• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

COVID-19 နဲ့ ပတ်သက်ပြီး PPE နဲ့ Mask တွေ လှူဒါန်းဖြစ်တဲ့ မိစန္ဒီ

by ချစ်ပိုး
3 May 2020
in Entertainment
A A
အဆိုတော် မိစန္ဒီ  / ဧရာဝတီ

အဆိုတော် မိစန္ဒီ / ဧရာဝတီ

9.6k
VIEWS
Share on FacebookShare on Twitter

အဆိုတော် မိစန္ဒီကတော့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ကြုံရင် ကြုံသလို အလှူတွေ လှူဒါန်းဖြစ်တယ်လို့ ဆိုပါတယ်။

“မိစန္ဒီက COVID-19 အတွက် အလှူတွေ ကြုံသလိုတော့ တတ်နိုင်သလောက် လှူလိုက်တာပဲ။ အနုပညာ မောင်နှမတွေပါတဲ့ “ပြည်သူနဲ့ အတူလှူကြမယ်” မှာလည်း အလှူငွေ ထည့်ဖြစ်တယ်။ ဟိုတလောကလည်း လိုအပ်နေတဲ့ ဆေးရုံ ၂ ရုံကို PPE ဝတ်စုံတွေ၊ Mask တွေလည်း လှူထားပါတယ်”လို့ အဆိုတော် မိစန္ဒီက ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး မိစန္ဒီက ဒီကာလမှာ အပြင်ထွက်ပြီး အလုပ်လုပ်နေကြသူတွေနဲ အားလုံးကို ဂရုစိုက်ကြဖို့လည်း အခုလိုပဲ ပြောပါတယ်။

“မိစန္ဒီတို့လို အိမ်မှာမနေရဘဲ အပြင်ထွက်နေရတဲ့ ပရိသတ်တွေအတွက် မိစန္ဒီ မှာချင်တာက ပိုပြီး ဂရုစိုက်စေချင်တယ်။ ကိုယ်က ခုခံအားကောင်းလို့ မကူးစက်ရင်တောင် အိမ်မှာ ကိုယ်ခံအား မကောင်းတဲ့သူရှိရင်၊ အသက်ကြီးတဲ့သူရှိရင် ကလေးငယ်တွေ ရှိရင် ကူးစက်နိုင်ပါတယ်။ အဲ့အတွက် သတိထား စေချင်ပါတယ်။ သေသေချာချာလေး ဘေးကင်းအောင် ဂရုစိုက်စေချင်တယ်”

“ဆရာဝန်၊ ဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ Delivery ပို့ပေးတဲ့ သူတွေ၊ ဈေးသည်တွေ၊ အပြင်ထွက် အလုပ်လုပ်နေကြသူတွေ အားလုံးပဲ ဂရုစိုက်ပါ။ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ မိစန္ဒီက ပြောပါတယ်။

မိစန္ဒီက မကြာသေးခင်က အဆိုတော် ဖြိုးပြည့်စုံနဲ့ အတူ ဆိုထားတဲ့ “Go Away Corona” သီချင်းကိုလည်း ပရိသတ်တွေ ကြိုက်ကြလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။

“Go Away Corona သီချင်းကို ကြိုက်ကြလို့လည်း ကျေးဇူးတင်ပါတယ်။ COVID-19 မြန်မာနိုင်ငံမှာ စပြီး ဖြစ်ချိန်ဆိုပေမယ့် မြန်မာနိုင်ငံမှာ ဘယ်သူမှတောင် ကူးတဲ့သူ မရှိသေးဘူး။ ပရိသတ်တွေ ဆောင်ရန်ရှောင်ရန်လေး သိအောင် ဒီသီချင်းလေးကို အမြန်ဆုံး ဖန်တီးဖြစ်ခဲ့တယ်။ ကိုဖြိုးပြည့်စုံနဲ့ ဆိုထားတာပေါ့နော်”

“မိစန္ဒီတို့ တတ်ကျွမ်းတဲ့ အနုပညာနဲ့ အခုလိုမျိုး အကျိုးရှိစေတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ TikTok တွေလည်း ဆော့ကြတော့ အရမ်းဝမ်းသာရပါတယ်။ နောက်တပုဒ်လည်း လုပ်နေပါတယ်။ အပြင်ထွက် အလုပ်လုပ်နေရသူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ဆိုထားပါတယ်”လို့ မိစန္ဒီက ပြောပါတယ်။

လက်ရှိ အချိန်မှာတော့ မိစန္ဒီ ကိုယ်တိုင်က အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ လုပ်ဖြစ်နေသလို သီချင်းနဲ့ ပတ်သက်တဲ့ အကျိုးရှိမယ့် အရာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“Stay Home နေရချိန် အိပ်တယ်၊ စားတယ်။ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်တယ်။ စာဖတ်တယ်။ သီချင်းရေးဖို့ လေ့လာတယ်။ သီချင်းနဲ့ ပတ်သက်မယ့် အကျိုးရှိတာတွေ လုပ်ဖြစ်ပါတယ်။ ဟင်းချက်တွေလည်း လေ့လာဖြစ်နေလို့ ဟင်းလည်း တော်တော် ချက်တတ်နေပါပြီ”

“ဒီရောဂါက ကြောက်စရာလည်း ကောင်းတယ်၊ အန္တရာယ်လည်း များတယ်။ သူများတွေက အိမ်မှာနေရလို့ ငါတို့တော့ ထွက်နေရတယ်ဆိုပြီး စိတ်ဖိစီးမှုတော့ မများစေချင်ဘူး။ စိတ်ဖိစီးမှုများရင် ပိုပြီး ကျန်းမာရေး ထိခိုက်မှာ စိုးတာကြောင့် ဂရုစိုက်ကြပါ။ လုံးဝ မပေါ့ပါနဲ့။ အပြင်မထွက်ဘဲ နေလို့ရတဲ့ ပရိသတ်တွေက အပြင်မထွက်ဘဲ အိမ်မှာ နေကြပါ”လို့ မိစန္ဒီက ပြောပါတယ်။

Your Thoughts …
Tags: COVID-19မိစန္ဒီလှူဒါန်းမှု
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
14.2k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
မောင်တောရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ  / သော်ဟိန်းထက်  / ဧရာဝတီ

ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲ ၂ ဦး ဒဏ်ရာရ

သရုပ်ဆောင် ခင်သဇင်  / Khin Thazin's Facebook

မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved