• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးတော့မည်

by ဧရာဝတီ
10 May 2021
in သတင်း
A A
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ရန်ကုန်မြို့ရှိ ရုရှားသံရုံးရှေ့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်က  ပြည်သူများ တောင်းဆိုနေကြစဉ် (ဓာတ်ပုံ- ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ရန်ကုန်မြို့ရှိ ရုရှားသံရုံးရှေ့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်က ပြည်သူများ တောင်းဆိုနေကြစဉ် (ဓာတ်ပုံ- ဧရာဝတီ)

40.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို အွန်လိုင်းမှ မဟုတ်တော့ဘဲ လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးတော့မည်ဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများထံက သိရသည်။

ယနေ့ မေလ ၁၀ ရက် ရုံးချိန်းအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဒေါ်အောင်ဆန်းစု ကြည်ကို Video Conferencing ဖြင့် ရုံးထုတ်ခဲ့ပြီး နောက်လာမည့် ရုံးချိန်းမှ စတင်ကာ လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးရန် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

“အခု ပုံစံအရက ကွန်ဖရန်းဇင်းနဲ့ မဟုတ်တော့ဘဲနဲ့ သီးသန့်တရားရုံးမှာ တရားခွင်ပုံစံအတိုင်းပဲ ရုံး ထုတ်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မေလ ၇ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၈၆/၂၀၂၁ အရ ယခု စွဲဆို ထားသည့် အမှုများအားလုံးအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် မြနန်းဘုံသာ လမ်းရှိ သီးသန့် တရားရုံးတွင် ရုံးထုတ် စစ်ဆေးတော့မည် ဖြစ်ကြောင်း ပါရှိသည်။

ယနေ့ တရားခွင်တွင်မူ ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများနှင့် လူချင်း တွေ့ဆုံခွင့် ထပ်မံ တောင်းဆိုခဲ့ပြီး ရှေ့နေများကလည်း ရုံးတော်သို့ တင်ပြရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကမူ ထိုသို့ တွေ့ဆုံခွင့်ရရှိရေး အတွက် အမြန်ဆုံး ဆောင်ရွက်ပေးနေသည်ဟု ရုံးတော်သို့ ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သူ၏ရှေ့နေတို့သည် တရားခွင်တွင် အွန်လိုင်းစနစ်ဖြင့်ပြုလုပ်သော ဗီဒီယို ကွန်ဖရန်းဇင်းတွင် မြင်တွေ့ရသည်မှ လွဲ၍ ယနေ့ထိ လူချင်း တွေ့ဆုံခွင့် မရသေးပေ။

လာမည့် ရုံးချိန်းတွင် လူကိုယ်တိုင် ရုံးထုတ်မည်ဖြစ်သောကြောင့် သီးသန့်တရားရုံးရှိ တရားခွင်ထဲတွင် လူချင်း တွေ့ရမည်ဖြစ်သော်လည်း ရှေ့နေနှင့်အမှုသည်တို့ အမှုကိစ္စများ တိုင်ပင်ရန် သီးသန့်လူချင်း တွေ့ ဆုံခွင့် ရရှိရန် ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပါ။

နိုင်ငံရေး လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးမည်ဆိုခြင်းမှာ အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ လာရောက်မည်ဆိုသည့် ခရီးစဉ်ကြောင့် ဖြေလျော့ပေးခြင်းနှင့် သက်ဆိုင်နိုင်ကြောင်း သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဥပဒေဖြင့်၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ၁ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ၁ မှု စုစုပေါင်း အမှု ၅ မှုဖြင့် ရင်ဆိုင်နေရသည်။

ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံံးတွင်လည်း နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ပုဒ်မ (၃) ဖြင့် ယခု ဧပြီလအတွင်းက တရားစွဲတင်ခံထားရသေးသည်။

ယင်းအမှုများ အားလုံးအတွက် လာမည့် ရုံးချိန်းကို မေလ ၂၄ ရက်ကို ပြန်လည် ချိန်းဆိုထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ဒေါ်အောင်ဆန်းစုကြည်အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၏ အမှုများကိုလည်း ယင်းတရားရုံးတွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။

You may also like these stories:

ဦးဝင်းထိန်အမှုကို အွန်လိုင်းမှ မဟုတ်ဘဲ လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးတော့မည်

NUG က ပြည်ထောင်စုဝန်ကြီး၂ ဦးနှင့် ဒုဝန်ကြီး ၄ ဦး ထပ်မံ ခန့်အပ်

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ ဆုံခွင့်မရ

Your Thoughts …
Tags: Video Conferencingဒေါ်အောင်ဆန်းစုကြည်အမှုရုံးထုတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၂၁ ဖေဖော်ဝါရီလ ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦးက ရဲများအား ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ဝေငှစဉ် / ဧရာဝတီ

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

by ဧရာဝတီ
25 February 2022
15.1k

"မနေ့က ဇမ္ဗူသီရိတရားရုံးမှာ ပထမဆုံး ရုံးထုတ်ပါတယ်။ ပုဒ်မကတော့ ၅၀၅ (က) ရယ် ရဲစည်းကမ်းရယ် နှစ်ခုနဲ့ အမှု ဖွင့်ခံထားရပါတယ်" ဟု ဒုရဲမှူးကြီးဇော်ဝင်းကို၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်တွင် နောက်ဖေးလမ်းကြားထဲတွင် တွေ့ရသည့် လူငယ် ၅ ဦး / ဓာတ်ပုံ - CJ

ဗိုလ်တထောင် တိုက်ပေါ်ခုန်ချမှု ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ပထမဆုံးအကြိမ် ရုံးထုတ်

by ဧရာဝတီ
10 September 2021
29.8k

သူ့ရဲ့ ဘယ်ဘက်ခြေထောက်က လှမ်းလျှောက်ရင် ဆာနေသေးတယ်။ ချောင်းဆိုရင် ခါးက နာနေတယ်။ ခုန်ချတဲ့ တခြားနှစ်ဦးကတော့ ဆေးရုံမှာပဲ ရှိနေသေးလို့ တရားသူကြီးက ဗီဒီယိုနဲ့ ခေါ်တယ်လို့တော့ သိရပါတယ်

Beauty Blogger ဝင်းမင်းသန်း  / Win Min Than's Facebook

Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့

by ဧရာဝတီ
7 April 2021
15.1k

ဝင်းမင်းသန်းက ရုံးထုတ်စဉ်မှာ ထဘီ ဝတ်ဆင်ကာ၊ ပဝါဖြူကို ခြုံထားပြီး ရုံးထုတ်က အထွက်မှာတော့ လက် ၃ ချောင်း ထောင်ပြသွားသေးကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှုကို လိုက်ပေးနေသည့် ရှေ့နေဦးခင်မောင်ဇော်နှင့်အတူ တွေ့ရသည့် ဦးယုယချစ်နှင့် ဒေါ်မင်းမင်းစိုး  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်၏အမှု လိုက်မည့်သူများ ရှေ့နေပါဝါ ရရှိ

by ဧရာဝတီ
25 March 2021
19.2k

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့၏ အမှု များအတွက် တရားလွှတ်တော်ရှေ့နေများဖြစ်သော ဒေါ်မင်းမင်းစိုးနှင့် ဦယုယချစ် တို့က ဆောင်ရွက်ခွင့်ရမည်

၂၀၂၀ ခုနှစ် စက်တင်ဘာလက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အတူတွေ့ရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အတွက် ဒေါက်တာဇော်မြင့်မောင် တရားရုံးလာရောက် သက်သေထွက်ဆိုဖို့ ပျက်ပြယ်

by ဧရာဝတီ
23 November 2021
6.8k

မန္တလေး အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသည့် ဒေါက်တာ ဇော်မြင့်မောင်အနေဖြင့် ရောဂါဝေဒနာများ ခံစားနေရသည့်အတွက် ခရီးမသွားသင့်ဟု အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးအရာရှိတဦးက မှတ် ချက် ပြုထားခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

ရပ်တည်ချက် မယိမ်းယိုင်ကြောင်း ပြလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

by ဧရာဝတီ
10 June 2021
40.6k

ယခင် စစ်အစိုးရ လက်ထက် နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ခန့် ထိန်းသိမ်းခံထားရစဉ်မှာလည်း အာဏာရှင်တွေ ရဲ့ ထောက်ပံ့ပေးအပ်တာတွေကို ရယူခဲ့တာ မရှိဘဲ ကိုယ်တိုင် ခက်ခက်ခဲခဲ ရပ်တည်ခဲ့တာ ဖြစ်တယ်လို့ သူမနဲ့ အနီးကပ်ရှိ ခဲ့သူချို့က ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်

Next Post
၂၀၁၅ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် ညီလာခံတွင် တွေ့ရသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး / ဧရာဝတီ

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာမည် ဟု KNU ဥက္ကဋ္ဌ ထုတ်ပြန်

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ စာရင်းဇယား

အကြမ်းဖက်မှု ရပ်ဖို့ အာဆီယံ ပြောသော်လည်း စစ်ကောင်စီ၏ သတ်ဖြတ်မှု တိုးလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved