• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဂရမ်မီ ဆန်ခါတင် ဆုစာရင်းမှာ ပါဝင်ခဲ့တဲ့ BTS အဖွဲ့

by မစ်ကီ
25 November 2020
in Entertainment
A A
တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS

4.4k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ အကောင်းဆုံး ပေါ့ပ် နှစ်ယောက်တွဲ/အဖွဲလိုက် ဖျော်ဖြေတင်ဆက်မှုဆုအတွက် ဂရမ်မီဆုစာရင်းမှာ လျာထားခံခဲ့ရပြီး အခုလိုမျိုး ကမ္ဘာကျော် အမေရိကန်ဂီတဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပထမဆုံးပါဝင်ခဲ့တဲ့ တောင်ကိုရီးယားပေါ့ပ်အနုပညာရှင် ဖြစ်လာတယ်လို့် သိရပါတယ်။

BTS အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Single သီချင်း “Dynamite” နဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ လျာထားခံရတဲ့ ဆုစာရင်းမှာ ပါဝင်ကြတာတွေကတော့ Justin Bieber နဲ့ Quavo တို့ရဲ့ “Intentions” ၊ Lady Gaga နဲ့ Ariana Grande တို့ရဲ့ “Rain On Me” သီချင်း၊ Taylor Swift နဲ့ Bon Iver တို့ရဲ့ “Exile” သီချင်းတို့လည်း ပါဝင်ကြပါတယ်။

အခုလိုမျိုး ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ခြင်းက ၂၀၁၃ ခုနှစ်မှာ သူတို့အဖွဲ့ ပွဲဦးထွက်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့နာမည်အကျော်ကြားဆုံး အမျိုးသားအဆိုတော်အဖွဲ့ တဖွဲ့ ဖြစ်လာခဲ့တဲ့ BTS အတွက် နောက်ထပ် ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။

“BE” ဆိုတဲ့ အယ်လ်ဘမ်အသစ်ကို ဖြန့်ချိတဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ခေါင်းဆောင် RM က ဂရမ်မီဟာ သူ့ရဲ့ လေ့ကျင့်သူအဖြစ် ဖြတ်သန်းခဲ့ရတဲ့ နေရက်တွေမှာ အဖွဲ့အတွက် ကာလရှည် မက်ခဲ့ရတဲ့ အိပ်မက်ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

၂၀၁၉ ခုနှစ်မှာ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ နှစ်စဉ် ကျင်းပနေကျ အဲ့ဒီဆုပေးပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့ကြပြီးတဲ့နောက် သူတို့ရဲ့ အိပ်မက်ပြည့်မြောက်ဖို့ နီးစပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ အဖွဲ့ထဲက Rap အဆိုတော်တွေဟာ အမေရိကန်အဆိုတော် Lil Nas X နဲ့အတူ “Seoul Town Road” သီချင်းထဲက စာသားတွေနဲ့အတူ “Old Town Road” သီချင်းကို ဖျော်ဖြေခဲ့ပါသေးတယ်။

အဲ့ဒီတုန်းကတော့ အဖွဲ့ရဲ့ “Love Yourself: Tear” အယ်လ်ဘမ်ဟာ အကောင်းဆုံး အသံသွင်းယူမှု ဆုအတွက် လျာထားခံခဲ့ရဖူးပေမယ့် အခုတော့ သူတို့ရဲ့ သီချင်းတပုဒ်အတွက် ဆုလျာထားစာရင်းမှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

အခု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ “Dynamite” သီချင်းဟာ ထွက်ရှိပြီး မကြာမီမှာပဲ Billboard ရဲ့ Hot 100 သီချင်းစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ တကယ်လို့သာ အဖွဲ့အနေနဲ့ ဂရမ်မီဆုကို ရရှိခဲ့မယ်ဆိုရင်တော့ BTS အဖွဲ့ဟာ Billboard Music Awards နဲ့ American Music Awards တို့အပါအဝင် အမေရိကန် ဂီတဆုပေးပွဲကြီး ၃ ခုလုံးမှာ ဆုရရှိခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယားအနုပညာရှင် ဖြစ်လာမှာပါ။

Ref: Yonhap

You may also like these stories:

“မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား လာအို ရုပ်ရှင်ပွဲတော်မှာ ပြသရန် ရွေးချယ်ခံရ

“Jaws” ရုပ်ရှင်ထဲက ငါးမန်းကြီးကို အကယ်ဒမီ ပြတိုက်မှာ အနီးကပ် ကြည့်နိုင်တော့မည်

ဘောလုံးသမားဘဝထက် ဗီဒီယိုဂိမ်း ကစားသမားဘဝမှာ ငွေပိုဝင်နေတဲ့ ဒေးဗစ်ဘက်ခမ်း

Your Thoughts …
Tags: BillboardBTSDynamiteဂရမ်မီဆန်ခါတင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဂျပန် ကာတွန်းရုပ်ရှင် “Demon Slayer”

ဂျပန် ကာတွန်းရုပ်ရှင် “Demon Slayer” ကို အော်စကာဆု ရွေးချယ်ရေးအတွက် တင်သွင်း

by မစ်ကီ
26 January 2021
3.2k

တကယ်လို့သာ ဆန်ခါတင်စာရင်း ဝင်ခဲ့မယ်ဆိုရင်တော့ “Demon Slayer” ရုပ်ရှင်ဟာ ၂ နှစ်အတွင်း ဆန်ခါတင်ဆု တဆု ဝင်ခဲ့တဲ့ ဆဋ္ဌမမြောက် အန်နီမေးရှင်းရုပ်ရှင် ဖြစ်လာမှာပါ။

စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာတော့ အဲ့ဒီစစ်သား ၃ ဦးဟာ တောင်ကိုရီးယားအကမှန်း မသိခဲ့ကြောင်း ဝန်ခံထားပါတယ်။

BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ

by မစ်ကီ
13 August 2020
5.4k

အဲ့ဒီဖြစ်ရပ်ဟာ သြဂုတ်လ ၅ ရက်နေ့ တောင်ပိုင်း Hamgyong ပြည်နယ်က Sokhu ဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ BTS

BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ

by မစ်ကီ
7 September 2020
12k

တည်ဆဲဥပဒေအရ မာစတာတန်း တက်ရောက်နေတဲ့ ကျောင်းသားတွေအနေနဲ့ အသက် ၂၉ နှစ်အတိုင်ခင် စစ်မှုထမ်းတာဝန် ထမ်းဆောင်ခွင့်ကို ရွှေ့ဆိုင်းခွင့် ရှိပါတယ်။

တောင်ကိုရီးယားမှာ နိုင်ငံတကာဆုရ အားကစားသမားတွေနဲ့ ဂန္တဝင်အနုပညာရှင်တွေအတွက် စစ်မှုထမ်း ကင်းလွတ်ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေကို ပေးလေ့ ရှိပါတယ်။

K-pop အနုပညာရှင်များ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့်ကို နိုင်ငံသား ၆၀ ရာခိုင်နှုန်း ထောက်ခံ

by မစ်ကီ
15 October 2020
7.7k

အဲ့ဒီ စစ်တမ်းကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး TBS ရေဒီယို ချန်နယ်ကနေ ကမကထ ပြုခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အဆိုတော်အဖွဲ့ BTS

Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့

by မစ်ကီ
1 September 2020
4.6k

သူတို့ အဖွဲ့ရဲ့ သီချင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တဲ့ Cardi B နဲ့ ပူးတွဲအဆိုတော် Megan Thee Stallion တို့ရဲ့ "WAP" ကို ဖယ်ရှားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော် BTS အဖွဲ့

K-pop အနုပညာရှင်များ စစ်မှုထမ်းဆောင်ခွင့် ရွှေ့ဆိုင်းနိုင်မယ့် ဥပဒေ အတည်ပြု

by မစ်ကီ
3 December 2020
2.6k

စစ်မှုထမ်း အပ်ဥပဒေ ပြင်ဆင်ချက်ထဲမှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်ပေးတဲ့ K-pop မီဂါစတားတွေအတွက် ချွင်းချက်ကို ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

Next Post
မင်းသား မိုက်ကယ်ဘီဂျော်ဒန်

ပရဟိတကိစ္စအတွက် အပြာဝက်ဘ်ဆိုက်ထဲ ရောက်လာတဲ့ မိုက်ကယ်ဘီဂျော်ဒန်

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း တခု / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved