• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဗိုလ်တထောင် တိုက်ပေါ်ခုန်ချမှု ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ပထမဆုံးအကြိမ် ရုံးထုတ်

by ဧရာဝတီ
10 September 2021
in သတင်းတို
A A
ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်တွင် နောက်ဖေးလမ်းကြားထဲတွင် တွေ့ရသည့် လူငယ် ၅ ဦး / ဓာတ်ပုံ - CJ

ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်တွင် နောက်ဖေးလမ်းကြားထဲတွင် တွေ့ရသည့် လူငယ် ၅ ဦး / ဓာတ်ပုံ - CJ

29.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးစဉ် တိုက်ပေါ်မှ ခုန်ချခဲ့ သူများထဲက တဦးဖြစ်သူ ကိုရဲမင်းဦးနှင့် ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ ၄ ဦးအား အရှေ့ပိုင်းခရိုင်တရားရုံး၌ ယနေ့ (စက်တင်ဘာ ၁၀ ရက်) ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

တရားရုံးထုတ်ခဲ့သူများမှာ ကိုရဲမင်းဦး၊ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်၊ မပိုးကျော့ကျော့ခန့်၊ ၎င်းတို့နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ တက္ကစီအငှားယာဉ်မောင်းတို့ ဖြစ်သည်။

ကိုရဲမင်းဦးနှင့်အတူ တိုက်ပေါ်မှ ခုန်ချသူများထဲက အသက်ရှင်ကျန်သူ နှစ်ဦးဖြစ်သည့် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာအောင် တို့မှာ ဆေးရုံတွင် ဆက်လက် ကုသနေရဆဲ ဖြစ်သည့်အတွက် ယနေ့ ရုံးထုတ်ရာ၌ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

ကိုရဲမင်းဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ ဖခင်က “သူ့ရဲ့ ဘယ်ဘက်ခြေထောက်က လမ်းလျှောက်ရင် ဆာနေသေးတယ်။ ချောင်းဆိုးရင် ခါးက နာနေတယ်။ ခုန်ချတဲ့ တခြားနှစ်ဦးကတော့ ဆေးရုံမှာပဲ ရှိနေသေးလို့ တရားသူကြီး က ဗီဒီယိုနဲ့ ခေါ်တယ်လို့တော့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကိုရဲမင်းဦး အပါအဝင် ဖမ်းဆီးခံရသူများအား ပုဇွန်တောင်ရဲစခန်းနှင့် ဗိုလ်တထောင်ရဲစခန်းများ၌ ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်တွေ့ရှိမှု၊ အားပေးကူညီမှုများဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း၊ လာမည့် ရုံးချိန်းကို စက်တင်ဘာ ၂၄ ရက်တွင် ပြန်ချိန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းက ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ နေအိမ်တိုက်ခန်း တခုအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းစဉ် ကိုရဲမင်းဦး၊ ကိုဝေယံထက်၊ မဝေဝေမြင့်၊ ကိုဝေဇော်ဖြိုးနှင့် ကိုမင်းသစ္စာအောင် ဆိုသူ တို့သည် တိုက်နောက်ဘက်သို့ ခုန်ချခဲ့ရာ မဝေဝေမြင့်နှင့် ကိုဝေဇော်ဖြိုးတို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထိုသို့ ဝင်ရောက် စီးနင်းစဉ် ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နှင့် မပိုးကျော့ကျော့ခန့်တို့အား လက်လုပ်ဗုံး ၁၆ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

You may also like these stories:

၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီ ထုတ်ပြန်ချက် မျက်မြင်အခြေအနေနှင့် ကွဲလွဲနေ

တိုက်ပေါ်က ခုန်ချပြီး အသက်ရှင်နေသေးသည်ဆိုသည့် လူငယ် ၃ ဦး မိသားစုနှင့် တွေ့ခွင့်မရ

Your Thoughts …
Tags: ဗိုလ်တထောင်ရုံးထုတ်အရှေ့ပိုင်းခရိုင်တရားရုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပေါ်မှ ခုန်ချခဲ့သည့် လူငယ်များ အခြေအနေ  / CJ

၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီ ထုတ်ပြန်ချက် မျက်မြင်အခြေအနေနှင့် ကွဲလွဲနေ

by ဧရာဝတီ
11 August 2021
62.4k

ပြုတ်ကျတဲ့ အချိန်မှာ လှုပ်နေတဲ့လူတွေက လှုပ်နေသေးတယ်။ အဲဒီအချိန်မှာ သေနတ်ဒင်နဲ့ ရိုက်တာ၊ ထုတာထောင်းတာမျိုး အဝေးကနေ လှမ်းမြင်လိုက်တယ်။ သေနတ်ဒင်တွေနဲ့ ဝိုင်းရိုက်တာ၊ ဝိုင်းထုတာ ရဲတွေနဲ့ စစ်သားတွေနဲ့ ရိုက်တာ

၂၀၂၁ ဖေဖော်ဝါရီလ ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦးက ရဲများအား ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ဝေငှစဉ် / ဧရာဝတီ

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

by ဧရာဝတီ
25 February 2022
15.1k

"မနေ့က ဇမ္ဗူသီရိတရားရုံးမှာ ပထမဆုံး ရုံးထုတ်ပါတယ်။ ပုဒ်မကတော့ ၅၀၅ (က) ရယ် ရဲစည်းကမ်းရယ် နှစ်ခုနဲ့ အမှု ဖွင့်ခံထားရပါတယ်" ဟု ဒုရဲမှူးကြီးဇော်ဝင်းကို၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

Beauty Blogger ဝင်းမင်းသန်း  / Win Min Than's Facebook

Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့

by ဧရာဝတီ
7 April 2021
15.1k

ဝင်းမင်းသန်းက ရုံးထုတ်စဉ်မှာ ထဘီ ဝတ်ဆင်ကာ၊ ပဝါဖြူကို ခြုံထားပြီး ရုံးထုတ်က အထွက်မှာတော့ လက် ၃ ချောင်း ထောင်ပြသွားသေးကြောင်း သိရပါတယ်။

အခုလည်း ဒီအတိုင်း ရှိနေသည့် အစိုးရ သတင်းစာသတင်းများ

ဝေါမြို့က သတင်းသည်

by ကိုရွှေအောင်
5 July 2022
11.4k

ဆရာမောင်ဝံသနှင့် တခေါက်ဆုံဖူးပြီး စကားတွေ အများကြီး ပြောဖြစ်ခဲ့ပုံတွေလည်း ဆရာ့စာအုပ်ဖတ်နေရင်း ပြန်ပြောင်းအမှတ်ရနေမိသည်။

မေလအတွင်းက မြောက်ဥက္ကလာပ တရားရုံး၌ တွေ့ရသည့် သရုပ်ဆောင် မင်းရာဇာအား  / ထက်ဝေ / ဧရာဝတီ

မင်းရာဇာအမှု တရားရုံး ၁ရုံးတည်း၌ စစ်ရန် လျှောက်ထားချက် မကြာမီ အမိန့်ချမည်

by ထက်ခေါင်လင်း
12 June 2020
15.3k

ယနေ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးမည့် မုဒိန်းမှု ဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အမှုကို တရားလို မရောက်လာသည့်အတွက် မစစ်ဖြစ်ခဲ့ပေ။ အဆိုပါ အမှုကို လာမည့် ဇွန် ၁၉ ရက်သို့...

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ရန်ကုန်မြို့ရှိ ရုရှားသံရုံးရှေ့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်က  ပြည်သူများ တောင်းဆိုနေကြစဉ် (ဓာတ်ပုံ- ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးတော့မည်

by ဧရာဝတီ
10 May 2021
40.4k

ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများနှင့် လူချင်းတွေ့ဆုံခွင့် ထပ်မံ တောင်းဆိုခဲ့ပြီး ရှေ့နေများကလည်း ရုံးတော်သို့ တင်ပြရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကမူ ထိုသို့ တွေ့ဆုံခွင့်ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနေသည်ဟု

Next Post
ကိုဗစ်တတိယလှိုင်းတွင် လူနာများကို လိုက်ပါကူညီနေသည့် ပရဟိတ အသင်းသားများ / ဧရာဝတီ

မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှု ကျဆင်းသည်ဆိုသော်လည်း နယ်များတွင် ဖြစ်ပွားမြင့်နေ

စစ်ကောင်စီဟာ လုံခြုံရေးအတွက် အကြီးအကျယ် စိန်ခေါ်မှုကို ခံနေရပြီ (ရုပ်/သံ)

စစ်ကောင်စီဟာ လုံခြုံရေးအတွက် အကြီးအကျယ် စိန်ခေါ်မှုကို ခံနေရပြီ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved