• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တရုတ်အစိုးရကို စော်ကားသည်ဟုဆိုကာ Running Man အစီအစဉ် သပိတ်မှောက်ခံရ

by မစ်ကီ
10 December 2020
in Entertainment
A A
"Running Man" အစီအစဉ်

"Running Man" အစီအစဉ်

6.1k
VIEWS
Share on FacebookShare on Twitter

တရုတ် အင်တာနက် အသုံးပြုသူတွေဟာ သူတို့နိုင်ငံကို တောင်ကိုရီးယား ရုပ်သံအစီအစဉ် “Running Man” က စော်ကားခဲ့မှုအတွက် သပိတ်မှောက်ကြဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ နှစ်နိုင်ငံကြားမှ အဲ့ဒီအငြင်းပွားဖွယ် ကိစ္စဟာ နာမည်ကျော် အဲ့ဒီရုပ်သံအစီအစဉ်ရဲ့ အပိုင်းတခု ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကစလို့ အကြီးအကျယ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
388
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
825
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

အဲ့ဒီ အစီအစဉ်မှာ ပါဝင်တဲ့အဖွဲ့ဝင်တွေဟာ တကမ္ဘာလုံးမှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခွင့်ရမယ့် “Blue Marble” ဆိုတဲ့ ဂိမ်းကို ကစားခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီဂိမ်းထဲက ဘုတ်ပြားပေါ်မှာ တရုတ်နဲ့ ထိုင်ဝမ်တို့ကို သူတို့ရဲ့ သက်ဆိုင်ရာအလံတွေ တပ်ပြီး တဖက်တချက်မှာ ထားခဲ့တာကို အင်တာနက် အသုံးပြုသူတွေက သတိထားမိခဲ့ကြပါတယ်။

တရုတ်ပရိသတ် တော်တော်များများကတော့ ဒါဟာ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို ထောက်ခံတာဖြစ်ပြီး တရုတ်နိုင်ငံကို စော်ကားမှုနဲ့ တောင်ကိုရီးယား ထုတ်လုပ်ရေး ကုမ္ပဏီ Urban Works Media နဲ့ ဖြန့်ချိပြသတဲ့ မီဒီယာ SBS တို့ကို ဝေဖန်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံတွင်းမှ နာမည်ကျော် ဆိုရှယ်မီဒီယာ Weibo အသုံးပြုသူတဦးက “ကျနော် ပြောစရာစကားတောင် မရှိတော့ပါဘူး။ အဲ့ဒီအစီအစဉ်ကို ကျနော် ဆက်မကြည့်တော့ပါဘူး။ ကျနော်တို့ လက်မခံနိုင်တဲ့ကိစ္စကိုမှ ခင်ဗျားတို့ ထိပါးခဲ့ကြတယ်။ ကျနော်ကတော့ အဲ့ဒီအစီအစဉ်ရဲ့ ပရိသတ်တယောက်ဆိုတာထက် တရုတ်နိုင်ငံကို ပိုဦးစားပေးပါတယ်” လို့ မှတ်ချက် ရေးသားခဲ့ပါတယ်။

တခြားအသုံးပြုသူ တဦးကတော့ “ငါ့ရဲ့ ပျော်ရွှင်ဖွယ်ရာ တနင်္လာနေ့လေးကို ဆုံးရှုံးရမယ်ဆိုရင်တောင် ဒီလိုအရေးပါတဲ့ ကိစ္စတွေနဲ့ရင်ဆိုင်ရဖို့ အပေးအယူလုပ်မှာ မဟုတ်ပါဘူး။ နှုတ်ဆက်ပါတယ်။ Running Man” လို့ ပြောပါတယ်။

နောက်ပိုင်းမှာတော့ အဲ့ဒီအပိုင်းကို တရုတ် Streaming ပလက်ဖောင်းဖြစ်တဲ့ Bilibili ကနေ ဖယ်ရှားလိုက်ပေမယ့် အငြင်းပွားဖွယ် အပိုင်း မပါဝင်တဲ့ ဗီဒီယိုကိုတော့ ဆက်လက် ကြည့်ရှုခွင့် ရနေပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ပြန်လည် ပေါင်းစည်းရမယ့် နယ်ဝေး ပြည်နယ်တခုသာဖြစ်ပြီး လိုအပ်ရင် အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။

၂၀၀၉ ခုနှစ်ကနေ စတင်ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီ Running Man အစီအစဉ်ဟာ တရုတ်နိုင်ငံမှာ ကြီးမားတဲ့ပရိသတ်ကို ပိုင်ဆိုင်ထားပြီး တော်တော်လေး နာမည်ကြီးပါတယ်။ Baidu.com ကနေ တာဝန်ယူပေးထားတဲ့ နာမည်ကျော် ဖိုရမ်တခုမှာဆိုရင် အဲ့ဒီအစီအစဉ်မှာ ပရိသတ် ၁ ဒသမ ၄ သန်း ရောက်ရှိတော့မှာဖြစ်ပြီး အဲ့ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ ပို့စ်ပေါင်း ၁၃ သန်း ကျော်တောင် ရှိပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ Zhejiang TV ရုပ်သံဟာ SBS ထုတ်လုပ်ရေးအဖွဲ့ရဲ့ အကူအညီနဲ့ တရုတ်ဗားရှင်းပုံစံ အစီအစဉ်ကို ဖန်တီးခဲ့ပြီး နိုင်ငံတွင်း သမိုင်းတလျှောက် လူကြည့်အများဆုံး ရသစံအစီအစဉ်တခု ဖြစ်လာခဲ့ပါတယ်။ အခုလိုမျိုး တောင်ကိုရီးယားအစီအစဉ် ဒါမှမဟုတ် အနုပညာရှင် တဦးဦးကြောင့် တရုတ်နိုင်ငံမှာအငြင်းပွားဖွယ် ဖြစ်ပေါ်တာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့မှ ခေါင်းဆောင် RM က ကိုရီးယားစစ်ပွဲအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်တို့အကြောင်း ပြောဆိုရာမှာ သမိုင်းထဲက နာကျင်မှုတွေအကြောင်းထုတ်ဖော် ပြောဆိုခဲ့တဲ့အတွက် တရုတ်နိုင်ငံအတွင်းမှာ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း တောင်ကိုရီးယားအဆိုတော် လီဟိုရီက “Hangout with Yoo” အစီအစဉ်မှာ သူ့ရဲ့ အနုပညာရှင်နာမည်ကို “Mao” လို့ ပေးဖို့ စဉ်းစားခဲ့ဖူးတဲ့အကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် ဝေဖန်ခံခဲ့ရပါတယ်။

တရုတ် အင်တာနက်အသုံးပြုသူတွေကတော့ အဆိုတော် လီဟာ ကွယ်လွန်သူ တရုတ်ကွန်မြူနစ်ခေါင်းဆောင် Mao Zedong ကို ကဲ့ရဲ့ လှောင်ပြောင်တာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ အဆိုတော် လီကတော့ တရုတ်နိုင်ငံမှာ Mao ဆိုတဲ့ နာမည်ပိုင်ရှင်ဟာ တယောက်ထက်မက ရှိတယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။

Ref: scmp

Your Thoughts …
Tags: Running ManWeiboတရုတ်အစိုးရထိုင်ဝမ်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.4k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

by Song Danyang
18 January 2024
5.1k

တရုတ်၏ ခွင့်ပြုချက်မရဘဲ ထိုဒေသများကို ထိန်းချုပ်ရေး ခက်ခဲသည်ကို စစ်ကောင်စီတပ်များ သဘောပေါက်သောအခါ စိတ်ဓာတ်ကျဆင်းခဲ့မည်။

ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား

ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား

by ဧရာဝတီ
7 October 2023
5k

ယခု ဖမ်းဆီးမှုသည် တရုတ်အစိုးရ အပြင်းအထန် နှိမ်နင်းနေသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွယ်ပတ်သက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

by Ankit K
11 March 2025
4.7k

ထိပ်ဆုံးမှ ထိုအပြောင်းအလဲများက သမ္မတ ရှီကျင့်ဖျင်သည် သူ ဆယ်စုနှစ်တခုကျော် ကွပ်ကဲခဲ့သောစစ်တပ်ကို ပြုပြင်ရန် မလုပ်နိုင်ကြောင်း ပြသနေသည်။

Next Post
မင်းသား George Clooney

ရုပ်ရှင်အတွက် ဝိတ်အချလွန်ပြီး ဆေးရုံတက်ခဲ့ရတဲ့ မင်းသား George Clooney

ပြီးခဲ့သည့် သောကြာနေ့ ပခုက္ကူမြို့နယ် တရားရုံးရှေ့က မသဉ္ဇာသန်းမင်

ပြည်ခိုင်ဖြိုးကို မဲအတင်းပေးခိုင်းကြောင်း ပြောသူ တပ်မတော်အရာရှိ သမီး ထောင်ချခံရ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate