• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

အင်ဒိုနီးရှားမှာ ကိုဗစ် ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

by Aurora
17 December 2020
in Coronavirus Update
A A
အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံသားတိုင်းကို ကိုဗစ် ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးဖို့ ပြင်ဆင်နေပါပြီ။

အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံသားတိုင်းကို ကိုဗစ် ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးဖို့ ပြင်ဆင်နေပါပြီ။

5.3k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ လူဦးရေ စတုတ္ထ အများဆုံး နေရာမှာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံသားတိုင်းကို COVID-19 ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးသွားဖို့ စတင်ပြင်ဆင်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ စိတ်ချရကြောင်း ပြသတဲ့ အနေနဲ့ ပထမဆုံး ကာကွယ်ဆေးကို သမ္မတ ဂျိုကိုဝီဒိုဒိုက ထိုးနှံပြသွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ Sinovac ဇီဝနည်းပညာထုတ် CoronaVac ကာကွယ်ဆေး ပထမသုတ်အဖြစ် ၁ ဒသမ ၂ သန်း ဒီဇင်ဘာလဆန်းပိုင်းကပဲ ရောက်ရှိခဲ့ပါတယ်။ ပြည်သူတွေကို ထိုးနှံရေး မစခင်မှာ အစားအစာနဲ့ ဆေးဝါး အေဂျင်စီကနေ အရေးပေါ် အသုံးပြုခွင့်ပေးဖို့ စောင့်ဆိုင်းနေပါတယ်။

နောက်ထပ် ကာကွယ်ဆေး ၁ ဒသမ ၈ သန်းလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလလယ်လောက်မှာ ထပ်မံရောက်ရှိလာမှာပါ။ ကာကွယ်ဆေးကို ဘာလီနဲ့ ဂျာဗားမှာ တာဝန် ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၁၈ နှစ်ကနေ ၅၆ နှစ်အတွင်း အရွယ်တွေကို ဦးစားပေး ထိုးနှံသွားမယ်လို့ ဖော်ပြထားပါတယ်။

“ဦးစားပေး ထိုးနှံရမယ့်သူတွေ ပြီးရင် နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေကို တွက်ချက်ပြီး နိုင်ငံသားတိုင်း အခမဲ့ ထိုးနှံပေးသွားမယ်” လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ဗီဒီယို မိန့်ခွန်းကတဆင့် ပြောကြားခဲ့ပါတယ်။ နိုင်ငံသား သန်း ၂၇၀ ကျော်ကို အခမဲ့ ထိုးနှံပေးဖို့ ဆိုရှယ်မီဒီယာ ကမ်ပိန်းတွေကတဆင့် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြအပြီး မှာ အခုလို တရားဝင် အတည်ပြု ပြောကြားလိုက်တာပါ။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို

“Jokowi” လို့ ခေါ်ကြတဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုဟာ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးရေး အစီအစဉ်အတွက် ဘဏ္ဍာရေးဝန်ကြီးနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ထိုးနှံပေးမယ့် ကာကွယ်ဆေးဟာ စိတ်ချ ယုံကြည်ရဖို့နဲ့ Halal ဖြစ်ဖို့ စတဲ့ အချက်တွေကိုပါ ထည့်သွင်း ဆုံးဖြတ်ခဲ့ကြတာပါ။

“ပြည်သူတွေဘက်က ထိုးနှံပေးမယ့် ကာကွယ်ဆေးဟာ ယုံကြည် စိတ်ချရတဲ့အကြောင်း အာမခံအနေနဲ့ ကျနော် အရင်ဆုံး ထိုးနှံပြသွားမှာပါ” လို့ သမ္မတက ဆိုပါတယ်။ အင်ဒိုနီးရှားက မှာယူထားတဲ့ Sinovac ရဲ့ CoronaVac ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး ရလဒ်အဖြေ ထွက်ပေါ်လာဖို့ စောင့်ဆိုင်းဆဲ အခြေအနေမှာ ရှိနေပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
133
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

အင်ဒိုနီးရှားမှာ ကာကွယ်ဆေးသတင်း ထွက်ပေါ်လာပြီးနောက် စတော့ရှယ်ယာ ဈေးကွက် ၁ ဒသမ ၈ ရာခိုင်နှုန်းထိ မြင့်တက်သွားတယ်လို့ ဈေးကွက်လေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

အင်ဒိုနီးရှားမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပြီး ၁၀ လအကြာမှာ ကူးစက်မှုပေါင်း ၆၄၃,၅၀၈ ဦးနဲ့ သေဆုံးသူ ၁၉,၃၉၀ ဦး ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကူးစက်မှု အများဆုံးနဲ့ သေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ COVID-19 ကာကွယ်ဆေးအတွက် COVAX အစီအစဉ်မှာ ပါဝင်နေသလို၊ Pfizer-BioNTech နဲ့ AstraZeneca ကုမ္ပဏီတွေနဲ့လည်း ပြောဆို ဆွေးနွေးထားပါသေးတယ်။

Ref: Reuters

Your Thoughts …
Tags: Sinovacကိုဗစ် ကာကွယ်ဆေးအင်ဒိုနီးရှား
Aurora

Aurora

Contributor

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

by အောင်ဇော်
17 July 2023
5.6k

စစ်ကောင်စီက မည်သည့်အတွက် မစ္စတာ ဒွန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးသနည်း၊ မည်သည့်အတွက် ယခုအခါမှ တွေ့ခွင့်ပေးသနည်း

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

Next Post
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်းသို့ ARSA အကြမ်းဖက်အဖွဲ့များ စိမ့်ဝင်နေ

မအူပင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်ခြင်းခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်  / အောင်မြသန်း / မအူပင်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved