Entertainment

မင်းသား ပတ်ဘိုဂွန်း ရေတပ်မှာ စစ်မှုတာဝန် ထမ်းဆောင်ပြီ

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားမင်းသား၊ အဆိုတော် ပတ်ဘိုဂွန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကစလို့ ကိုရီးယားရေတပ်မှာ စစ်မှု တာဝန်တွေကို တရားဝင် ထမ်းဆောင်ပြီလို့ သိရပါတယ်။ The Korea Herald သတင်းရဲ့အဆိုအရ အသက် ၂၇ နှစ်အရွယ် မင်းသား ပတ်ဟာ  ပြီးခဲ့တဲ့မေလတုန်းက ရေတပ်ရဲ့ ကင်းလှည့်ဌာနခွဲတခုမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

လုပ်ဆောင်မှု စမ်းသပ်ချက်နဲ့ လူတွေ့ မေးမြန်းမှုကို ဖြတ်ကျော်နိုင်ခဲ့ပြီးတဲ့နောက် မင်းသား ပတ်ဟာ စန္ဒရားအထူးပြု အဖွဲ့ဝင်တဦးအဖြစ် အရည်အချင်း ပြည့်မီကြောင်း သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

မင်းသားဟာ အခြေခံစစ်ရေးလေ့ကျင့်မှုအတွက် တောင်ပိုင်း ဂျောင်ဆန်းပြည်နယ်၊ ချန်းဝမ်မြို့က ရေတပ် ပညာရေးနဲ့ လေ့ကျင့်ရေး ကွပ်ကဲမှုဌာနမှာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားပြီး အဲ့ဒီနောက်မှာတော့ Gyeryong မြို့မှာရှိတဲ့ ရေတပ်ဌာနချုပ်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာတော့ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးမှာ ဖြစ်ပါတယ်။

မင်းသားရဲ့ ပရိသတ်တွေကတော့ သူ့ကို နှုတ်ဆက်တဲ့အကြောင်း အွန်လိုင်းပေါ်မှာ ပြောဆိုနေကြပြီး စစ်မှုတာဝန် စတင်ထမ်းဆောင်ပြီဖြစ်တဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ကြပါတယ်။ Twitter မှ ပရိသတ်တွေ ကလည်း မင်းသားကို အမြဲသတိရနေမယ့် အကြောင်းနဲ့ ကျန်းမာပါစေကြောင်း ပြောဆိုခဲ့ကြပါတယ်။

မင်းသားနဲ့အတူ “Reply 1988” စီးရီးမှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသား Lee Dong-hwi ဟာလည်း နောက်တကြိမ် ပြန်ဆုံကြမယ့်အကြောင်း Instagram မှာ တင်ခဲ့တာကို တွေ့ရပါတယ်။

မင်းသား ပတ်ဟာ “Hello Monster”၊ “Reply 1988” နဲ့ “Encounter” တို့လို နာမည်ကျော် စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ မင်းသားကို “Reply 1988” ထဲက ဇာတ်ကောင် Choi Taek အဖြစ် လူသိများကြပါတယ်။ မင်းသားဟာ စစ်မှုမထမ်းခင် “All My Love”  ဆိုတဲ့ သီချင်းကိုလည်း ဖြန့်ချိခဲ့ပါတယ်။

ဒါ့အပြင် “Record of Youth”, “Seo Bok” နဲ့  “Wonderland” စတဲ့ ရုပ်ရှင်နဲ့ စီးရီးတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။ မင်းသား ပတ်ဘိုဂွန်း၊ မင်းသား ဗြောင်ဝူဆော့နဲ့ မင်းသမီး ပတ်ဆောဒန်တို့ ပါဝင်ထားကြတဲ့ “Record of Youth” စီးရီးကို စက်တင်ဘာလ ၇ ရက်နေ့မှာ Netflix ကနေ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading