• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်

by မစ်ကီ
10 September 2020
in Entertainment
A A
Blackpink အဖွဲ့

Blackpink အဖွဲ့

4.8k
VIEWS
Share on FacebookShare on Twitter

Jennie, Jisoo, Lisa, နဲ့ Rosé တို့ပါဝင်ကြတဲ့ ကမ္ဘာကျော် K-pop အမျိုးသမီးအဆိုတော်အဖွဲ့ Blackpink ဟာ အထူးဗီဒီယိုတွေနဲ့ အင်တာဗျူးတွေအထိ ပါဝင်မယ့် “Light Up the Sky” မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ မှတ်တမ်းရုပ်ရှင်မှာတော့ သူတို့ရဲ့ အနုပညာခရီးလမ်းအစကနေ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Coachella ဖျော်ဖြေမှုအထိ မှတ်တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ Blackpink အဖွဲ့က “Netflix ကနေ တကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေအတွက် ကျမတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေကို မျှဝေဖို့ မစောင့်နိုင်တော့ပါဘူး။ ကြည့်ရှုသူတွေအတွက် ပျော်ရွှင်မှုနဲ့ ပေါ့ပါးမှုတို့ကို ဒီရုပ်ရှင်က ဆောင်ကျဉ်းပေးမယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်းဖြတ်သန်းခဲ့တဲ့ ကျမတို့ရဲ့ ခရီးလမ်းကို ကြည့်ရတာ ကြိုက်နှစ်သက်ကြမှာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် Netflix ဟာ သူတို့အဖွဲ့ကို ပရိုဖိုင် Icon တွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်တဲ့အကြောင်း၊ ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အကောင့်မှာ အဖွဲ့ရဲ့ပုံစံတွေကို ရွေးချယ်နိုင်တဲ့အကြောင်းလည်း ကြေညာထားပါတယ်။

“Light Up the Sky” မှတ်တမ်းရုပ်ရှင်ကိုတော့ လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ အဲ့ဒါ မတိုင်ခင်တော့ ကမ္ဘာ့စံချိန်တွေကို ချိုးနေတဲ့ Blackpink အဖွဲ့ဟာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ The Album အမည်ရှိတဲ့ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ်ကို ဖြန့်ချိမှာ ဖြစ်ပါတယ်။ အဲ့ဒီအယ်လ်ဘမ်ကို ကမ္ဘာတဝန်းကနေ မှာယူမှု ၈ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

COVID-19 ကာလမှာ အယ်လ်ဘမ်အတွက် အသံသွင်းခဲ့ရတာနဲ့ ပတ်သက်လို့ Blackpink အဖွဲ့က “အယ်လ်ဘမ်ကို ပြီးစီးအောင်လို့ အာရုံပိုစိုက်နိုင်တယ်လို့ ထင်ပါတယ်။ ပြီးတော့ အရာအားလုံး ပြီးပြည့်စုံပြီး ပရိသတ်တွေအတွက် ကျမတို့ ပေးနိုင်တဲ့ အကောင်းဆုံးအရာကို ဖန်တီးပေးနိုင်ခဲ့ပါတယ်”

“ပြီးတော့ ဒီအယ်လ်ဘမ်ဟာ အိမ်မှာ ပိတ်မိနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အားလုံးအတွက် အလင်းရောင်နဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။ အဲ့ဒီ အယ်လ်ဘမ်က သူတို့တွေကို ခွန်အားပေးနိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

၄ နှစ်တာကာလအတွင်းမှာ Blackpink အဖွဲ့ဟာ “Sour Candy” သီချင်းမှာ လေဒီဂါဂါ၊ “Kiss and Make Up” သီချင်းမှာ Dua Lipa ၊ “Ice Cream” သီချင်းမှာ Selena Gomez တို့နဲ့အတူ ပူးတွဲသီဆိုမှုတွေ ရှိခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

Blackpink အဖွဲ့နဲ့အတူ သီချင်း သီဆိုမယ့် Selena Gomez

Blackpink အဖွဲ့ကို အေဂျင်စီက အယ်လ်ဘမ်အသစ် ထုတ်မပေးလို့ ပရိသတ်တွေ ဒေါသထွက်နေ

 

Your Thoughts …
Tags: BLACKPINKK-PopNetflix
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

"The Naked Director" စီးရီး

ဂျပန် အပြာရုပ်ရှင် လုပ်ငန်းအကြောင်း မြင်တွေ့ရမယ့် “The Naked Director” စီးရီး

by မစ်ကီ
29 July 2019
17.7k

အဲ့ဒီစီးရီးမှာဆိုရင် ဂျပန်နိုင်ငံရဲ့ အပြာရုပ်ရှင်လုပ်ငန်း ဘယ်လို စတင်ပေါ်ပေါက်ပြီး နေရာတခုမှာ အောင်မြင်နေခဲ့တယ်ဆိုတာကို အနီးအဝေး အမြင်တွေနဲ့အတူ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

by Nathan Patra
31 May 2024
1.7k

ကျနော်တို့ရဲ့ ရည်မှန်းချက်က လူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေကို မေးခွန်းထုတ်စေဖို့ပဲ။

K-pop၊ စာပေနိုဘယ်ဆုနှင့် တောင်ကိုရီးယား အာဏာရှင်များ

K-pop၊ စာပေနိုဘယ်ဆုနှင့် တောင်ကိုရီးယား အာဏာရှင်များ

by Justin McCurry နှင့် Raphael Rashid
14 December 2024
769

“သမ္မတရဲ့ဆင်ခြင်တုံတရားမဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ စီးပွားရေးထိခိုက်နစ်နာမှု အကြီးအကျယ်ဖြစ်စေပြီး ပြည်တွင်းပြည်ပက အမျိုးသားပုံရိပ်ကို ထိခိုက်စေတယ်”

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

by ဧရာဝတီ
2 March 2025
482

တင်သွင်းထားတဲ့ ဥပဒေပြောင်းလဲမှုတွေဟာ AI ဖန်တီးသူတွေ အနေနဲ့ ဥပဒေ ခွင့်ပြုချက်ရရင် ဘယ်လို အကြောင်း အရာကို မဆို AI လေ့ကျင့်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပြီး မူရင်း ဖန်တီးရှင်တွေဟာ တားဆီးပိုင်ခွင့် မရှိတော့ဘူးလို့ ဆိုပါတယ်။

"Delhi Crime" စီးရီး

အိန္ဒိယရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Delhi Crime” စီးရီး Netflix တွင် ပြပြီ

by မစ်ကီ
25 March 2019
14.9k

အပိုင်း ၇ ပိုင်းပါဝင်တဲ့ အဲဒီ စီးရီးကိုတော့ ဒေလီမြို့ရဲ့ ပုံမှန် ဆောင်းရာသီ မနက်ခင်းရဲ့ ပြကွက်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန်ကင်းလှည့်မှုတွေနဲ့ စတင်ထားပါတယ်။

စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာတော့ အဲ့ဒီစစ်သား ၃ ဦးဟာ တောင်ကိုရီးယားအကမှန်း မသိခဲ့ကြောင်း ဝန်ခံထားပါတယ်။

BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ

by မစ်ကီ
13 August 2020
5.4k

အဲ့ဒီဖြစ်ရပ်ဟာ သြဂုတ်လ ၅ ရက်နေ့ တောင်ပိုင်း Hamgyong ပြည်နယ်က Sokhu ဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Next Post
“The Walking Dead” စီးရီး

“Walking Dead” စီးရီးကို ၂၀၂၂ ခုနှစ်တွင် အဆုံးသတ်မည်

ထိုင်ဝမ် သမ္မတ ဆိုင်းအင်ဝမ်

“ရန်လိုသောလုပ်ရပ်များ" ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရန် ထိုင်ဝမ်သမ္မတ တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved