• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဝင်းထိန်အမှုကို အွန်လိုင်းမှ မဟုတ်ဘဲ လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးတော့မည်

by ဧရာဝတီ
7 May 2021
in သတင်း
A A
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) နာယကအဖွဲ့ဝင် ဦးဝင်းထိန် / ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) နာယကအဖွဲ့ဝင် ဦးဝင်းထိန် / ဧရာဝတီ

22.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးဝင်းထိန်အမှုကို အွန်လိုင်းမှ မဟုတ်တော့ဘဲ ထောင်တွင်း သီးသန့်တရားရုံးဖြင့် လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးတော့မည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ဦးဝင်းထိန်ကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဗီဒီယိုကွန်ဖရန်းဇင်းစနစ်ဖြင့် ရုံးထုတ်ခဲ့ပြီး နောက်တပတ်ရုံးချိန်းမှစ၍ အွန်လိုင်းစနစ်ဖြင့် မလုပ်တော့ဘဲ သီးသန့်တရားရုံးဖြင့် ရုံးထုတ်စစ်ဆေးရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယခု တရားလိုကိုစတင်စစ်ဆေးရမည့် ရုံးချိန်းဖြစ်သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမိန့်အမှတ် ၁၄၈/၂၀၂၁ အရ တရားစီရင်ရေး အဆင်ပြေချောမွေ့စေရန်အလို့ငှာ နေပြည်တော်အချုပ်ထောင်အနီးရှီ သီးသန့်တရားရုံးတွင် လာမည့်ရုံးချိန်းတွင် တရားလိုကိုစတင်စစ်ဆေးရန် အမိန့်ထုတ်လိုက်ကြောင်း သိရသည်။

သီးသန့်တရားရုံးဖြင့် စတင်စစ်ဆေးတော့မည့် လာမည့်ရုံးချိန်းကို မေလ ၁၄ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

“နောက်ရုံးချိန်းကျရင်တော့ ကျမတိုထောင်မှာသွားစစ်ရမယ်။ ကွန်ဖရန်းဇင်းနဲ့မဟုတ်တော့ဘူး။ နေပြည်တော် အချုပ်ထောင်အတွင်းမှာရှိတဲ့ သီးသန့်တရားရုံးမှာ စစ်ဖို့ဆိုတော့ လူချင်းတွေ့နိုင်တယ်”ဟု ဦးဝင်းထိန်၏ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောသည်။

ဦးဝင်းထိန်နှင့်သူ၏ရှေ့နေတို့ တရားခွင်တွင် ဗီဒီယိုကွန်ဖရန်းဇင်းစနစ်ဖြင့် တွေ့ဆုံရသည်မှလွဲ၍ ယနေ့ထိ လူချင်းတွေ့ဆုံခွင့်မရသေးပေ။

ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားလို ပြလုပ်၍ တရားစွဲသူမှာ နေပြည်တော် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူ ဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၁၂၄ (က)တွင် မည်သူ့ကိုမဆို နုတ်ဖြင် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပြည်ထောင်စုအတွက် သို့မဟုတ် ပြည်ထောင်စုအဖွဲ့ ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်း ထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင် ထိုသို့ ပြုရန် အားထုတ်လျှင် လှုံ့ဆော်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော် အာဏာကို ရယူပြီးနောက် ဦးဝင်းထိန်က သတင်းသမားတချို့ နှင့် တွေ့ ဆုံ ဖြေကြားမှုများ နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား အတွက် အာဏာသိမ်းကြောင်း၊ တရားဝင် အစိုးရ၊ ပြည်သူလူထုကနေ Mandate ပေးထားသည့်၊ ပြည်သူလူထုကနေ ရွေးချယ်ထားသည့် ပုဂ္ဂိုလ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းလိုက်ပြီဆိုကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းသွားပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်မြို့သို့ ပြန်ရောက်စဉ် ယင်းနေ့တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး နေပြည်တော်သို့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရသည်။

ဦးဝင်းထိန်သည် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်ပြီး အောင်မြင်သည့် လုပ်ငန်းရှင်တဦးအဖြစ် ရပ်တည်နေရာမှ ၁၉၈၈ ခုနှစ်တွင် NLD ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပူးပေါင်းခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ ကျခံခဲ့ရသည်။

၁၉၉၆ ခုနှစ်တွင် နောက်တကြိမ်ထပ်အဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ မန္တလေးထောင်နှင့် ကသာထောင်တို့တွင် ၂၀၁၀ ခုနှစ်အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရသည်။

ဦးဝင်းထိန်သည် စုစုပေါင်း ထောင်ထဲတွင် နှစ် ၂၀ နှင့် ၂ လ နေထိုင်ခဲ့ရပြီး ဖြစ်သည်။

You may also like these stories:

ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးပြီး အာဏာသိမ်းခြင်းဟု ဦးဝင်းထိန်ပြော

ဦးဝင်းထိန်အမှု အာမခံ လျှောက်ထားမှု ပယ်ချခံရ

Your Thoughts …
Tags: နိုင်ငံတော် အကြည်အညိုပျက်စေမှုဦးဝင်းထိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

by မောင်ကဝိ
21 June 2025
3k

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သွားကိုက်တာ၊ သွေးပေါင်ကျတာ၊ မူးဝေတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တယ်။

နိုင်ငံရေး အတိုက်အခံများစွာသည် မြန်မာနိုင်ငံမှ ထောင်များတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသော်လည်း သေဒဏ်ပေးသည့် ကိစ္စသည် နည်းပါးလှသည်။

မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း

by Bertil Lintner
29 July 2022
6.2k

အင်းစိန်တွင် နောက်ဆုံးကွပ်မျက်မှုသည် ၁၉၈၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကွပ်မျက်ခံရသည့် မြောက်ကိုရီးယား ထောက်လှမ်းရေး ဇင်မိုဖြစ်သည်။

ဦးဝင်းမြင့်အပြင် ပါတီနာယက ဦးဝင်းထိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် အခြားအသက်အရွယ်ကြီးရင့်သော NLD အဖွဲ့ဝင်များ၏ ကျန်းမာရေးသည်လည်း စိုးရိမ်စရာဖြစ်သည်

အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး စိုးရိမ်ရ

by ဧရာဝတီ
21 June 2023
7.4k

အသက် ၇၁ နှစ် ရှိပြီဖြစ်သော ဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင် ၁၂ နှစ်ချထားပြီး ပဲခူးတိုင်းတောင်ငူတွင် ဇန်နဝါရီလမှ စတင်ချုပ်နှောင်ထားသည်။

မင်္ဂလာစကား ပြောသူ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ဖွဲ့တွေ ယူတာကို သိပ်သဘောမကျသလို ဖြစ်နေကြောင်း သိရသည် / Cheery Zahau Facebook မှ

“စိန်စီသောည”ကို အမှတ်ရစေခဲ့တဲ့ နေပြည်တော်က “ထိန်ရီသောည”

by ထက်နိုင်ဇော်
8 January 2018
69k

ဦးဝင်းထိန်ရဲ့ သားဖြစ်သူ မင်္ဂလာပွဲကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေ ပွက်ပွက်ညံသွားတယ်။

ယနေ့ နံနက်အာဏာသိမ်းပြီးနောက် မြင်တွေ့ရသည့် နေပြည်တော် အခြေအနေ / ဧရာဝတီ

ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးပြီး အာဏာသိမ်းခြင်းဟု ဦးဝင်းထိန်ပြော

by ဧရာဝတီ
1 February 2021
62k

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကိုသာ ဦးစားပေးသူ” ဖြစ်ကြောင်း ယနေ့ စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်က ဝေဖန်လိုက်သည်။

Next Post
အာဏာသိမ်းသည့်နေ့က နေပြည်တော်တွင် စစ်တပ်များ ချထားခဲ့စဉ်/ဧရာဝတီ

မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်

NLD ဗဟိုကော်မတီဝင် ၃ ဦးကို သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားသည့် CCTV မှတ်တမ်း  /  PVTV

သေနတ်ထောက် ဖမ်းခံရသည့် NLD ဗဟိုကော်မတီဝင် ၂ဦး အဆက်အသွယ် ပြတ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved