• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မင်းရာဇာအမှု တရားရုံး ၁ရုံးတည်း၌ စစ်ရန် လျှောက်ထားချက် မကြာမီ အမိန့်ချမည်

by ထက်ခေါင်လင်း
12 June 2020
in သတင်း
A A
မေလအတွင်းက မြောက်ဥက္ကလာပ တရားရုံး၌ တွေ့ရသည့် သရုပ်ဆောင် မင်းရာဇာအား  / ထက်ဝေ / ဧရာဝတီ

မေလအတွင်းက မြောက်ဥက္ကလာပ တရားရုံး၌ တွေ့ရသည့် သရုပ်ဆောင် မင်းရာဇာအား / ထက်ဝေ / ဧရာဝတီ

15.3k
VIEWS
Share on FacebookShare on Twitter

ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ အမှုကို တရားရုံး၂ ရုံး၌ စစ်ဆေးနေရာမှ အရှေ့ပိုင်းခရိုင် တရားရုံး တခုတည်းတွင်သာ ပေါင်း၍ စစ်ရန် လျှောက်ထားချက်ကို လာမည့် ဇွန်၂၂ ရက်တွင် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။

၎င်း၏ အမှုကို ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးနှင့် မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတို့တွင် စစ်ဆေးနေခြင်းဖြစ်ပြီး၊ အမှုများကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တပေါင်းတည်း စစ်ဆေးရန် ရုံးပြောင်း လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၏ သတင်းနှင့် ပြန်ကြာေးရးအရာရှိ ဦးအောင်နေမျိုး က “မြောက်ဥက္ကလာပ တရားရုံးက ရုံးပြောင်း လျှောက်ထားတာကို ကျနော်တို့ မေလ ၁၅ ရက်က လက်ခံ ရရှိခဲ့တယ်။ ဇွန်၂၂ နေ့လယ်၂ နာရီမှာ အမှု တပေါင်း တည်း စစ်ဖို့ ဆုံးဖြတ်မယ်။ လက်ခံ မခံကိုပေါ့” ဟု ဆိုသည်။

မြောက်ဥက္ကလာပ တရားရုံး၌ မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယောက္ခမ ဖြစ်သူ(မဖူးငုံပွင့်၏ ဖခင်) ဦး မောင်မောင်အေး တို့ကို အိမ်အကူ မိန်းကလေးအား အက်စစ်ဖြင့် ပက်ခြင်း၊ တူဖြင့် ထုခြင်း၊ ဓားဖြင့် မွှန်းခြင်း စသည့်တို့အ တွက် ရာဇသတ်ကြီး ပုဒ်မ ၃၂၄ (သာမန် နာကျင်စေမှု) ၊ ၃၂၅ (အပြင်းအထန် နာကျင်စေမှု ၊ ၃၅၄ (အမျိုးသမီး ကာအိန္ဒြေ ပျက်စီးစေမှု) ၊ ၁၁၄ (အား ပေးကူညီမှု) တို့ဖြင့် အမှု ရင်ဆိုင်နေရလျက်ရှိသည်။

အဆိုပါ အိမ်အကူ မိန်းကလေးမှာ မင်းရာဇာ၏ နှစ်နှင့်ချီကြာ လိင်အကြမ်းဖက်ခံခဲ့ရသည့် အပြင် ခန္ဓာကိုယ်အောက်ပိုင်းကို ဓားဖြင့်မွှန်းခြင်း၊ အက်စစ်ဖြင့် ပက်ခြင်း ဒဏ်ရာများ၊ တူဖြင့် ထုသည့် ဦးခေါင်းဒဏ်ရာများ ရရှိခြင်းများကြောင့် ယနေ့ အချိန် အထိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း ကျူးလွန်ခံခဲ့ရသည့် အမျိုးသမီးငယ်၏ မိခင်ဖြစ်သူ ဒေါ်သင်းသင်း ခိုင်(တရားလို)၏ ပြောပြချက်များအရ သိရကြောင်း ၎င်းတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယနေ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးမည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိန်းမှု) အမှုကို တရားလို ဖြစ်သူ ဒေါ်သင်းသင်းခိုင် မလာရောက်သည့်အတွက် မစစ်ဖြစ်ခဲ့ပေ။ ထို့ကြောင့် လာမည့် ဇွန် ၁၉ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။

ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး၏ သမ္မာန်စာ ဆင့်ခေါ်မှုသည် တရားလိုဖြစ်သူ ဒေါ်သင်းသင်းခိုင် လက်ထဲသို့ ရောက်ရှိ ခဲ့ခြင်း မရှိဘဲ ယနေ့ မနက်ပိုင်းမှ ရဲတပ်ဖွဲ့မှ ဖုန်းဆက် အကြောင်းကြားခဲ့သည်ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။ ဆက်ပြောသည်။

“သမ္မာန်စာ ဆင့်ခေါ်တယ် ဆိုတာ တကယ်တော့ တရားလို ဒေါ်သင်းသင်းခိုင် သိကို မသိတာ။ ဒီနေ့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးချိန်းကိုလည်း သူမသိဘူး။ ဒီမနက်မှ ရဲတပ်ဖွဲ့က သူ့ဆီ ဖုန်းဆက်တယ်၊ ကျမကို ရုံးချိန်း လာဖို့ ပြောတယ်ဆိုတာ သိတယ်လို့ ကျနော့ကို ဖုန်းနဲ့လှမ်းပြောတယ်” ဟု ၎င်းကဆိုသည်။

တရားလိုများဘက်မှလည်း တရားရုံးတခုတည်းတွင် အမှုအားလုံးကို တပေါင်းတည်း စစ်ဆေးမှုကို လက်ခံသည့် အတွက် ယနေ့ မနက်ပိုင်းတွင် ရုံးပြောင်းသင့်ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးသို့ လျှောက်လွှဲချက်များ သွားရောက် တင်ပြခဲ့သည် သူကဆက်ပြောသည်။

ဦးရောဘတ်စန်းအောင်က “တရားလိုတွေက နယ်မှာနေတာဗျ။ ရုံးချိန်း တခေါက်တခေါက် လာဖို့ဆိုတာ သူတို့မှာ အခက် အခဲတွေ အများကြီးဗျ။ ခရီး စရိတ်တင် မကဘူး။ နဂိုထဲက ဆင်းရဲတဲ့သူတွေလေ။ အဲဒီအတွက် မြောက်ဥက္ကလာပ တရား ရုံးမှာ ရုံးချိန်းက တခါ၊ အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးချိန်းက တခါဆို သူတို့ သွားလာနေရတာ ဘယ်လိုလုပ် အဆင်ပြေ မလဲ” ဟု ဆိုသည်။

နောက် ရုံးချိန်းတွင် တရားလိုဖြစ်သူကို ဆင့်ခေါ်စာ ပေးပို့သွားမည် ဖြစ်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး၊ သတင်း နှင့် ပြန်ကြားရေးအရာရှိ ဦးအောင်နေမျိုးက ပြောသည်။

ဦးအောင်နေမျိုးက “ကျနော်တို့က မှုခင်း စီမံခန့်ခွဲ ပုံစံအရ နိုဝင်ဘာ ၆ ရက်မှာ စွဲချက်တင်သင့်၊ မသင့်အမိန့်ကို ချနိုင်ဖို့ အတွက် စီမံထားခဲ့ပါတယ်။ အခု တရားလို မလာတော့ ရုံးချိန်း တချိန်းတော့ နစ်နာသွားတာပေါ့။ ဒါပေမယ့် တရားလို ဘက်က မလာဘဲ ပျက်ကွက်တဲ့အတွက် ဒီအမှုကတော့ ပျက်ပြယ်သွားမှာတော့ မဟုတ်ပါဘူး။ တရားလိုဘက်က သက်သေ တင်ထားတာ ၁၆ ဦး ရှိတယ်” ဟု ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11

အဆိုပါ အိမ်အကူအမျိုးသမီးငယ်မှာ အသက် ၁၄ နှစ် အရွယ်ရှိပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်က ဧရာဝတီတိုင်းရှိ ကျေးရွာ တခုမှနေ ရန်ကုန်မြို့သို့ တက်ရောက်လာကာ အိမ်အကူအလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး တရားစွဲခံရမှုများ အပေါ် သရုပ်ဆောင် မင်းရာဇာ က “ထင်နေကြတဲ့အတိုင်း အားလုံးက မဟုတ်ပါဘူး။ အသံဖိုင်တွေထဲက အကုန်အမှန်တွေ မဟုတ်ပါဘူး။ ကျနော် တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာပါ” ဟု မေလအတွင်း ရုံးချိန်းတခု၌ ဧရာဝတီသို့ ပြောဆိုသွားသည်။

ဆက်စပ်ဖတ်ရှုရန်

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား

မင်းရာဇာအမှု တရားစွဲတင်ရာတွင် ဥပဒေနှင့် မညီမှုများရှိဟု ရှေ့နေထောက်ပြ

မင်းရာဇာအမှုမှ အက်ဆစ်ဖြင့် အပက်ခံရသည့် မိန်းကလေး ဆေးရုံဆင်းခွင့် ရတော့မည်

Your Thoughts …
Tags: မင်းရာဇာမုဒိန်းမှုအရှေ့ပိုင်းခရိုင်တရားရုံးအိမ်အကူ
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

အလုပ်ရှင် ဂိုင်ယာသီရိ မူရူဂါယန်နှင့် မပိုင်ငေးဒွန်

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

by Jean Lau
29 June 2023
6.5k

သေမှုသေခင်း စစ်ဆေးမှုအရ မပိုင်ငေးဒွန်၏ ခန္ခာကိုယ်တွင် အမာရွတ် ၃၁ ခုနှင့် ပြင်ပဒဏ်ရာ ၄၇ ခု ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇော် / ဧရာဝတီ

ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ

by ထွန်းထွန်း
9 April 2020
33.2k

အမှု အခြေအနေများ၊ အိမ်ဖော်မိန်းကလေး၏ ကျန်းမာရေးအခြေအနေနှင့် ၎င်းပြောပြသည့် ဖြစ်စဉ်များအား ဆေးရုံသို့ ရောက်ရှိနေသည့် ကာယကံရှင်မိန်းကလေး၏ မိဘ ၂ ဦးနှင့် ဆွေမျိုးနီးစပ်သူတို့အား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တန်းစီနေကြသူများ

အရှေ့အလယ်ပိုင်း နိုင်ငံများရောက် မြန်မာအလုပ်သမများ အခက်အခဲကြုံ

by ဧရာဝတီ
20 October 2022
2.3k

ယခုနှစ်ပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် ငွေကြိုပေးစရာမလိုဘဲ လုပ်ခ လစာ ကျပ် ၁၀သိန်း ဝန်းကျင်ရရှိမည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်မှုများ မြင့်တက်လာသည်။

၂၀၁၅ မှ ၂၀၂၀ အတွင်း နှိပ်စက် ညှဉ်းပန်းခံရသည့် အလုပ်သမား တချို့၏ ပုံများ / ဧရာဝတီ

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

by သဇင်လှိုင်
7 March 2020
24.9k

၂၀၁၅ ခုနှစ်မှ ယခု ၂၀၂၀ အထိ လူသိထင်ရှား ဖြစ်ပွားခဲ့သည့် လုပ်သားများ နှိပ်စက်ညှင်းပန်းခံရမှု အမှုများစွာ ရှိခဲ့သည်။

ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်တွင် နောက်ဖေးလမ်းကြားထဲတွင် တွေ့ရသည့် လူငယ် ၅ ဦး / ဓာတ်ပုံ - CJ

ဗိုလ်တထောင် တိုက်ပေါ်ခုန်ချမှု ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ပထမဆုံးအကြိမ် ရုံးထုတ်

by ဧရာဝတီ
10 September 2021
29.8k

သူ့ရဲ့ ဘယ်ဘက်ခြေထောက်က လှမ်းလျှောက်ရင် ဆာနေသေးတယ်။ ချောင်းဆိုရင် ခါးက နာနေတယ်။ ခုန်ချတဲ့ တခြားနှစ်ဦးကတော့ ဆေးရုံမှာပဲ ရှိနေသေးလို့ တရားသူကြီးက ဗီဒီယိုနဲ့ ခေါ်တယ်လို့တော့ သိရပါတယ်

လူမှု ကွန်ရက်တွင် မျှဝေနေကြသည့် မင်းရာဇာ အဖမ်းခံရသည့် ပုံများ

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား

by ရွှေရည် & မယ်လွန်း
19 April 2020
31.2k

သမီး တက်သွားတဲ့အချိန် (မြို့တက်အလုပ်လုပ်ချိန်) ကို အမေတို့ မှတ်ထား၊ အမေတို့ ဘယ်တော့မှ စိတ်မ ဆင်းရဲရဘူး၊ သမီး အမေတို့ကို ရှာကျွေးမယ်ဆိုပြီး ၁၀ နှစ်သမီးကတည်းကနေ သူတက်သွားတယ်

Next Post
၂၀၁၉ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ သံချပ်ထိုးဖျော်ဖြေနေသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ / ဒေါင်းတို့မျိုးဆက်

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၃ ဦး ဧရာဝတီတိုင်း တရားရုံးများက ထောင်ဒဏ်များချမှတ်

တရားမဝင် ဝင်လာသူများကို တားဆီးကာကွယ်ရန် ဆန္ဒပြနေသော မောင်တောမြို့ခံတချို့  / Sein Hla Pru / Facebook

တရားမဝင် ဝင်ရောက်လာသူများ အရေး မောင်တောဒေသခံတချို့ ဆန္ဒပြ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved