• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၃ ဦး ဧရာဝတီတိုင်း တရားရုံးများက ထောင်ဒဏ်များချမှတ်

by ဆလိုင်းသန့်စင်
12 June 2020
in သတင်း
A A
၂၀၁၉ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ သံချပ်ထိုးဖျော်ဖြေနေသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ / ဒေါင်းတို့မျိုးဆက်

၂၀၁၉ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ သံချပ်ထိုးဖျော်ဖြေနေသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ / ဒေါင်းတို့မျိုးဆက်

8.5k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က တရားလိုလုပ်၍ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးကို ဧရာဝတီတိုင်းရှိ ဖျာပုံ၊ မအူပင်နှင့် ဒေးဒရဲမြို့နယ် တရားသူကြီး အသီးသီးတို့က အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်းများ စုစည်းထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ၂၀၁၉ ခုနှစ်၊ သင်္ကြန်ကာလအတွင်း ဖျာပုံ၊ မအူပင်နှင့် ဒေးဒရဲမြို့များသို့ လာရောက်ဖျော်ဖြေရာ တပ်မတော်ကို ပုတ်ခတ် စော်ကားသော စကားလုံးများဖြင့် သံချပ်ထိုး၍ လူမှုကွန်ရက် Facebook ၌ တိုက်ရိုက် ထုတ်လွှင့်သည့်အတွက် တပ်မတော်ကိုယ်စား အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး သက်နိုင်ဝင်းက တရားလိုလုပ်၍ ထိုနှစ် ဧပြီလအတွင်း အမှုဖွင့်တရားစွဲ ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်က တရားစွဲဆိုသောအဆိုပါအမှုများနှင့်ပတ်သတ်၍ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်သည့်ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးသူ၊ ကိုပိုင်ဖြိုးမင်းတို့မှာ ပြစ်မှုထင်ရှားသည့်အတွက် ဖျာပုံမြို့နယ်တရားသူကြီးက ဇွန်လ ၁၀ ရက်တွင်လည်းကောင်း၊ မအူပင်မြို့နယ် တရားသူကြီးက ဇွန်လ ၁၁ ရက်တို့တွင်လည်းကောင်း၊ ဒေးဒရဲမြို့နယ်တရားသူကြီးက ဇွန်လ ၁၂ ရက်နေ့တွင်လည်းကောင်း အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်စီ အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုဇေယျာလွင်က“တရားရုံးတွေက ကျနော်တို့ကို ပုံမှန်ချတဲ့ အတိုင်းပဲ ပြစ်ဒဏ်တွေကို ချနေတာဖြစ်တယ်။ ဒါဟာ တရားစီရင်ရေးရဲ့မျှတမှု မဟုတ်ဘူး။ တပ်ကနေ နိုင်ငံရေးအရ တရားစွဲတယ်ဆိုရင် ဘယ်လိုပုံစံမျိုးပဲစွဲစွဲ တရားရုံးတွေက ပုံမှန်အမိန့်ချကိုချရမယ်ဆိုတဲ့ ပုံစံမျိုး ရှိနေတယ်။ ဒါက တရားစီရင်ရေးအတွက် မကောင်းတဲ့အချက်ဖြစ်နေတယ်။ တပ်ပဲဖြစ် ဖြစ် အစိုးရပဲ ဖြစ်ဖြစ် တရားစွဲလို့ရှိရင် တရားမျှတမှုတော့ ရှိကိုရှိရမယ်”ဟု ဧရာဝတီကို ပြောသည်။

ဖျာပုံ၊ မအူပင်နှင့် ဒေးဒရဲမြို့နယ်တရားရုံးတို့မှ ထောင်ဒဏ်များချမှတ်ခံခဲ့ရသည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်း

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင်သံချပ်ထိုးဖျော်ဖြေမှုနှင့်ပတ်သက်၍ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွန်းနှင့် မကေခိုင်ထွန်းတို့အား မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နှင့်
ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။

ထိုအတွက် အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်းတို့ကို ဖျာပုံနှင့် မအူပင် ထောင်များသို့ လွဲှပြောင်းပို့ဆောင်၍ ဧရာဝတီတိုင်း၌ စွဲဆိုထားသောအမှုများကို ကြားနာစစ်ဆေးကာ မြို့နယ်တရားသူကြီး များက ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရာဇဝတ်ကြီးပုဒ်မ ၅၀၅ (က) မှာ တပ်မတော်တွင်အမှုထမ်းနေသော တပ်မတော်သားများကို စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ တာဝန်ဝတ္တရားများကို မလေးစားစေခြင်း၊ ပျက်ကွက်စေခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် (သို့မဟုတ်) ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ – HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးက “သံချပ် ဆိုတာ မြန်မာ့ရိုးရာသင်္ကြန်မှာ စင်မြင့်ပေါ်မှာ လူထုက မကျေနပ်တာတွေ၊ လိုအပ်ချက်တွေကို ပြည်သူ့ကိုယ်စား ထောက်ပြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက် ရှိခဲ့တယ်။ ဒီမိုကရေစီအစိုးရလက်ထက်ကျမှ သံချပ်ထိုးလို့ထောင်ကျတယ်ဆိုတာက မဖြစ် သင့်ပါဘူး။ ဒါဟာ လွတ်လပ်စွာဖွင့်ဟထုတ်ဖော်ပိုင်ခွင့် ပျောက်ဆုံးတယ်။ ဒီမိုကရေစီဆိတ်သုဉ်းတဲ့ဖြစ်ရပ်လို့ပဲ ပြောချင် တယ်”ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဟောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ သင်္ကြန်ကာလအတွင်း သံချပ်စာသားများကို ဆင်ဆာအဖွဲ့သို့ မတင်ပြခြင်း ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆုပေးမဏ္ဍပ်များတွင် စင်ပေါ်တက် ဖျော်ဖြေခွင့် ပိတ်ပင်ခံရသည့် သံချပ်အဖွဲ့ဖြစ်သည်။

သံချပ်အဖွဲ့မှာ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ဒေးဒရဲ၊ ဖျာပုံနှင့် မအူပင်မြို့များတွင် လာရောက်၍ သံချပ်ထိုးဖျော်ဖြေခဲ့ပြီး အဆိုပါဖျော်ဖြေမှုနှင့်ပတ်သက်၍ ၁၄ လ အကြာတွင် ဧရာဝတီတိုင်း၌ ရုံးတင်တရားစွဲဆိုခံရပြီး ထောင်ဒဏ်များချမှတ်ခံရခြင်းဖြစ်သည်။

၎င်းတို့ ၃ဦးကို ဒေးဒရဲမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ် ပြီးနောက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးကို ရဲတပ်ဖွဲ့က အချုပ်ကားဖြင့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်း ထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

မင်းရာဇာအမှု တရားရုံး ၁ရုံးတည်း၌ စစ်ရန် လျှောက်ထားချက် မကြာမီ အမိန့်ချမည်

အဂတိဖြင့် ထောင်၁ နှစ် ချခံရသည့် သတ္တုတွင်း ညွှန်မှူးအမှု ပြန်သုံးသပ်ရန် တင်ပြမည်

Your Thoughts …
Tags: တပ်မတော်ဒေါင်းတို့မျိုးဆက်သံချပ်ဧရာဝတီတိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.7k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

Next Post
တရားမဝင် ဝင်လာသူများကို တားဆီးကာကွယ်ရန် ဆန္ဒပြနေသော မောင်တောမြို့ခံတချို့  / Sein Hla Pru / Facebook

တရားမဝင် ဝင်ရောက်လာသူများ အရေး မောင်တောဒေသခံတချို့ ဆန္ဒပြ

Amazon သူဌေး Jeff Bezos

ကိုဗစ်ကာလမှာ ပိုချမ်းသာလာတဲ့ ဘီလီယံနာများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved