပေးရဖွယ် ရှိနေ

Meta က စပိန် မီဒီယာတွေကို ဒေါ်လာ ၅၅၂ သန်းကျော် လျော်ကြေး ပေးရဖွယ် ရှိနေ

by ဧရာဝတီ
22 November 2025
156

၂၀၂၃ ခုနှစ်ထိ ၅ နှစ်ကာလ အတွင်း Meta က GDPR ကို ချိုးဖောက်ကာ ယူရို ၅ ဒသမ ၃ ဘီလီယံ ခန့် အမြတ်ငွေတွေ ရရှိခဲ့တယ်လို့ ၂၀၂၃ ခုနှစ်မှာ...

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော

by ယုဖြူဟန်
1 July 2019
91.1k

စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။

ဘလော့ဂါ ဝင်းမင်းသန်း

အကျဉ်းကျခံနေဆဲ အမျိုးသမီးထုရဲ့ “Glow Nation” ဘလော့ဂါ ဝင်းမင်းသန်း

by ဧရာဝတီ
8 March 2022
11.3k

LGBT အရေးနဲ့ အမျိုးသမီးရေးရာ ကိစ္စတွေမှာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီး သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုလေ့ရှိတဲ့ အဝင်းကို အမျိုးသမီးတွေသာမက လိင်တူချစ်သူတွေကပါ လေးစားချစ်ခင်ကြပါတယ်။ LGBT အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဝင်းမင်းသန်းက အများကြီး လူရှေ့ထွက်...

Next Post
--

ဒေါ်အောင်ဆန်းစုကြည် ICJ ကို ရင်ဆိုင်ဖြေရှင်းမည့် အပေါ် သူတို့အမြင်များ

ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ဖို့ KNU ဘာစိန်ခေါ်မှုတွေ ရှိနေလဲ (ရုပ်/သံ)

ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ဖို့ KNU ဘာစိန်ခေါ်မှုတွေ ရှိနေလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved