• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုဗစ်ကြောင့် ကြွေလွှင့်ခဲ့ရတဲ့ ကြယ်တပွင့် (သို့မဟုတ်) လူရွှင်တော် ဧရာ

by ဧရာဝတီ
19 December 2020
in Entertainment
A A
လူရွှင်တော် ဧရာ / လူရွှင်တော် ဧရာ Facebook

လူရွှင်တော် ဧရာ / လူရွှင်တော် ဧရာ Facebook

6.6k
VIEWS
Share on FacebookShare on Twitter

တချိန်က တီဗီကြော်ငြာ၊ အငြိမ့်၊ ဟာသရုပ်ရှင် ဗီဒီယိုကားများစွာမှာ ကျရာ နေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေကို ရယ်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဧရာကတော့ COVID-19 ရောဂါကြောင့် ယနေ့၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ မနက် ၃ နာရီ၊ ၃၉ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

လူရွှင်တော် ဧရာဟာ ကိုဗစ်ရောဂါ မခံစားရခင်အချိန် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းက ခါးနာ ဝေဒနာကို ခံစားခဲ့ရပြီး အနုပညာ အလုပ်များနဲ့ အလှမ်းဝေးသွားကာ ဒီနှစ်ထဲမှာလည်း အနုပညာအလုပ်များ နည်းပါးတာကြောင့် ကားမောင်းခြင်း၊ ထီရောင်းခြင်း၊ မိသားစု အိမ်ဆိုင်လေးမှာ ဈေးရောင်းခြင်း စတဲ့ ဝမ်းရေးအတွက် အလုပ်များ လုပ်ကိုင်ခဲ့ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.5k
မြိတ်မြို့

မြိတ်မြို့

11 May 2025
594
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
260

ဒါ့အပြင် ဧရာဟာ မကွယ်လွန်မီ နိုဝင်ဘာလအတွင်းက အအေးပတ်ပြီး ဖျားတာကြောင့် ကနဦးပိုင်းမှာ ဆေးစစ်ခဲ့ရာ ကိုဗစ် ရောဂါပိုး မတွေ့ရှိခဲ့ဘဲ၊ နောက်တကြိမ် ထပ်မံ စစ်ဆေးရာမှ COVID-19 ရောဂါ Positive အဖြေ ထွက်ရှိခဲ့တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဒီဇင်ဘာလအတွင်းက တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံ တက်နေစဉ် ကာလအတွင်းမှာလည်း ပရိသတ်များကို စိတ်မပူကြဖို့နဲ့ သူ နေမကောင်းပေမယ့်လည်း မိသားစုရဲ့ စီးပွားရေး “ထီရောင်းခြင်း” အလုပ်ကို ဆက်လက် လုပ်ကိုင်နေပြီး၊ ထီထိုးကာ အားပေးဖို့လည်း သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကတဆင့် ရေးတင်ထားပါသေးတယ်။

ယနေ့ မနက် အစောပိုင်းမှာတော့ ပရိသတ်တွေအားလုံး ချစ်ခင်ရတဲ့ လူရွှင်တော်ကြီး ဧရာဟာ ကိုဗစ် ရောဂါကြောင့် အားလုံးကို ကျောခိုင်း နှုတ်ဆက်သွားပါပြီ။

လူရွှင်တော် ဧရာနဲ့ အတူ တွေ့ရတဲ့ ကျော်ထူး (ဓာတ်ပုံ – U Kyaw Htoo’s Facebook)

လူရွှင်တော် ဧရာရဲ့ နောက်ဆုံး ခရီးကိုတော့ ကိုဗစ် စည်းကမ်းများနဲ့အညီ လူအနည်းငယ်နဲ့သာ ပြုလုပ်ခဲ့ရပြီး လူရွှင်တော် ကျော်ထူး၊ ဒိန်းဒေါင်၊ အောင်သော်တို့ကလည်း ဧရာ ကွယ်လွန်မှုအပေါ် အခုလိုပဲ စိတ်မကောင်းစကားများ ဆိုထားပါတယ်။

တချိန်က လူရွှင်တော် ကျော်ထူးနဲ့ ဧရာ အတွဲညီညီ ဟာသ ပြက်လုံးများ ပြက်ခဲ့ကြပြီး ဟာသရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများစွာမှာလည်း နှစ်ဦးသားအတူ သရုပ်ဆောင်ခဲ့ကြပါတယ်။

လူရွှင်တော် ကျော်ထူးက “ရွေးစရာ၊ ရေးစရာ စကားလုံးလည်း မရှာတတ်တော့ပါဘူးကွာ။ စိတ်မချမ်းမြေ့ပါဘူး။ ကောင်းရာ ဘုံဘဝ ရောက်ပါစေကွာ”လို့ သူငယ်ချင်းဖြစ်သူ ဧရာနဲ့ အမှတ်တရပုံကို တင်ကာ ဝမ်းနည်းစကား ဆိုထားပါတယ်။

လူရွှင်တော်ကြီး ဧရာ (ဓာတ်ပုံ – Dain Daung’s Facebook)

“သို့ ဦးဧရာ၊ ဒီစာကို မဖတ်နိုင်မှန်း သိပေမယ့် ကျနော် ရေးလိုက်ပါတယ်။ လူရွှင်တော်တွေ လူတန်းစေ့ နေနိုင်အောင်၊ တိုက်နဲ့ ကားနဲ့ နေနိုင်အောင် ကိုယ်ကျိုး မဖက်ဘဲ အနစ်နာခံပြီး တိုက်ပွဲဝင်ပေးခဲ့တဲ့အတွက် လူရွှင်တော် တချို့ ကိုယ်စား ကျေးဇူးတင်ပါတယ်”

“ကျနော် အပါအဝင် လူရွှင်တော် တချို့ကတော့ ဦးဧရာကို လူရွှင်တော် လောကရဲ့ ဘုရင်အဖြစ် ဂုဏ်ပြု သတ်မှတ်လိုက်ပါတယ်။ ကျနော် သေတမ်းစာ မဖတ်ဘူး။ ဘာလို့လဲ သိလား။ လူရွှင်တော် အသင်း တည်တံ့သရွေ့ ဦးဧရာနာမည်ကို မမေ့ချင်လို့ပါ”လို့ လူရွှင်တော်အသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဒိန်းဒေါင်က ဆိုပါတယ်။

လူရွှင်တော် အော်သော်ကလည်း “ကျနော် ပြုအပ်သော ကုသိုလ်ကောင်းမှု အစုစုကို အမျှအတန်း ပေးဝေပါတယ်။ ရောက်ရာ ဘုံဘဝကနေ သာဓု ခေါ်ဆိုနိုင်ပါစေ ဆရာ”လို့ စိတ်မကောင်းစကား ဆိုပါတယ်။

လူရွှင်တော်ကြီး ဧရာဟာ COVID-19 ရောဂါကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဦးဧရာမြိုင် (ခ) လူရွှင်တော် ဧရာဟာ ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ် အရွယ် ရှိပြီဖြစ်ပြီး၊ မိသားစုဝင်များအနေနဲ့ ဇနီး၊ သမီး၊ သားမက်နဲ့ မြေးတို့ ကျန်ရစ်ခဲ့ပါတယ်။

You may also like these stories:

ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး အေးအေးသင်း ကွယ်လွန်

၂၀၁၃ က “သနပ်ခါး” ရုပ်ရှင် ဆင်ဆာအကြောင်း ပြောပြခဲ့တဲ့ မင်းထင်ကိုကိုကြီး

“New Normal Rose” ကို အားပေးကြဖို့ နှင်းဆီအဖွဲ့ ဖိတ်ခေါ်

Your Thoughts …
Tags: COVID-19ကွယ်လွန်လူရွှင်တော် ဧရာဟာသ သရုပ်ဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နဝတအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ ကွယ်လွန်

နဝတအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ ကွယ်လွန်

by ဧရာဝတီ
21 May 2024
7.4k

ရှစ်လေးလုံးလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ (၉၀ နှစ်) မေ ၂၀ ရက်တွင် ကွယ်လွန်သွားပြီး ၎င်း၏နာရေးကို မေ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် ရန်ကုန်တိုင်း၊...

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

by စောလွင်
14 May 2024
2.7k

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/ KIA) ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသည်းရောဂါဝေဒနာဖြင့် မေ ၁၃ ရက်၊ ည ၆ နာရီခွဲခန့်တွင် ကချင်ပြည်နယ် လိုင်ဇာြမို့၌ ကွယ်လွန်ခဲ့သည်။

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

by ဧရာဝတီ
18 July 2024
1.2k

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.4k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

Next Post
အဆိုတော် မေလသံစဉ် / May La Thanzin's Facebook

Shwe FM ရဲ့ “Best Music Video” ဆု ရရှိခဲ့တဲ့ မေလသံစဉ်

အဆိုတော် ပြည်ဘုန်းမော် / Pyi Bhone Maw's Facebook

“ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” သီချင်းအကြောင်း ပြောပြတဲ့ ပြည်ဘုန်းမော်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate