Entertainment

Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့

Want create site? Find Free WordPress Themes and plugins.

K-pop အဖွဲ့တဖွဲ့ ဖြစ်တဲ့ BTS ဟာ သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Billboard ရဲ့ Single Chart မှာ အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ “Dynamite” သီချင်းနဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယားအဖွဲ့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ MTV Video Music Awards ဆုပေးပွဲမှာ အမေရိကန်အဆိုတော်တွေ ဖြစ်ကြတဲ့ လေဒီဂါဂါ၊ အရီနာဂရန်ဒီနဲ့ တေလာဆွစ်ဖ်တို့ကို ကျော်တက်ပြီး BTS အဖွဲ့ဟာ အကောင်းဆုံးပေါ့ပ်ဆုကို ရရှိခဲ့ပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာပဲ သူတို့ အဖွဲ့ရဲ့ ကမ္ဘာတဝန်းလွှမ်းမိုးနိုင်မှုကို မှတ်တမ်းတင်နိုင်မယ့် သမိုင်းမှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ BTS အဖွဲ့ပထမဆုံး သီဆိုထားတဲ့ “Dynamite” သီချင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး တပတ်အတွင်းမှာ ယူနစ်ပေါင်း ၃ သိန်း ရောင်းချခဲ့ရကာ အမေရိကန်နိုင်ငံအတွင်းမှာလည်း Streaming ပြုလုပ်တဲ့အကြိမ်ရေ ၃၃ ဒဿမ ၉ သန်း ရှိခဲ့ပါတယ်။

သူတို့ အဖွဲ့ရဲ့ သီချင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တဲ့ Cardi B နဲ့ ပူးတွဲအဆိုတော် Megan Thee Stallion တို့ရဲ့ “WAP” ကို ဖယ်ရှားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကတော့ “On” သီချင်းနဲ့ Billboard Hot 100 စာရင်းမှာ နံပါတ် ၄ နေရာအထိ ရောက်ရှိခဲ့ပြီးနောက် အခုလိုမျိုး အောင်မြင်မှု ထပ်မံ ရရှိလာတာလည်း ဖြစ်ပါတယ်။

BTS ရဲ့ အယ်လ်ဘမ် ၃ ချပ်ဟာ Billboard ရဲ့ အယ်လ်ဘမ်ဇယားတွေမှာ နံပါတ် ၁ နေရာ ရယူခဲ့ဖူးပေမယ့် Hot 100 စာရင်းမှာ ပထမရတာကတော့ ဒါပထမဆုံးလည်း ဖြစ်ပါတယ်။

Billboard ရဲ့ သီချင်းအမျိုးအစား အားလုံး ပါဝင်တဲ့ Hot 100 စာရင်းကတော့ အမေရိကန်နိုင်ငံအတွင်းမှ Streaming ၊ ရေဒီယိုထုတ်လွှင့်မှု၊ ဒစ်ဂျစ်တယ်ရောင်းအား အချက်အလက်တွေကနေ အမှတ်ရယူ တွက်ချက်ထားတာ ဖြစ်ပါတယ်။ BTS အဖွဲ့ဟာ အဲ့ဒီဇယားကို ထိပ်ဆုံး ရယူနိုင်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်တွေ ဖြစ်တဲ့ J-Hope, Jimin, Jin, Jungkook, RM, Suga နဲ့ V တို့အားလုံးဟာ တောင်ကိုရီးယားနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

တောင်ကိုရီးယား တကိုယ်တော်အနုပညာရှင် PSY ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဆောင်းဦးကာလမှာ သီတင်း ၇ ပတ်ဆက်တိုက် “Gangnam Style” သီချင်းနဲ့ နံပါတ် ၂ နေရာအထိ ရောက်ခဲ့ဖူးပါတယ်။

အဲ့ဒီဇယားမှာ အာရှကနေ ပထမဆုံး ထိပ်ဆုံး ရောက်ခဲ့ဖူးသူကတော့ ဂျပန်နိုင်ငံဖွား အဆိုတော် Kyu Sakamoto ဖြစ်ပြီး သူ့ရဲ့ “Sukiyaki” သီချင်းဟာ ၁၉၆၃ ခုနှစ်မှာ သီတင်း ၃ ပတ်ကြာ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

K-pop ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အအောင်မြင်ဆုံး ယဉ်ကျေးမှု ထုတ်ကုန်တခု ဖြစ်လာခဲ့ပြီး “Korean Wave” (ကိုရီးယားရေလှိုင်း) ဟာ အာရှတခွင်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကာလကတည်းက ဖုံးလွှမ်းထားခဲ့ပြီး ဖြစ်ပါတယ်။ K-pop အနုပညာလုပ်ငန်းဟာ တန်ကြေးဒေါ်လာ ၅ ဘီလီယံ ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: thejakartapost

You may also like these stories:

မင်းသား ပတ်ဘိုဂွန်း ရေတပ်မှာ စစ်မှုတာဝန် ထမ်းဆောင်ပြီ

MTV ဆုပေးပွဲမှာ Mask တွေ ဖက်ရှင်ကျကျ ဝတ်ဆင်ခဲ့တဲ့ လေဒီဂါဂါ

ပထမရက်မှာတင် ကြည့်ရှုနှုန်း စံချိန်တင်ခဲ့တဲ့ ကိုရီးယား စီးရီး “Alice”

Did you find apk for android? You can find new Free Android Games and apps.
Loading