• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်

by ဆလိုင်းသန့်စင်
17 December 2020
in သတင်း
A A
မအူပင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်ခြင်းခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်  / အောင်မြသန်း / မအူပင်

မအူပင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်ခြင်းခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင် / အောင်မြသန်း / မအူပင်

4.6k
VIEWS
Share on FacebookShare on Twitter

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို မအူပင်မြို့နယ် တရားရုံးက အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့မှုမှာ ဒီမိုကရေစီစနစ်အတွက် အရေးကြီးသည့် လွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့်ကို ဖိနှိပ်ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ပြောဆိုလိုက်သည်။

ဒေါင်းတို့ မျိုးဆက်သံချပ် အဖွဲ့မှာ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းရှိ ဖျာပုံ၊ မအူပင်နှင့် ဒေးဒရဲမြို့များ သို့ လာရောက် ဖျော်ဖြေခဲ့သည်။ ထိုသို့ ဖျော်ဖြေရာတွင် တပ်မတော်ကို ထိခိုက် ပုတ်ခတ်စော်ကားသော စကားလုံး များဖြင့် သံချပ်ထိုးမှုကို Facebook တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည် ဟုဆိုကာ သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို တပ်မတော် ကိုယ်စား အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး သက်နိုင်ဝင်းက တရားလို ပြုလုပ်၍ အီ လက်ထရောနစ် ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် မအူပင်မြို့မ ရဲစခန်းတွင် နိုဝင်ဘာလအတွင်းက အမှု ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အမှုကို မအူပင်မြို့နယ် တရားရုံး၌ နိုဝင်ဘာလ ၂၆ ရက်က စတင်ကြားနာခဲ့ပြီးနောက် ရက်၂၀ ခန့်အကြာတွင် ဒီဇင်ဘာ ၁၅ ရက်၌ မအူပင်မြို့နယ်တရားသူကြီးက ကိုဇေယျာလွင်အား အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆(ဃ) အရ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက“NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုတွေ ပိုကြီးလာ တယ် ဆိုပြီးတော့ ပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်သွယ်ရေး ဥပဒေတွေ၊ နိုင်ငံတော် အကြည်ညိုပျက် စေမှုတွေ၊ တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးမှုတွေက များလာတယ်။ ဒီလိုကိစ္စတွေ အမြန်ဆုံးရပ်တန့်ဖို့၊ ဒီဥပဒေတွေ ပြန်လည်ပြုပြင်မှု လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ဒီဥပဒေ မပြင်ခင်မှာပဲ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုလို့၊ အစိုးရ၊ တပ်မတော်ကို ဝေဖန်လို့ ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု ဧရာ ဝတီကို ပြောသည်။

တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့မှာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လှည့်လည်ကာ သံချပ်ထိုးခဲ့ကြပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ တပ်မတော်နှင့်ပတ်သက်သော သံချပ်များ ရေးသား စပ်ဆိုကာ အများပြည်သူကို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ သံချပ်ထိုးသည့်အတွက် သံချပ်အဖွဲ့ဝင် ၅ ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်း ထွန်းနှင့် မကေခိုင်ထွန်း တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တရားရုံးတွင် တပ်မတော်က တရားလို ပြု လုပ်၍ ရာဇဝတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် မရမ်းကုန်း မြို့နယ် တရားရုံးက ၎င်းတို့ ၅ ဦးအား အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ရာဇဝတ်ကြီး ပုဒ်မ ၅၀၅ (က) မှာ တပ်မတော်တွင် အမှုထမ်းနေသော တပ်မတော်သားများကို စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ တာဝန်ဝတ္တရားများကို မလေးစားစေခြင်း၊ ပျက်ကွက်စေခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် (သို့မဟုတ်) ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ထောင်ဒဏ်၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထောင်ဒဏ်ချမှတ်ခံထားရသည့်အတွက် အင်းစိန်ထောင်တွင် အကျဉ်းကျနေစဉ် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်းတို့ကို ဧရာဝတီတိုင်းရှိ ဒေးဒရဲ၊ ဖျာပုံနှင့် မအူပင်မြို့များတွင် သံချပ်ထိုးဖျော်ဖြေသည့်ကိစ္စနှင့် ပတ်သက်၍ ဒုတိယ ဗိုလ်မှူးကြီး သက်နိုင်ဝင်းက တရားလိုပြုလုပ်၍ ယင်းမြို့များ၏ ရဲစခန်းများတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။ အဆိုပါ အမှုများကို ဖျာပုံ၊ ဒေးဒရဲနှင့် မအူပင်မြို့နယ်တရားရုံးများက ပြီးခဲ့သည့် ဇွန်လ တွင် ထောင်ဒဏ် ၁ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်မှုကြောင့် အင်းစိန်ထောင်၌ ထောင်ဒဏ်ကျခံနေရသည့် ကိုဇေယျာလွင်ကို သံချပ်ထိုးမှုအား လူမှု ကွန်ရက် Facebook တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်ဟုဆိုကာ ဒု ဗိုလ်မှူးကြီး သက်နိုင်ဝင်းက အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မအူပင်မြို့၌ ထပ်မံ အမှုဖွင့် တရားစွဲဆိုခဲ့ပြီး မအူပင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ထပ်မံ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်မှာ စုစုပေါင်းထောင်ဒဏ် ၄ နှစ် ၆ လ၊ ကိုပိုင်ရဲသူနှင့် ကိုပိုင် ဖြိုးမင်းတို့မှာ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။ ၎င်းတို့ ၃ ဦးစလုံးမှာ လက်ရှိတွင် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ ထောင်ဒဏ်ကျခံနေရကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး ဦးတိတ်နိုင်က“သံချပ်အဖွဲ့က ကျောင်းသား တွေကို ထပ်ကာထပ်ကာ တရားစွဲတာ၊ ထောင်ချတာတွေ လုပ်တယ်။ စစ်ပွဲရပ်ဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေကို လည်း ဖမ်းဆီးတရားစွဲ၊ ထောင်ချတာတွေလုပ်တဲ့ အနေအထားက ဘယ်လိုမှမဖြစ်သင့်တဲ့ အခြေအနေပါ။ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူ ဆောင်ရွက်တာတွေ မဖြစ်အောင်၊ ဒါမျိုး အမှုတွေ မပေါ် ပေါက်အောင် ဆောင်ရွက်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

ဒီမိုကရေစီ နိုင်ငံတခု၌ ပြည်သူ လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဥပဒေဖြင့် ကာကွယ်ပေးရန် လိုအပ် ကြောင်း၊ ဥပဒေများသည် ပြည်သူကို ကာကွယ်ရန်သာ ဖြစ်ပြီး ပြည်သူကို ဖိနှိပ်ရန် မဟုတ်ကြောင်းနှင့် ပြည်သူ လူထု ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသည့် အီလက်ထရောနစ် ဥပဒေ၊ နိုင်ငံတော် အကြည်ညို ပျက်စေ မှု ဥပဒေနှင့် အခြားသောဥပဒေများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန် လိုအပ်နေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြပြောဆိုကြသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းနိုင် က “ဒီမိုကရေစီ နိုင်ငံမှာ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ပါ။ ပြည်သူကို ဖိနှိပ်ဖို့ မဟုတ်ပါဘူး။ အခုက အစိုးရကိုဝေဖန်ရင်၊ တပ်မတော်ကို ဝေဖန်ရင် အမှု ဖွင့်မယ်၊ ထောင်ချမယ် ဆိုတာက မဖြစ်သင့်ဘူး။ ပြီးတော့ ပြစ်မှုတခုကိုပဲ ပုဒ်မမျိုးစုံနဲ့ ထပ်ခါထပ်ခါ အပြစ်ပေးနေတာမျိုးကလည်း လုံးဝကို မဖြစ်သင့်ပါဘူး။ အဲဒီတော့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ကို ထိခိုက်ခြိမ်းခြောက်နေတဲ့ ဥပဒေတွေကို အစိုးရက အမြန်ဆုံး ပြင်ဆင်ဖို့လည်း တိုက်တွန်းပါတယ်” ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှု များကြောင့် အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၃၅ ဦး ရှိသည်။ ထို့ပြင် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်နေရသူ ၁၉၉ ဦးရှိပြီး အကျဉ်း ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၅၆ ဦး ရှိကြောင်း သိရသည်။

You may also like these story:

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၃ ဦး ဧရာဝတီတိုင်း တရားရုံးများက ထောင်ဒဏ်များချမှတ်

Your Thoughts …
Tags: ၆၆ (ဃ)တပ်မတော်ဒေါင်းတို့မျိုးဆက်သံချပ်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

လူထုသင်္ကြန် ပြန်လာမယ်

လူထုသင်္ကြန် ပြန်လာမယ်

by ဇေယျ (အညာ)
16 April 2024
4.3k

မြန်မာသင်္ကြန်ဆိုတာ အစိုးရသင်္ကြန် မဟုတ်ပါဘူး။ လူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ လူထုသင်္ကြန်ပါ။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Next Post
ဒီဇင်ဘာ ၁ ရက်နေ့က မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတဦးကို သဂြိုဟ်ရန် သယ်ယူလာစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေးတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်တက်လာ

နာမည်ကျော် အစီအစဉ် တင်ဆက်သူ Ellen DeGenere

ထင်မှတ်မထားတဲ့ ကိုဗစ်ရောဂါ လက္ခဏာ ခံစားခဲ့ရတဲ့ Ellen DeGeneres

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved