• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” သီချင်းအကြောင်း ပြောပြတဲ့ ပြည်ဘုန်းမော်

by ချစ်ပိုး
19 December 2020
in Entertainment
A A
အဆိုတော် ပြည်ဘုန်းမော် / Pyi Bhone Maw's Facebook

အဆိုတော် ပြည်ဘုန်းမော် / Pyi Bhone Maw's Facebook

4.6k
VIEWS
Share on FacebookShare on Twitter

အဆိုတော် ကော်နီနဲ့အတူ “ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” သီချင်း သီဆိုထားတဲ့ အဆိုတော် ပြည်ဘုန်းမော်က ဒီသီချင်းကို သီဆိုဖို့ ကော်နီ ကိုယ်တိုင် ရွေးပေးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်က တီကော်နဲ့ သီချင်းတပုဒ် ဆိုချင်တယ်။ အနုပညာအရရော၊ ပုဂ္ဂိုလ်ရေးအရရော အရမ်းလေးစားတယ်။ တီကော်က စုံတွဲတွေ ဆိုလေ့ သိပ်မရှိဘူး။ ကျနော် ကိုယ်တိုင်လည်း ကြောက်တယ်။ ဒီသီချင်းလေးဆိုဖို့ ပြောတဲ့အချိန်မှာ တီကော်က လက်ခံပေးတယ်။ ဒီသီချင်းကို တီကော် ကိုယ်တိုင်ပဲ ရွေးပေးခဲ့တယ်။ ဒီသီချင်းက တီကော် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဆိုခဲ့ဖူးတဲ့ သီချင်းလေး တပုဒ်ပါ”လို့ ပြည်ဘုန်းမော်က ပြောပါတယ်။

ဒီသီချင်းကို ပြန်လည် သီဆိုချိန်မှာ တေးရေးဆရာ ညီညီသွင်က အသစ်တပိုဒ် ထပ်ဖြည့်ပေးခဲ့ပြီး သူ့အတွက် စိန်ခေါ်မှု ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုတော် ကော်နီနဲ့ ပြည်ဘုန်းမော်ရဲ့ “ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” သီချင်း

“ဆရာ ညီညီသွင်က တပိုဒ် ထပ်ဖြည့်ပေးတော့ သီချင်းအသစ်လို ဖြစ်နေတယ်။ တီကော်ရော၊ ဆရာရောက ကျနော့်ကို အရမ်းသင်ပြပေးခဲ့ကြတယ်။ ဒီသီချင်းလေးကို တီကော်နဲ့ အပေးအယူမျှစွာ သီဆိုခဲ့ပါတယ်။ ဒီသီချင်းအတွက် အမှတ်တရက ကျနော်က တီကော်နဲ့ ဆိုမယ်လို့ ပြောဖို့တောင် ကြောက်နေတာ။ အခုလို ဆိုရတော့ ကျနော့်အတွက် စိန်ခေါ်မှု ဖြစ်စေပါတယ်”လို့ ပြည့်ဘုန်းမော်က ပြောပါတယ်။

သီချင်း မတင်ခင် ဒီသီချင်းခေါင်းစဉ်ကို ပရိသတ်တွေ၊ အနုပညာရှင်တွေက အားပေးကြလို့ အရမ်းဝမ်းသာရတယ်လို့ ပြည့်ဘုန်းမော်က ဆိုပါတယ်။

“ကျနော် သီချင်းမတင်ခင် ဒီသီချင်းခေါင်းစဉ်ကို ပရိသတ်တွေ၊ အနုပညာရှင်တွေက Caption တင်ပေးကြတယ်။ အဲ့အတွက် မထွက်ခင်ကတည်းက အားရှိတယ်။ အခုလည်း အားပေးကြတော့ Joox နံပါတ် (၁) နေရာ ရောက်နေတော့ အရမ်းဝမ်းသာရပါတယ်”

“ကျနော်တို့ ဒီသီချင်းကို ကိုဗစ် ဒုတိယလှိုင်း အမြင့်ဆုံး ရောက်နေချိန်မှာ ကျနော်တို့ ရိုက်ခဲ့ရတာဖြစ်တယ်။ လူတွေ အများကြီးနဲ့ ရိုက်ရတယ်။ အဲ့ဒါကို လာရိုက်ပေးခဲ့တဲ့ တီကော်၊ အစစအရာအရာ ကူညီပေးတဲ့ သူငယ်ချင်း မင်းတော်ဝင်နဲ့ အဘက်ဘက်က ကူညီပေးကြသူတွေကို ကျေးဇူးတင်ပါတယ်”လို့ ပြည့်ဘုန်းမော်က ပြောပါတယ်။

အဆိုတော် ပြည်ဘုန်းမော်က သီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲပြီးသွားတဲ့နောက် အခက်အခဲများစွာ ကျော်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုတော် ပြည်ဘုန်းမော် (ဓာတ်ပုံ – Pyi Bhone Maw’s Facebook)

“ကျနော်တို့ တခါတလေကျရင် လုပ်ချင်စိတ် မရှိလို့ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ချင်လောက်အောင် ဖြစ်တဲ့ အချိန်တွေ အများကြီး ရင်ဆိုင်နေရပါတယ်။ ကျနော်မှ မဟုတ်ပါဘူး။ ဒီအနုပညာလမ်းကို လျှောက်နေတဲ့သူ တော်တော်များများ ဖြစ်မယ့် ခံစားချက်ပါ။ အရာရာက နတ်သမီး ပုံပြင်လည်း မဟုတ်ဘူးလေ။ ကျနော်တို့ ပြိုင်ပွဲပြီးသွားရင် ဘဝကြီးက ပြောင်းသွားပြီ၊ အဆင်ပြေချောမွေ့နေပြီလို့ ထင်လိမ့်မယ်”

“တကယ်တမ်း လက်တွေ့ရောက်ချိန်မှာတော့ အခက်အခဲတွေ အများကြီး ကြုံရပါတယ်။ အများကြီး သည်းခံခဲ့ရပါတယ်။ အများကြီး ကျော်ဖြတ်ခဲ့ရပါတယ်။ ကျနော့် နောက်မှာ မားမားမတ်မတ် ရပ်တည် ပေးခဲ့တဲ့ ကျနော့် မိဘ နှစ်ပါး၊ လက်တဆုပ်စာ သူငယ်ချင်းတွေ၊ ကျနော်ရဲ့ We love ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ ပြည့်ဘုန်းမော်က ပြောပါတယ်။

အဆိုတော် ပြည်ဘုန်းမော်ကတော့ ၂၀၁၄ ခုနှစ်အတွင်းက “အိပ်မက်ဆုံရာ” Season 8 သီချင်းဆိုပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့သူပါ။ ပြည်ဘုန်းမော်ဟာ “အိပ်မက်ကျောင်းတော်”၊ “အပယ်ခံမြို့”၊ “ကျေးလက်တောတန်း”၊ “ထာဝရငြိမ်းချမ်းရာ” စတဲ့ သီချင်းများ ထွက်ရှိထားပြီး၊ ကော်နီနဲ့ သီဆိုထားတဲ့ သီချင်းက နောက်ဆုံး ထွက်ရှိထားပါတယ်။

You may also like these stories:

Shwe FM ရဲ့ “Best Music Video” ဆု ရရှိတဲ့အကြောင်း ပြောပြတဲ့ မေလသံစဉ်

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

ကိုဗစ်ကြောင့် ကြွေလွှင့်ခဲ့ရတဲ့ ကြယ်တပွင့် (သို့မဟုတ်) လူရွှင်တော် ဧရာ

စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ “Red Light” သီချင်း ထွက်မယ့်ရက် ကြေညာ

Your Thoughts …
Tags: Jooxကော်နီကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိပြည်ဘုန်းမော်သီချင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

မုန်လာဥ

မုန်လာဥ

by ရွာစား စိန်တင်ဟန်
30 September 2023
1.1k

တချို့ကမူ “ဆရာငြိမ်းသည် သူ့မိဘပစ္စည်း ထိုင်သုံးနေသည်”... တချို့ကျပြန်တော့ “ဆရာငြိမ်းသည် သူ့အိမ်အတွက် ဘာမျှ မပူတဲ့သူ”ဟု ဆိုကြပြန်သည်။

မြခြေကျင်း မငွေမြိုင်

မြခြေကျင်း မငွေမြိုင်

by စောမုံညင်း
29 June 2025
757

ဇာတ်သဘင် ပညာအရာတွင် တကယ်ပြည့်ဝ၍ အဆိုကလည်းကောင်း၊ ဇာတ်စီး ခေါင်းဆောင်မှုကလည်း အလွန် တော်သော မင်းသမီးကြီး ဖြစ်၍ အနယ်နယ် အရပ်ရပ်က သဘင့်မိခင်ကြီး တဦးဟု အသိအမှတ် ပြုခဲ့ကြသည်။

သီချင်းတွေကို အရင်လို မဆိုရဲဘူး (ရုပ်/သံ)

သီချင်းတွေကို အရင်လို မဆိုရဲဘူး (ရုပ်/သံ)

by ဧရာဝတီ
24 March 2025
674

စစ်တပ်အာဏာသိမ်းမှုကိုလက်မခံတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် တူးတူးဟာလည်း တယောက် အပါဝင်ဖြစ်ခဲ့ပါတယ်။

လေဘာတီ မမြရင်

လေဘာတီ မမြရင်

by စောမုံညင်း
16 June 2024
538

သူသည် အနုပညာနှင့် ပုဂ္ဂိုလ်ရေးကို စည်းခြား ကန့်သတ်ထားသူ ဖြစ်၏။ သူ့ကိုယ်သူ အဖိုးတန်အောင် နေတတ်ပြီး တန်ဖိုးနှင့် သိက္ခာကို စောင့်ထိန်းတတ်သူလည်း ဖြစ်သည်။

အလွမ်းရယ်တဲ့ ၁၂ ထွေ…

အလွမ်းရယ်တဲ့ ၁၂ ထွေ…

by မင်းသုဝဏ်
23 December 2023
504

ဤအားပျော့သော သီချင်းမျိုးကို ယခုကဲ့သို့သော ကြံစည် ကြိုးစား ထကြွရမည့် အခါမျိုးတွင် ဆိုသင့် မဆိုသင့် ဟူသော ပြဿနာသည် ကျနော့် ဉာဏ်တွင် ပေါ်လာပါသည်။

မေရှင်

မေရှင်

by စောမုံညင်း
3 August 2025
389

မေရှင်သည် ဖော်ရွေ ခင်မင်တတ်၍ အနေအထိုင် ကျစ်လျစ်ပိပြားသည့် အပြင် မြန်မာမှုကိုလည်း တွယ်တာသူ ဖြစ်သည်… အိန္ဒြေသိက္ခာ ရှိမှုမှာ သူ၏ အရည်အသွေးပင် ဖြစ်သည်…

Next Post
အသက်ဘေးနဲ့ အငတ်ဘေးကြားမှာ ရှင်သန်အောင်ကြိုးစားကြရမယ် (ရုပ်/သံ)

အသက်ဘေးနဲ့ အငတ်ဘေးကြားမှာ ရှင်သန်အောင်ကြိုးစားကြရမယ် (ရုပ်/သံ)

လက်နက်ကိုင်တွေကို ဆန္ဒထုတ်ဖော်မယ့် မိုးကုတ်ဒေသခံများ တိုင်းအစိုးရခွင့်မပြု (ရုပ်/သံ)

လက်နက်ကိုင်တွေကို ဆန္ဒထုတ်ဖော်မယ့် မိုးကုတ်ဒေသခံများ တိုင်းအစိုးရခွင့်မပြု (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved