• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

K-pop အနုပညာရှင်များ စစ်မှုထမ်းဆောင်ခွင့် ရွှေ့ဆိုင်းနိုင်မယ့် ဥပဒေ အတည်ပြု

by မစ်ကီ
3 December 2020
in Entertainment
A A
ကမ္ဘာကျော် BTS အဖွဲ့

ကမ္ဘာကျော် BTS အဖွဲ့

2.6k
VIEWS
Share on FacebookShare on Twitter

BTS အဖွဲ့လိုမျိုး ကမ္ဘာသိ K-pop အနုပညာရှင်တွေအတွက် သူတို့ရဲ့ အသက် ၃၀ အထိ စစ်မှုထမ်းဆောင်ခွင့် ရွှေ့ဆိုင်းမှုကို ခွင့်ပြုပေမယ့် ဥပဒေမူကြမ်းကို တောင်ကိုရီးယား ပါလီမန်က ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ အတည်ပြုလိုက်ပါတယ်။

တောင်ကိုရီးယားမှာ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းတဲ့ အသက် ၁၈ နှစ်နဲ့ ၂၈ နှစ်ကြား အမျိုးသားတွေဟာ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့အတွက် ကြိုးပမ်းချက် တစိတ်တပိုင်းအနေနဲ့ အချိန် ၂ နှစ်နီးပါးကြာ စစ်မှုထမ်းဆောင်ရမှာလည်း ဖြစ်ပါတယ်။

စစ်မှုထမ်း အပ်ဥပဒေ ပြင်ဆင်ချက်ထဲမှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်ပေးတဲ့ K-pop မီဂါစတားတွေအတွက် ချွင်းချက်ကို ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ကျောင်းသားတွေဟာ အသက် ၂၈ နှစ်ပြည့်တဲ့အထိ သူတို့ရဲ့ သင်ကြားရေးတာဝန်များကို ထမ်းဆောင်ခွင့် ရရှိထားပြီး တော့တင်ဟမ်ဟော့စပါးအသင်း ရှေ့တန်းကစားသမား Son Heung-min အပါအဝင် အာရှအားကစား ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုရသူတွေ၊ အိုလံပစ်ဆုရတဲ့ အားကစားသမားတွေနဲ့ နာမည်ကျော်ဂန္တဝင် ဂီတပညာရှင်တွေအနေနဲ့ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့် ရထားပါတယ်။

K-pop စတားတွေအနေနဲ့ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘဲ ဥပဒေမူကြမ်းအရ ယဉ်ကျေးမှုဝန်ကြီးက ထောက်ခံပေးထားတဲ့ ဖျော်ဖြေရေးသမားတွေဟာ အသဝက် ၃၀ အထိ စစ်မှုထမ်းဆောင်ခွင့်ကို ရွှေ့ဆိုင်းနိုင်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ BTS ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Jin ဟာ မကြာမီ စစ်မှုထမ်းရတော့မယ့် အနေအထားမှာ ရောက်နေခဲ့ပြီး သူတို့အဖွဲ့ဟာ K-pop သမိုင်းကို ပြောင်းလဲနေကြပါတယ်။

၂၀၁၃ ခုနှစ်မှာ စတင်ပွဲဦးထွက်လာခဲ့တဲ့ BTS အဖွဲ့ဟာ လူငယ်တွေကို စိတ်ဓာတ် ခွန်အားပေးဖို့ ရည်ရွယ်တဲ့ ဆိုရှယ်ကမ်ပိန်းတွေ၊ စာသားတွေ ပါဝင်တဲ့ သီချင်းတွေနဲ့ K-pop လောကကို ကိုင်လှုပ်ခဲ့ပါတယ်။ မကြာသေးခင်တုန်းကလည်း “Dynamite” သီချင်းနဲ့ အမေရိကန် Billboard ဇယားမှာ နံပါတ် ၁ နေရာကို ရောက်က်ခဲ့တဲ့အပြင် K-pop အဖွဲ့တခုအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ဂရမ်မီဆုကြီးတခုမှာလည်း ဆန်ခါတင်စာရင်း ဝင်ထားပါတယ်။

ဥပဒေမူကြမ်းကို ရေးသားခဲ့သူ ဂျောင်ယုံဂီက “ပေါ့ပ်အနုပညာရှင်တွေဟာ သူတို့အသက် ၂၀ ကျော်အရွယ်မှာ သူတို့ရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေကို ဖန်တီးချင်ကြပါတယ်။ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ စစ်မှုထမ်းဆောင်ဖို့ကို ရွှေ့ဆိုင်းရေးအတွက် ဘွဲ့ယူမယ့် အစီအစဉ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

BTS အဖွဲ့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီ Big Hit အင်တာတိန်းမန့်ကတော့ အခုလိုမျိုး ဥပဒေပြုရေးဆိုင်ရာ ပြောင်းလဲမှုနဲ့ ပတ်သက်လို့ မှတ်ချက် တစုံတရာပေး တုံ့ပြန်တာမျိုး မရှိခဲ့ပေမယ့် Jin နဲ့ တခြားအဖွဲ့ဝင်တွေကတော့ သူတို့ဟာ လိုအပ်မယ်ဆိုရင် တာဝန်တွေကို ထမ်းဆောင်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်မှုထမ်းစနစ်ဟာ တောင်ကိုရီးယားမှာ အငြင်းပွားဖွယ် ကိစ္စအဖြစ် ဆက်ရှိနေပါတယ်။ ဒေသတွင်းသတင်းမီဒီယာ E-Today ကနေ ပြီးခဲ့တဲ့ လမှာ ထုတ်ပြန်လိုက်တဲ့ လူထုစစ်တမ်းအရ ဝင်ရောက်ဖြေဆိုသူ ၅၃ ရာခိုင်နှုန်းဟာ BTS အဖွဲ့အတွက် အထူးခွင့်ပြုချက်ပေးဖို့ ထောက်ခံကြပြီး ၄၇ ရာခိုင်နှုန်းကတော့ ကန့်ကွက်ခဲ့ပါတယ်။

Ref: Reuters

You may also like these stories:

ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်မယ့် “20 Years of Examplez Live Show”

ဇာတ်ကောင်အသစ်အတွက် ကိုယ်အလေးချိန် အလျင်အမြန် ချခဲ့ရတဲ့ Huang Xiaoming

အတိတ်နှင့် အနာဂတ်ကြားမှ ဖုန်းခေါ်သံ (သို့မဟုတ်) “The Call” ရုပ်ရှင်

Your Thoughts …
Tags: BTSK-Popစစ်မှုထမ်းတောင်ကိုရီးယားဥပဒေ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
10k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

by ဧရာဝတီ
19 July 2025
7.6k

တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးတွင် ငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံအတွင်း လှူဒါန်းငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့သူ သံရုံးဝန်ထမ်း မနှင်းဦးလှိုင်ကို နေပြည်တော်၌ ဖမ်းဆီးထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22.1k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

Next Post
တော်ဝင်မင်းသား ဟယ်ရီ

COVID-19 ဟာ သဘာဝရဲ့ဒဏ်ခတ်မှု ဖြစ်တယ်လို့ တော်ဝင်မင်းသား ဟယ်ရီ ပြော

Pfizer နဲ့ BioNTech က ထုတ်မယ့် ကာကွယ်ဆေးကို အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်သွားမယ်လို့ EMA က ပြောဆိုထားတာပါ။

ယူကေရဲ့ ကာကွယ်ဆေး ခွင့်ပြုချက်ဟာ အလျင်စလိုနိုင်တယ်လို့ ဝေဖန်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved