• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

YouTube မှာ Subscriber ဒုတိယအများဆုံး အနုပညာရှင် ဖြစ်လာတဲ့ BLACKPINK အဖွဲ့

by မစ်ကီ
29 September 2020
in Entertainment
A A
“BLACKPINK” အဖွဲ့

“BLACKPINK” အဖွဲ့

2.6k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK အဖွဲ့ဟာ စက်တင်ဘာလ ၂၉ ရက်နေ့က YouTube ပေါ်မှာ Subscribe ဒုတိယအများဆုံး ဂီတအနုပညာရှင် ဖြစ်လာခဲ့တယ်လို့ သူတို့ရဲ့ အေဂျင်စီက ပြောဆိုခဲ့ပါတယ်။

BLACKPINK အဖွဲ့ရဲ့ တရားဝင် YouTube ချန်နယ်မှာဆိုရင် Subscriber အရေအတွက်ဟာ ၄၈ ဒသမ ၈ သန်း ရှိလာခဲ့ပြီး အမေရိကန် ဒီဂျေ Marshmello ကို နံပါတ် ၃ နေရာ ပို့ပစ်နိုင်ခဲ့ကြောင်း YG အင်တာတိန်းမန့်က ဆိုပါတယ်။ အဆိုတော် ဂျက်စတင်ဘီဘာကတော့ Subscriber အရေအတွက် ၅၇ ဒသမ ၂ သန်းနဲ့ ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ မကြာမီ ထွက်ရှိလာမယ့် “The Album” ဆိုတဲ့ အယ်လ်ဘမ် မတိုင်မီ ပြီးခဲ့တဲ့ ဇွန်လမှာ “How You Like That” သီချင်းကို ကြိုတင်ဖြန့်ချိခဲ့ပြီးတဲ့နောက်ပိုင်း YouTube မှာ လူကြိုက်များမှု တော်တော်လေး တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကမ္ဘာတဝန်းမှာရှိတဲ့ အဆိုတော်တွေထဲမှာ YouTube ရဲ့ Subscriber အရေအတွက်အနေနဲ့ ပဉ္စမနေရာအထိ တက်လာခဲ့ပြီး အမျိုးသမီး အနုပညာရှင်တွေထဲမှာတော့ ထိပ်ဆုံးမှာရှိခဲ့တဲ့ အဆိုတော် Ariana Grande ကို ကျော်တက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာ အဆိုတော် Selena Gomez နဲ့အတူ “Ice Cream” သီချင်း ဖြန့်ချိခဲ့ပြီးနောက် အဆိုတော် Ed Sheeran နဲ့ Eminem တို့ကို ကျော်တက်ပြီး တတိယနေရာအထိ ရောက်လာခဲ့ပါတယ်။ အဖွဲ့ဟာ “How You Like That” သီချင်းနောက်ပိုင်း Subscriber ၄ ဒသမ ၅ သန်းနဲ့ “Ice Cream” သီချင်းနောက်ပိုင်း ၃ ဒသမ ၅ သန်း အပါအဝင် လွန်ခဲ့တဲ့ ၃ လအတွင်း Subscriber ၈ သန်းအထိ ရရှိလာခဲ့တယ်လို့ YG အင်တာတိန်းမန့်က ဆိုပါတယ်။

သူတို့ရဲ့အေဂျင်စီကတော့ အခုလိုမျိုး အောင်မြင်မှုဟာ သူတို့ရဲ့ သစ္စာရှိတဲ့ ပရိသတ်တွေရဲ့ စဉ်ဆက်မပြတ် အာရုံစိုက်မှုနဲ့ မျှော်လင့်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန် ရက်ပ်အဆိုတော် Cardi B နဲ့အတူ သီဆိုထားတဲ့ “Bet You Wanna” သီချင်းလည်း ထွက်လာမယ့် အယ်လ်ဘမ်ထဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

Cardi B ကတော့ အဆိုတော် Megan Thee Stallion နဲ့အတူ “WAP” ကို သီဆိုထားသူဖြစ်ပြီး အဲ့ဒီသီချင်းဟာ Billboard ရဲ့ Hot 100 စာရင်းမှာ ထိပ်ဆုံးနေရာကို အကြိမ်ပေါင်းများစွာ ရယူထားနိုင်ခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

အဖွဲ့ဝင် ၄ ဦးပါဝင်တဲ့ BLACKPINK အဖွဲ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ကို လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပြီး အဲ့ဒီနေ့ တရက်တည်းမှာပဲ “Lovesick Girls” ဆိုတဲ့ သီချင်းကို YouTube ကနေ ချပြမှာ ဖြစ်ပါတယ်။

Ref: Yonhap

You may also like these stories:

Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်

Blackpink အဖွဲ့နဲ့အတူ သီချင်း သီဆိုမယ့် Selena Gomez

အာရှရဲ့ အလှဆုံးအမျိုးသမီးအဖြစ် Blackpink အဖွဲ့ဝင် ထိုင်းနိုင်ငံသူ Lisa သတ်မှတ်ခံရ

Your Thoughts …
Tags: BLACKPINKSubscriberYouTube
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေ၊ ကျောထောက်နောက်ခံ မီဒီယာတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေရဲ့ မီဒီယာတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ အကြိမ်ကြိမ် ဖြုတ်ချခံနေရပြီး ဖျက်သိမ်းခံနေရတာပါ

ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

by ဧရာဝတီ
16 September 2022
5.7k

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြန်လည်သွတ်သွင်းဖို့အတွက် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ ဒစ်ဂျစ်တယ် အာဏာသိမ်းမှုပုံစံကို စတင်ဖော်ဆောင်လာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်

Youtube နဲ့ ဆိုရှယ် မီဒီယာတွေက ကလေးသူငယ် လိင်အကြမ်းဖက်မှု မျက်ကွယ် ပြုနေလို့ ဆို

Youtube နဲ့ ဆိုရှယ် မီဒီယာတွေက ကလေးသူငယ် လိင်အကြမ်းဖက်မှု မျက်ကွယ် ပြုနေလို့ ဆို

by ဧရာဝတီ
10 August 2025
282

eSafety ရဲ့ အကြံပေးမှုကြောင့် ဩစတြေးလျ အစိုးရဟာ Alphabet ပိုင် Google ရဲ့ Yotube ကို ဆယ်ကျော်သက်တွေ အတွက် ပိတ်ပင်မယ့် ဆိုရှယ် မီဒီယာ စာရင်းမှာ ထည့်သွင်းခဲ့တယ် လို့လည်း…

စစ်တပ်ရဲ့ ဝါဒဖြန့်အကောင့်တွေ အပိတ်ခံရ (ရုပ်/သံ)

စစ်တပ်ရဲ့ ဝါဒဖြန့်အကောင့်တွေ အပိတ်ခံရ (ရုပ်/သံ)

by ဧရာဝတီ
19 December 2025
127

စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့က ကိုင်တွယ်အသုံးပြုနေတဲ့ ဝါဒဖြန့်ချီရေးအကောင့်တွေကို Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့က ဖြုတ်ချဖယ်ရှားခဲ့တယ်လို့ Justice for Myanmar (JFM) က ဒီဇင်ဘာလ ၁၈...

--

အင်တာနက်ပိတ်ပင်မှုက နယ်စည်းမခြား ဖြစ်လာတဲ့အခါ

by ဧရာဝတီ
9 November 2022
8.3k

အင်တာနက်လုပ်ငန်းတခုလုံး၏ လုပ်ငန်းဆောင်တာပုံကို နောက်ကွယ်မှ ကြည့်ပါက အင်တာနက်သည် မြေပုံတခုနှင့် ဆင်တူသည်။

Google ၏ USM သည် ဘာသာစကား ၁၀၀ ကျော်ကို အလိုအလျောက် သိရှိသည်

Google က ဘာသာစကား ၁၀၀၀ သုံး AI တည်ဆောက်ရန် နီးစပ်လာ

by ဧရာဝတီ
9 March 2023
5.9k

ဉာဏ်ရည်တု (AI) နည်းပညာပြိုင်ပွဲတွင် မိုက်ခရိုဆော့ဖ်က အပေါ်စီးရနေခြင်းကို ပြောင်းလဲသွားစေရန် Google က လုပ်ဆောင်နေသည်။

Next Post
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ  / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့၏ အသံ

“ဆေးရောင်ခြယ် တွဲလက်တဖက်” မှာ ပါဝင် ဖျော်ဖြေကြသူများ

Facebook မှာ Live ဖျော်ဖြေရင်း အလှူခံနေတဲ့ “ဆေးရောင်ခြယ် တွဲလက်တဖက်”

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved