Entertainment

“New Normal Rose” ကို အားပေးကြဖို့ နှင်းဆီအဖွဲ့ ဖိတ်ခေါ်

Want create site? Find Free WordPress Themes and plugins.

နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေ တင်ဆက်မှု အသစ်တခုဖြစ်တဲ့ “New Normal Rose” ဆိုတဲ့ Private ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲကို အားပေးဖို့အတွက် နှင်းဆီအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။

“New Normal Rose ကတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ အခုတော့အကြိုတွေ လုပ်နေပါပြီ။ ဒါကတော့ အငြိမ့် မဟုတ်သလို ပြီးခဲ့တဲ့ ဖျော်ဖြေပွဲတုန်းကလို သီချင်းချည်းပဲ ဆိုမှာလည်း မဟုတ်ဘူး။ အရောအနှောလေးတွေပေါ့ဗျာ။ ဟာသအစီအစဉ်တွေ ပါမယ်။ သီချင်းဆိုတာတွေ ပါမယ်။ ကံစမ်းမဲ အစီအစဉ်တွေ ပါမယ်။ နွေးနွေးထွေးထွေး တွေ့သွားမယ့် အစီအစဉ်လေးပါ” လို့ နှင်းဆီအဖွဲ့က ပြောပါတယ်။

ဒီဖျော်ဖြေပွဲဟာ အငြိမ့် မဟုတ်သလို ပြီးခဲ့တဲ့လပိုင်းက ဖျော်ဖြေခဲ့သလို သီချင်းဆိုပြီး ဖျော်ဖြေမှာလည်း မဟုတ်ဘူးလို့ သိရပါတယ်။

“အဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ထွန်းထွန်းရဲ့မွေးနေ့၊ သူကတော့ အပျော်ဆုံး ဖြစ်မှာပါ။ ကျနော်တို့ အခုဆိုရင် Group ထဲကို ပရိသတ်တွေကို စထည့်နေပြီ။ ရောက်လည်း ရောက်နေကြပြီ။ ပရိသတ်တွေကိုလည်း Surprise လုပ်ထားတာတွေ ရှိပါတယ်။ ဂရုထဲကို ပျော်စရာကောင်းတဲ့ အစီအစဉ်တွေ ရင်ခုန်စရာကောင်းတဲ့ အစီအစဉ်တွေက တခုပြီးတခု လာဦးမှာပေါ့။ နှင်းဆီ ပရိသတ်တွေနဲ့ ကျနော်တို့ တသားတည်းဖြစ်ဖို့ ရည်ရွယ်ပါတယ်” လို့ နှင်းဆီအဖွဲ့က ပြောပါတယ်။

အခုလို ကိုဗစ်ကာလဟာဆိုရင် အလုပ်တွေလည်း မရှိ၊ ပျော်စရာလည်း နည်းတာကြောင့် ဒီအစီအစဉ်လုပ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နှင်းဆီအဖွဲ့သားများ (ဓာတ်ပုံ – Stay at Home Entertainment Page)

“ကျနော်တို့ ဒီကိုဗစ်ကာလကြီးဟာ အရမ်းကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ အလုပ်တွေလည်း မရှိသလို ပျော်စရာတွေလည်း နည်းပါတယ်။ ဒါကြောင့် ပရိသတ်တွေနဲ့ ဘယ်လို ပျော်စရာတွေ လုပ်ကြမလဲဆိုပြီး လုပ်ဖြစ်တာပါ”လို့ နှင်းဆီအဖွဲ့က ဆိုပါတယ်။

ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး “Stay at Home Entertainment” Page မှာ အသေးစိတ် အချက်အလက်များကို ဖော်ပြထားပြီး ငွေကျပ် ၅၀၀၀ ကျပ်ပေးရုံနဲ့ Private Group ကို Join ပြီး ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ Group ထဲကို ဝင်ဖို့အတွက် ဒီဇင်ဘာ၂၄ ရက်နေ့ နေ့ခင်း ၁၂ နာရီအထိ ကနဦး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

နှင်းဆီအဖွဲ့ကတော့ ကိုဗစ်ကာလအတွင်း မာလာမြိုင်နှင်းဆီ “Unplugged Music Show” ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့ပါသေးတယ်။ နှင်းဆီအဖွဲ့မှာတော့ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ အဆိုတော် မင်းမော်ကွန်းတို့ ပါဝင် ဖျော်ဖြေနေတာ ဖြစ်ပါတယ်။

You may also like these stories:

နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ငွေကျပ် ၅၀၀၀ နဲ့ Private Group ဖြင့် တင်ဆက်မည်

Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ

“ဘယ်သွားသွား စနစ်တကျ Mask တပ်ကြပါ”လို့ သက်မွန်မြင့် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading