• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

BTS အဖွဲ့ရဲ့ အွန်လိုင်းဖျော်ဖြေပွဲကို ကမ္ဘာတဝန်းမှ ပရိသတ် သန်း ၁၀၀ ကျော် ကြည့်ရှုခဲ့

by မစ်ကီ
12 October 2020
in Entertainment
A A
ကမ္ဘာကျော် BTS အဖွဲ့

ကမ္ဘာကျော် BTS အဖွဲ့

42.2k
VIEWS
Share on FacebookShare on Twitter

နာမည်ကျော် K-pop အဖွဲ့ဖြစ်တဲ့ BTS ရဲ့ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ BTS အွန်လိုင်းဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြပြီး အဖွဲ့ရဲ့ အထိမ်းအမှတ် အလင်းချောင်းတွေကို ကိုင်ဆောင်ကာ စကားပြောခန်းအတွင်းမှာလည်း သတင်းစကားတွေကို မျှဝေခဲ့ကြပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ တင်းကျပ်တဲ့ Social distancing တားမြစ်ချက်တွေကြောင့် ပရိသတ်အရေအတွက်ကို အကန့်အသတ်ထားပြီး ပြုလုပ်မယ့် ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရပြီးတဲ့နောက် အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ သူတို့အဖွဲ့ရဲ့ “Map of The Soul ON:E” ဆိုတဲ့ အွန်လိုင်းဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဖွဲ့ကတော့ စီစဉ်ထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ BTS ရဲ့ နောက်ဆုံးအောင်မြင်မှုကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး အင်္ဂလိပ်သီချင်း “Dynamite” ဖြစ်ပြီး Billboard Hot 100 ဇယားမှာလည်း ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်။

အဖွဲ့ဝင် V က “ခင်ဗျားတို့ ဒီမှာမရှိပေမယ့် ခင်ဗျားတို့ရဲ့ အော်ဟစ်သံတွေကို ကြားနိုင်တဲ့အတွက် ဒီမှာရှိနေသလို ခံစားရပါတယ်။ နောက်တကြိမ်ကျရင်တော့ အတူတူ ရှိကြပါစို့” လို့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကစလို့ ပွဲဦးထွက်ခဲ့တဲ့ BTS အဖွဲ့ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ K-pop ပရိသတ်တွေကို လှုပ်ခါခဲ့ပြီး လူငယ်တွေကို ခွန်အားပေးဖို့ ရည်ရွယ်ထားတဲ့ ဆိုရှယ်ကမ်ပိန်းတွေနဲ့ သီချင်းစာသားတွေ အပါအဝင် ဂီတ၊ အကတို့နဲ့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့ပါတယ်။

BTS အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့ ပထမဆုံး အခပေးအွန်လိုင်း ဖျော်ဖြေပွဲမှာလည်း နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ ပရိသတ် ၇ သိန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး လူကြည့်အများဆုံး တိုက်ရိုက်ထုတ်လွှင့် ဖျော်ဖြေမှုအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူတို့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီဖြစ်တဲ့ Bit Hit အင်တာတိန်းမန့်ကတော့ အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်အရေအတွက် မထုတ်ပြန်သေးပေမယ့် ဖျော်ဖြေနေချိန် အားပေးတဲ့ အချက်ပြ ကလစ် နှိပ်ကြတဲ့ အရေအတွက်ဟာ ၁၁၄ သန်းကျော် ရှိခဲ့တာကို တွေ့ရပါတယ်။

အဖွဲ့ဖျော်ဖြေနေချိန်မှာလည်း အနောက်ဘက်နံရံမှာလည်း ကမ္ဘာတဝန်းမှာရှိကြတဲ့ ထောင်နဲ့ ချီတဲ့ ပရိသတ်တွေကိုလည်း မြင်တွေ့ရပြီး “army bombs” လို့ သိကြတဲ့ အလင်းချောင်းတွေကိုလည်း ဝှေ့ယမ်းခဲ့ကြပါတယ်။ ပရိသတ်တွေအနေနဲ့ မှတ်ချက်တွေ ပေးနိုင်ဖို့ စကားပြောခန်းတခုကိုလည်း ဖွင့်လှစ်ထားခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

ဆိုးလ်မြို့မှာတော့ BTS အဖွဲ့ရဲ့ ပုံရိပ်တွေလွှမ်းခြုံထားတဲ့ ကဖေးတခုမှာ Mask တွေတပ်ထားပြီး တယောက်နဲ့ တယောက် ခပ်ခွာခွာနေကြတဲ့ ပရိသတ်အဖွဲ့တချို့ဟာ ဖျော်ဖြေပွဲကို အတူတူ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ဖျော်ဖြေပွဲကြည့်ပြီးတဲ့နောက် မျက်ရည်ကျခဲ့ရတဲ့ အသက် ၄၀ အရွယ် An Ji-won ဆိုသူက “သူတို့ရဲ့ သီချင်းတွေက ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ နှစ်သိမ့်မှုပေးနိုင်ပြီး ကျမကို ပရိသတ်တယောက် ဖြစ်လာစေခဲ့ပါတယ်။ အရာအားလုံး အဆင်ပြေသွားမယ်လို့ ပြောဖို့နဲ့ အားပေးဖို့ သူတို့ သီချင်းဆိုကြတာပါ။ ဒါ့ကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေက သူတို့ကို ချစ်တာလို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

Ref: asiaone

You may also like these stories:

WHO က စီစဉ်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ပါဝင်ခဲ့တဲ့ SuperM

“BTS အဖွဲ့ကို သဘောကျတယ်”လို့ John Cena ပြော

၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမယ့် BTS အဖွဲ့

Your Thoughts …
Tags: BTSအွန်လိုင်းဖျော်ဖြေပွဲ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာတော့ အဲ့ဒီစစ်သား ၃ ဦးဟာ တောင်ကိုရီးယားအကမှန်း မသိခဲ့ကြောင်း ဝန်ခံထားပါတယ်။

BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ

by မစ်ကီ
13 August 2020
5.4k

အဲ့ဒီဖြစ်ရပ်ဟာ သြဂုတ်လ ၅ ရက်နေ့ တောင်ပိုင်း Hamgyong ပြည်နယ်က Sokhu ဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ BTS

BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ

by မစ်ကီ
7 September 2020
12k

တည်ဆဲဥပဒေအရ မာစတာတန်း တက်ရောက်နေတဲ့ ကျောင်းသားတွေအနေနဲ့ အသက် ၂၉ နှစ်အတိုင်ခင် စစ်မှုထမ်းတာဝန် ထမ်းဆောင်ခွင့်ကို ရွှေ့ဆိုင်းခွင့် ရှိပါတယ်။

တောင်ကိုရီးယားမှာ နိုင်ငံတကာဆုရ အားကစားသမားတွေနဲ့ ဂန္တဝင်အနုပညာရှင်တွေအတွက် စစ်မှုထမ်း ကင်းလွတ်ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေကို ပေးလေ့ ရှိပါတယ်။

K-pop အနုပညာရှင်များ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့်ကို နိုင်ငံသား ၆၀ ရာခိုင်နှုန်း ထောက်ခံ

by မစ်ကီ
15 October 2020
7.7k

အဲ့ဒီ စစ်တမ်းကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး TBS ရေဒီယို ချန်နယ်ကနေ ကမကထ ပြုခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အဆိုတော်အဖွဲ့ BTS

Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့

by မစ်ကီ
1 September 2020
4.6k

သူတို့ အဖွဲ့ရဲ့ သီချင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တဲ့ Cardi B နဲ့ ပူးတွဲအဆိုတော် Megan Thee Stallion တို့ရဲ့ "WAP" ကို ဖယ်ရှားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော် BTS အဖွဲ့

K-pop အနုပညာရှင်များ စစ်မှုထမ်းဆောင်ခွင့် ရွှေ့ဆိုင်းနိုင်မယ့် ဥပဒေ အတည်ပြု

by မစ်ကီ
3 December 2020
2.6k

စစ်မှုထမ်း အပ်ဥပဒေ ပြင်ဆင်ချက်ထဲမှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်ပေးတဲ့ K-pop မီဂါစတားတွေအတွက် ချွင်းချက်ကို ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS

ဂရမ်မီ ဆန်ခါတင် ဆုစာရင်းမှာ ပါဝင်ခဲ့တဲ့ BTS အဖွဲ့

by မစ်ကီ
25 November 2020
4.4k

အခု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ "Dynamite" သီချင်းဟာ ထွက်ရှိပြီး မကြာမီမှာပဲ Billboard ရဲ့ Hot 100 သီချင်းစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

Next Post
ရပါလို၏ အရှင်ဘုရား

ရပါလို၏ အရှင်ဘုရား

Project K အဖွဲ့  /  Project K's Facebook Page

အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ Project K အဖွဲ့မှ တောင်းပန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved